
စစ်သားတွေရဲ့ ဦးနှောက်ကို ဖတ်နိုင်ဖို့ရာ နည်းလမ်းတစ်ရပ်ကို အမေရိကန် တပ်မတော် ကနေ ပြုလုပ် ဖန်တီးခဲ့ တယ်လို့ သတင်း ရရှိပါတယ်။
တပ်မတော် အသိပညာ ဆန်းစစ်သူတွေက အချိန်များစွာပေးပြီး ဒရုန်းတွေ၊ စောင့်ကြည့်စနစ်တွေ လိုမျိုး ရင်းမြစ်များစွာကလာတဲ့ မရေမတွက်နိုင် ပုံရိပ်တွေကို လေ့လာစမ်းစစ်ခဲ့ကြပါတယ်။
ဦးနှောက်သိပံပညာရှင် ဒေါက်တာ Andthony Ries က အလိုအလျောက် ပရိုဂရမ် တစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ဒီပရိုဂရမ်က လုပ်ငန်းစဉ်ကို အရမ်းပိုမြန်အောင် လုပ်ဆောင်နိုင်ပါတယ်။
Ries က MIND Lab လို့ခေါ်တဲ့ အမေရိကန်စစ်တပ် သုတေသနအဆောက်အအုံမှာ အလုပ်လုပ်တာပါ။ MIND Lab က ဦးနှောက်လှိုင်းတွေကို ဘာသာပြန်နိုင်တဲ့ ပရိုဂရမ်တစ်ခုကို လုပ်ဆောင်နေတာပါ။ တနည်းပြောရရင် လူ့စိတ်ကို ဖတ်နိုင်တယ်ပေါ့။
စစ်သားတစ်ယောက်ကို လှေ၊ ပန်ဒါ၊ စတော်ဘယ်ရီ၊ လိပ်ပြာ၊ စတဲ့ ပုံရိပ်တွေကို ကြည့်ခိုင်းပြီး ဦးနှောက်က တစ်စက္ကန့်ထုတ်လွှင့်နှုန်းတွေကို တိုင်းတာ စစ်ဆေးခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီ့စစ်သားက လှေ အုပ်စုကို ကြည့်နေခဲ့တယ်ဆိုတာကို ပရိုဂရမ်က အဖြေထုတ်နိုင်ခဲ့ပါတယ်။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/11/blog-post_8.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: