တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 18, 2015

Messenger မှာ ပို့ပြီး တစ်နာရီ အကြာမှာ အလိုအလျောက် ဖျက်ပစ်နိုင်မယ့် ဓာတ်ပုံတွေကို Facebook မိတ်ဆက် သွားမည်




Facebook ဟာ ဒီ စွမ်းဆောင်ရည် အသစ်ကို ပြင်သစ်နိုင်ငံမှာ လက်ရှိ စမ်းသပ်လျက် ရှိပြီး တစ်ကမ္ဘာ လုံးက အသုံးပြုသူတွေထံ မကြာမီ ထုတ်ပေး သွားမှာဖြစ် တယ်လို့ သိရပါတယ်။

ဒီ feature ကို လက်ရှိ Snapchat မှာ အသုံးပြုနိုင်ပြီး user တွေအနေနဲ့ အချင်းချင်းပုံပေးပို့ ရာမှာ လက်ခံရရှိသူကို ပုံကို save မလုပ်ထားနိုင်အောင် အလိုအလျောက်ဖျက်ပစ်နိုင်ပါတယ်။

အခုအခါမှာတော့ ဆိုရှယ်နက်ဝေါ့ခ်လောကရဲ့ ဘုရင်ဖြစ်တဲ့ Facebook ဟာ အလားတူ စွမ်းဆောင်ရည် မျိုးကို Messenger မှာ ထုတ်ပေးသွားဖို့ ရှိပါတယ်။

ပြင်သစ်နိုင်ငံက Facebook သုံးစွဲသူတွေဟာ ယခုအခါမှာ ပေးပို့ ပြီး တစ်နာရီကြာပြီးနောက်မှာ အလိုအလျောက်ပျက်သွားမယ့် ဓာတ်ပုံပေးပို့ မှုစွမ်းဆောင်ရည်အသစ်ကို စတင်အသုံးပြုနေနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ အနေနဲ့ ပြင်သစ်မှာ ကနဦးအဆင့်အနေနဲ့ ယခု စွမ်းဆောင်ရည်ကို စမ်းသပ်လျက်ရှိတယ်လို့  Facebook ကလည်း အတည်ပြုပေးခဲ့ပြီး မကြာခင်ရက်ပိုင်းတစ်ခုခုမှာ တစ်ကမ္ဘာလုံးသုံးစွဲနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ယနေ့ မှစပြီး၊ ပေးပို့ ပြီးနောက် တစ်နာရီအကြာမှာ အလိုအလျောက်ပျက်သွားမယ့် မက်ဆေ့တွေကို ပေးပို့ နိုင်မယ့် feature တစ်ခုကို ပြင်သစ်မှာ အသေးစားစမ်းသပ်မှုလေးတွေ ကျွန်တော်တို့ ပြုလုပ်နေပါတယ်။

ဒီလို အလိုအလျောက်ပျောက်သွားမယ့်မက်ဆေ့တွေ ပို့ နိုင်ခြင်းက Messenger မှာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရာမှာ user တွေ ရွေးချယ် အသုံးပြုနိုင်မယ့် ပျော်စရာ
နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

user တွေအနေနဲ့ စမ်းသပ်ပြီးရင် သူတို့ ဆီက တုံ့ ပြန်ချက်တွေ ကြားရဖို့ ကျွန်တော်တို့ မျှော်လင့် ထားပါတယ်။” လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက ရေးသားထားပါတယ်။

Facebook ဟာ Snapchat ကို ၂၀၁၃ ခုနှစ်တုန်းက ဒေါ်လာ ၃ ဘီလီယံနဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သတင်း ထွက်ခဲ့ဖူးပြီး ဒီကမ်းလှမ်းမှုကို Snapchat ရဲ့ CEO Evan Spiegel က ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

Facebook ဟာ Messenger အတွက် စွမ်းဆောင်ရည်အသစ်အမြောက်အမြားကို နေ့ စဉ်လိုလို အသစ် မိတ်ဆက်ပေးလျက်ရှိပြီး မကြာသေးမီကလည်း ကိုယ့်ဖုန်းကင်မရာထဲက ဓာတ်ပုံတွေအကုန်လုံးကို စကင် ဖတ်နိုင်မယ့် feature အသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သလို spam filter ကိုလည်း ပြောင်းလဲပေးခဲ့ပါတယ်။

Ref : Mirror

Original link - http://technology.thithtoolwin.com/2015/11/messenger-facebook.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: