
သင်အခု သုံးနေတဲ့ iPhone 6s ဒါမှ မဟုတ် 6s Plus မှာ သက်ဝင် လှုပ်ရှားနေတဲ့ ဓာတ်ပုံတွေ မြင်တွေ့နိုင်မှာ မဟုတ် တော့ပါဘူး၊ အခုဆိုရင် အဲ့ဒီလိုမျိုး ၀န်ဆောင်မှု ရနိုင်ဖို့ အတွက် နည်းလမ်းတွေ ရှိလာပြီ ဖြစ်ပါတယ်၊
အခုဆိုရင် သက်ဝင် ဓာတ်ပုံဆိုတဲ့ ၀န်ဆောင် မှုလေးတွေ ရှိနေတယ် ဆိုတာကို iPhone 6s သုံးတဲ့ လူတွေ တော်တော် များများ သိပြီး ကြမှာပါ၊
သက်ဝင် ဓာတ်ပုံ (Live Photos) ဆိုတာ ကတော့ ဓာတ်ပုံ မရိုက်ခင် ၁.၅ စက္ကန့် အလိုက အဖြစ် အပျက်လေး တွေကိုပါ မှတ်တမ်းတင် ထားပေးတဲ့ Apple ရဲ့ ၀န်ဆောင်မှု တစ်ခု ဖြစ်ပါတယ်၊ ဒီဓာတ်ပုံလေးတွေအပေါ်ကို လက်ကလေးနဲ့အသာဖိထားလိုက်တာနဲ့ ထိုအဖြစ်အပျက်လေးတွေကိုပါ ရောပြပေးတာဖြစ်ပါတယ်၊

အခုတော့ Facebook သုံးစွဲ သူတွေဟာ သက်ဝင် ဓာတ်ပုံ တွေကို iOS app တွေနဲ့ ကြည့်လို့ ရပြီ ဖြစ်ပါတယ်၊ တကယ်လို့ iPhone ဒါမှ မဟုတ် iPad သုံးစွဲ သူတွေဟာ နောက်ဆုံးထွက် မော်ဒယ် မဟုတ်တောင်၊ နောက်ဆုံးထွက် software iOS 9 ကိုတော့ ထောက်ပံ့ ထားမှသာ သက်ဝင် ဓာတ်ပုံတွေကို ကြည့်လို့ ရမှာ ဖြစ်ပါတယ်၊
သက်ဝင်ဓာတ်ပုံ ဟာဆော့ဖ်ဝဲ တွေ အတွက်တော့ ကြီးမားတဲ့ ခြေလှမ်း တစ်လှမ်း ဖြစ်ခဲ့ပေမယ့် ၄င်းကို အသုံးပြုမယ် ဆိုရင် သတိတော့ နည်းနည်းထား ရမယ်လို့ ဆိုပါတယ်၊ ဓာတ်ပုံ အရိုက် မကောင်းရင် သက်ဝင် ဓာတ်ပုံ ကောင်းကောင်း ထွက် မလာနိုင်လို့ ဖြစ်ပါတယ်၊
မီဒီယာတွေ ကတော့ သက်ဝင် ဓာတ်ပုံ ဟာ Harry Potter ထဲက အသက်ဝင်နေ၊ လှုပ်ရှားနေတဲ့ မှော်ဓာတ်ပုံ လေးတွေနဲ့ တူတယ်လို့ ချီးမွန်း ကြပါတယ်၊
Ref : Mirror
Originally published at - http://technology.thithtoolwin.com/2015/12/apple-facebook.html

ကျေးဇူးတင်ပါသည်။ကိုဆိုင်မွန်
ReplyDelete