Android ဖုန်းတွေ မကြာခဏ Hang နေရခြင်း
ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေ ရတာလဲ ဆိုတာ အကြောင်း အရင်း များစွာ ရှိပါတယ်။ CPU နိမ့်နေတာ ကြောင့်လဲ ဖြစ်နိုင် ပါတယ်။ ဖြစ်နိုင်ဆုံး အခြေ အနေ ကတော့ ဖုန်းမှာ ပါတဲ့ Built-in Memory လို့ ခေါ်တဲ့ Memory ပမာဏ နည်းတဲ့ ဖုန်းတွေက ပို Hang တတ်ပါတယ်။
ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ? Built-in Memory နည်းတဲ့ ဖုန်းတွေက CPU နည်းပါတယ်။ Built-in Memory က နည်းနေတဲ့ အတွက် External Memory ထပ်ထည့် ရပါတယ်။ External Memory 8GB, Built-in Memory က 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ Hang နေတယ်။
ဘာကြောင့်လဲ ဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application တွေ များနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်းထား တာကြောင့်လဲ ဖြစ်နိုင် ပါတယ်။
နောက်တစ်ခုက External Memory 8GB ကို 7GB လောက် Data တွေ ထည့်ထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။
အဲ့ဒီလို အခြေ အနေမျိုးမှာ ဖုန်းက OS ကိုလဲ Run နေ ရတယ်။ တစ်ခြား Application တွေ ကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွားတဲ့ အခါ တစ်ခါ တလေ Hang တတ်ပါတယ်။
Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ?
ရှင်းပါတယ်၊ သူလုပ်နိုင် သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်းတဲ့ အတွက် သူရဲ့ အလုပ် လုပ်နိုင် စွမ်းလည်း နည်းပါတယ်။
ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ် ဆိုပါစို့။ အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ်ပါတယ်။
နဂိုထဲက Memory နည်းနေတဲ့ အတွက် Application အများကြီး သွင်းလို့ မရပါဘူး။ ဖုန်းထုတ်တဲ့ လူတွေက ဒါကို တွက်ချက် ပေးပြီးသားပါ။
Applicationတွေကို အစ ကတည်းက လိုအပ် သလောက် ထည့်ပေးပြီးသားပါ။
User လက် ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ ရအောင် Memory ချန်ပေး ထားတာပါ။
Built-in Memoryပေါ်မှာ Android Osကလဲ အလုပ် လုပ်နေတယ်၊ Application တွေကလဲ အလုပ်လုပ် နေပါတယ်။ Built-in Memory နည်းတဲ့ ဖုန်းတွေကို External Memory တတ်နိုင် သမျှ အများဆုံး ထည့်ပါ။
Applicationတွေ လိုအပ် သလောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recent တွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထား ပါနဲ့ ဖျက်လိုက်ပါ။
တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့် ထားဖို့ မလိုအပ်တဲ့ အချိန်တွေမှာ ဖုန်းကို ခဏ ပိတ်ထားပါ။
ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ် ပိုလုပ် ပါတယ်။ ကွန်ပျုတာက အလုပ် လုပ်ပြီးရင် ပိတ်တဲ့ အချိန်တွေ ရှိပါတယ်။
ဖုန်းကို Power ပိတ်တဲ့ အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေး သင့်ပါတယ်။ စက်ပစ္စည်း ဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေ ယူပြီး တီထွင် ထားတာပါ။
သူတို့လဲ လူတွေလို အနားပေး သင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင် ဘယ်အရာပဲ ဖြစ်ဖြစ် ပျက်စီး လွယ်ပါတယ်။
ဒီလို နည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင်ဆုံး ဖြေရှင်း လို့ ရပါတယ်။
Credit: http://www.forumformyanmar.com
Originally published at - http://www.forumformyanmar.com
No comments: