တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 24, 2016

Google မှ Apple သို့ ဒေါ်လာ ၁ ဘီလီယံ ပေးထား




ကမ္ဘာ့ လူသုံး အများဆုံး search engine ဖြစ်တဲ့ Google ဟာ ၂၀၁၄ ခုနှစ်မှာ Apple ထံသို့ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ပေးခဲ့ကြောင်း သိရပါတယ်။

ဘာကြောင့်လဲဆိုရင် အွန်လိုင်းမှ ရှာဖွေမှုများတွင် Google Search Engine ကို အသုံးပြုရန် သဘောတူ ထားလို့ပါပဲ။ ဒါ့အပြင် Apple မှ ထုတ်လုပ် ထားတဲ့ ပစ္စည်း တိုင်းမှာ Google Search Engine ကို အသုံးပြုပေးဖို့ အတွက်လည်း သဘောတူ ထားရပါတယ်။

အခုလို Google နဲ့ Apple တို့ရဲ့ ငွေပေးချေမှု သဘောတူညီ ချက်တွေကို အပြင်သို့ ပေါက်ကြားခွင့် မပြုရပဲ နှစ်ဦးသဘောတူ လျှို့ဝှက်ချက် အနေနှင့်သာ ထားရှိ ရပါတယ်။

ဒါပေမဲ့ အခုလို Google အနေနဲ့ Apple ကို 2014 ခုနှစ်က ငွေပေးထား ရတယ်ဆိုတဲ့ လျှို့ဝှက်တွေ ထွက်ပေါ် လာခြင်းဟာ Oracle နဲ့ Google တို့ရဲ့ Bloomberg မှာပြုလုပ်ခဲ့တဲ့ စကားရည် လုပွဲကြောင့် ဖြစ်ပါတယ်။

Apple အနေနဲ့ အွန်လိုင်းမှ သတင်း အချက် အလက် ရှာဖွေခြင်းများပြုလုပ်ဖို့ အတွက် Google Search Engine ကို အသုံးပြုခွင့် ပေးထားတဲ့ သဘော တူညီမှုဟာ ၂၀၁၅ ခုနှစ် အကုန်မှာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒီအတွက်ကြောင့် Apple အနေနဲ့ အခြား search engine များဖြစ်တဲ့ Microsoft နဲ့ Yahoo တို့နဲ့ ဆွေးနွေးကာ Apple Device များတွင် အွန်လိုင်းမှ သတင်း အချက်အလက် ရှာဖွေခြင်းများတွင် အသုံးပြုဖို့ စီစဉ်နေ ပါတယ်။

ဒါပေမဲ့ မရှင်းလင်းသေးတဲ့ အချက်တစ်ချက်က Apple အနေနဲ့ google နဲ့ ဆက်လက် လက်တွဲမလား ဆိုတာကိုဘယ်သူမှ မသိကြပါဘူး။

အကယ်၍ Apple ဟာ Google နဲ့ လမ်းခွဲပြီး အခြား search engine များဖြစ်တဲ့ Yahoo Search ဒါမှ မဟုတ် Microsoft ရဲ့ Bing တို့ကို Apple ရဲ့ iOS Device တိုင်းမှာ ထည့်သွင်း အသုံးပြုစေ ချင်လား ဒါမှမဟုတ် Google နဲ့ ဆက်လက်ပြီး လက်တွဲစေ ချင်လား ဆိုတာ Comment ပေးကြည့်ကြပါအုံး။

Ref : Hacks

Aung Ko Htet (MMA)

Originally published at - http://www.myanmarmobileapp.com/


No comments: