တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

Wireless Charging လောကကို ကိုင်လှုပ်ဖွယ် ရှိတဲ့ AirFuel Alliance




Wireless charging လောကကြီးက လွန်ခဲ့တဲ့နှစ် အနည်းငယ် အတွင်းမှာ အုပ်စုကြီး ၃စုကွဲ သွားခဲ့ ပါတယ်။

ဒီနေ့ခေတ်မှာတော့ ပြောင်းလဲ သွားပါပြီ။ အုပ်စုကြီး ၃စု အနက်က Alliance for Wireless Power နဲ့ Power Matters Alliance ဆိုတဲ့ အဖွဲ့ ၂ဖွဲ့ဟာ ပေါင်းစည်း သွားပြီးတော့ AirFuel Alliance ရယ်လို့ ဖြစ်လာပါတယ်။

AirFuel Alliance ဟာ သူ့ရဲ့ brand ထိုးဖောက်ဖို့အတွက် Intel, Samsung အပါအဝင် တခြားကုမ္ပဏီပေါင်း ၁၅၀နဲ့ လက်တွဲထုတ်လုပ်သွားဖို့ရှိပါတယ်။

သူ့မှာ ပြိုင်ဘက်ဆိုလို့ တစ်ဦးတည်းကျန်ခဲ့တဲ့ Wireless Power Consortium ပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့လည်း လွယ်လွယ်နဲ့တော့ မနိုင်နိုင်ပါဘူး။ လက်တွဲလုပ်ဆောင်မယ့် ကုမ္ပဏီကြီးတွေကလည်း ဘယ်သူသာပြီး ထိုးထွက်လာမလဲဆိုတာကို စောင့်ကြည့်နေပါတယ်။ ဒါကလဲ ဖြစ်သင့်တာပါပဲ။

အနာဂတ်မှာ ကျွန်တော်တို့ရဲ့ ဖုန်းတွေကို ဘယ်လို Wireless အားသွင်းလို့ရမလဲ ဆိုတာကို သေသေချာချာတော့ မသိရသေးပါဘူး။ ကော်ဖီဆိုင်တစ်ဆိုင် သွားလို့ ဖုန်းကလည်း အားနည်းနေပြီဆိုရင်၊ ပိုင်ရှင်တွေက Wireless Charging နဲ့ ဖြေရှင်းပေးနိုင်လိမ့်မယ် ထင်ပါတယ်။ Wi-Fi Free ရတဲ့ ကော်ဖီဆိုင်လေးတွေ များလာသလိုမျိုးပေါ့။

Ref:TheVerge

Original link - http://technology.thithtoolwin.com/2015/11/wireless-charging-airfuel-alliance.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: