တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, January 4, 2016

မာ့ခ်ဇူကာဘတ် ကလေးထိန်း စက်ရုပ် တီထွင်မည်




ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာကို တည်ထောင်သူ မာ့ခ်ဇူကာဘက်ဟာ မွေးကင်းစ သမီးငယ်ကို ထိန်းသိမ်းပေးမယ့် ကလေးထိန်း ရိုဘော့ စက်ရုပ်ကို တီထွင်တော့မှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောလိုက် ပါတယ်။

သူဟာ မကြာသေးခင်ကမှ သမီးလေးတဦးမွေးဖွားခဲ့တာဖြစ်ပြီး ကလေးငယ်ကို ထိန်းသိမ်းနိုင်ဖို့ ရိုးရှင်းပြီး စိတ်ကူးဉာဏ်ရည်မြင့် အိမ်သုံးရိုဘော့စက်ရုပ်တီထွင်ဖို့ စီစဉ်ခဲ့တာလို့ ဒေးလီးရက်ကော့ဒ်သတင်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့က ဖော်ပြပါတယ်။

အဲဒီ အကြောင်းအရာအစီအစဉ်ကို ဇူကာဘက်ဟာ သူ့ရဲ့ နှစ်သစ်မှာလုပ်ဆောင်မယ့် ဆုံးဖြတ်ချက်ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာမှာ ဖော်ပြလိုက်တာပါ။

အဲဒီရိုဘော့စက်ရုပ်ဟာ ကလေးထိန်းသိမ်းရေး လုပ်ဆောင်မှုတွေအပြင် တခြား အိမ်အလုပ်တွေမှာပါ လုပ်ဆောင်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး သူ့အတွက် ဒါဟာ နှစ်သစ်အတွက် ကိုယ်ရေးကိုယ်တာ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ပြောပါတယ်။

“ရိုဘော့စက်ရုပ်ကို ကျနော့်အသံနဲ့ အမိန့်ပေးပြီး အိမ်အတွင်းက မီးအဖွင့်အပိတ်၊ အခန်းတွင်းအပူချိန်၊ ဂီတစတာတွေကို စေခိုင်းနိုင်ဖို့ လုပ်နေပါပြီ”လို့ သူက အင်တာနက် စာမျက်နှာပေါ်မှာ ရေးလိုက်တာပါ။

“ကျနော်က မက်စ်(ကလေးငယ်)ရဲ့ အခန်းမှာ မရှိချိန်မှာ တခုခုဖြစ်ရင် ကျနော့်ကို အသိပေးဖို့ သွားရောက်စစ်ဆေးနိုင်ဖို့ (စက်ရုပ်ကို)သင်ပေးနေပါတယ်။”

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/129664


No comments: