
မြေပေါ် လှိမ့်ခိုင်းတာ၊ ထိုင်ခိုင်းတာ၊ ဘောလုံးကောက်ခိုင်း တာတွေဟာ ပုံမှန် အားဖြင့်တော့ စက်ရုပ် တစ်ရုပ် အတွက် အမိန့်တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ်တော်တဲ့ အရုပ် ကုမ္ပဏီ WowWeeဟာ ပါပီလေး တစ်ကောင် ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းသစ် တစ်ရပ်ကို ဖန်တီး ခဲ့ပါတယ်။
CHIP (Canine Home Intelligent Pet) လို့ခေါ်တဲ့ အသိဉာဏ်ရှိ အိမ်မွေးခွေးလေးဟာ LED မျက်လုံးအပြာရောင်လေးတွေ၊ နားရွက်ထောင်ထောင်လေးတွေ ပါရှိပြီး ထိုင်နိုင်၊ လှုပ်နိုင်၊ ကနိုင် ပြီး ခွေးတွေလုပ်နိုင်တဲ့ အသံအားလုံးကို ပြုလုပ်နိုင်တဲ့ ခွေးစက်ရုပ်လေးပါ။
စမတ်လက်ပတ်လေးကို အသုံးပြုခြင်းဖြင့် ဒီခွေးလေးက သူ့ပိုင်ရှင်နောက်ကိုလိုက်နိုင်ပါတယ်။
CHIP မှာ Mecanum ဘီးတွေကိုအသုံးပြုထားပြီး သူ့ရဲ့ဘောလုံးကို 360ံ ပတ်လည်လိုက်ရှာနိုင်ဖို့အတွက် အာရုံခံကိရိယာတွေ တပ်ဆင်ထားပါတယ်။
ပိုင်ရှင်ဝတ်ထားတဲ့ စမတ်လက်ပတ်နဲ့ ချိတ်ဆက်ဖို့ကိုတော့ Bluetooth စနစ်ကို အသုံးပြုထားပါတယ်။
Ref: Daily Mail
Original link - http://technology.thithtoolwin.com/2015/11/blog-post_14.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: