တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 10, 2015

Photoshop Lightroom ကို Android စနစ်အတွက် အခမဲ့ ရယူနိုင်ပြီ




Adobe ကုမ္မဏီဟာ Photoshop Lightroom ဆိုတဲ့ App ကို iOS စနစ် အသုံးပြု သူတွေ အတွက် အခမဲ့ သုံးစွဲခွင့် ပေးခဲ့ပြီး ၂ လခန့် အကြာမှ ထပ်မံကြေညာ ခဲ့တာကတော့ Android အသုံးပြု သူတွေ အတွက်လည်း အခမဲ့ ရယူခွင့် ပေးလိုက်ပြီ ဆိုတာပါပဲ။

ဒါကြောင့် Adobe Photoshop Lightroom 1.4 ကို Android စနစ်သုံး ကိရိယာတွေ အတွက် Google Play မှာ အခမဲ့ ရယူနိုင်ပြီ ဖြစ်ပါတယ်။



ဓါတ်ပုံတည်းဖြတ်တဲ့ App ဖြစ်တဲ့ Photoshop Lightroom ဟာ အရင်တုန်းကတော့ အသုံးပြုမယ့် သုံးစွဲသူတွေအနေနဲ့ Creative Cloud Subscription တစ်ခု လိုအပ်ခဲ့ပါတယ်။ အခုလို ကုမ္မဏီက အခမဲ့ သုံးစွဲခွင့် အဖြစ်ပြောင်းလိုက်တဲ့အခါမှာ အရင် Subscription ပေးပြီး သုံးစွဲခဲ့သူတွေဟာ သူတို့ရဲ့ ကိရိယာတွေနဲ့ Lightroom Web ရဲ့ကြားမှာ အရင်ဒေတာ ဆက်လက်သုံးစွဲခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

အရင်တုန်းကတော့ Creative Cloud Subscription ဈေးနှုန်းဟာ တစ်လကို ၉.၉၉ ဒေါ်လာ ကျသင့်ခဲ့ပါတယ်။ ဗားရှင်း အသစ်မှာ ပြောင်းလဲလာတာ တစ်ခုက အသုံးပြုသူတွေကို ဓါတ်ပုံတွေကို Edit လုပ်ဖို့အတွက် တစ်ချက်ထိ ထိန်းချုပ်မှု တွေများစွာ ကိုပေးသုံးတော့မှာပါ။ လက်ရှိမှာတော့ Lightroom ဟာ Snapseed နဲ့ Pixlr တို့နဲ့ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နေခဲ့ရတာလည်းဖြစ်ပါတယ်။

အခုလက်ရှိအချိန်ထိ Adobe Photoshop Lightroom 1.4 ဆိုတဲ့ App ကို Google Play ကနေ ဒေါင်းလုဒ် ဆွဲခြင်း အကြိမ် ၁ သန်းကျော်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Ref : Gadgets 360

Original link - http://technology.thithtoolwin.com/2015/12/photoshop-lightroom-android.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: