တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 2, 2016

ကိုယ်ပိုင်လျှပ်စစ် ထုတ်လုပ် သုံးစွဲနိုင်ပြီး အလိုအလျောက် အားသွင်းနိုင်သည့် ဘက်ထရီ (ရုပ်သံ)




ချီလီက လူငယ် တီထွင် ပညာရှင်သာ အောင်မြင် ခဲ့မယ်ဆိုရင် ပင်မ ဓာတ်အား လိုင်းကို သုံးစရာ မလိုတဲ့ အဖြစ်က မကြာခင် ဖြစ်လာဖို့ ရှိပါတယ်။

မန်နျူရယ်မတ်တာဟာ အီလီဟုမ်းဆိုတဲ့ အသိဉာဏ်ရှိ လစ်သီယမ် ဘက်ထရီ ထုတ်လုပ်တဲ့ အီလီဘက် ကုမ္ပဏီရဲ့ စီအီးအို ဖြစ်ပါတယ်။ ချီလီတက္ကသိုလ်နဲ့ တွဲဖက် တီထွင်ခဲ့တဲ့ အတွက် အိမ်ထောင်စုတိုင်း အဖို့ ကိုယ်ပိုင် မီးလိုင်းတွေ သွယ်တန်းပြီး ကိုယ့်လျှပ်စစ် ကိုယ်သုံးနိုင်မှာမို့ သန့်ရှင်း စွမ်းအင် သုံးစွဲမှုကို တော်လှန်ပြောင်း လဲနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။

ရှေ့လူတွေ ထုတ်ခဲ့တဲ့ ဘက်ထရီနဲ့ မတူတာက ဒီဘက်ထရီဟာ အလိုအလျောက် အားသွင်းနိုင်စွမ်း ရှိတာမို့ ကိုယ်ပိုင် လျှပ်စစ်လိုင်းနဲ့ နေရောင်ခြည် ကနေ စွမ်းအင်ကို လိုအပ်သလို သိုလှောင် ထားနိုင်တဲ့ အပြင် ပိုလျှံတဲ့ စွမ်းအင်ကိုပါ ရောင်းစားနိုင်မှာ ဖြစ်ပါတယ်။

“ဒီစနစ်မှာ အရေးအပါဆုံး အချက်က ဆိုလာပြားတွေနဲ့ အားသွင်းနိုင် တာပဲ ဖြစ်ပါတယ်။ မီးအားမသုံးတဲ့ နေ့ဘက် အချိန်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ နေရောင်ခြည်ကို ဘက်ထရီ ထဲမှာ သိုလှောင် ထားပြီး ညဘက်နဲ့ မွန်းလွဲ ပိုင်းမှာ ပြန်သုံးနိုင်ပါတယ်။

တကယ်တော့ ကိုယ့်ရဲ့စွမ်းအင်က ပိုထိရောက် သလို ပိုပြီး ဈေးချို သွားပါတယ်။ ဘာလို့လဲ ဆိုတော့ နေရောင်ခြည်ကို လူတိုင်း တန်းတူ အလကား ရပြီး စီမံခန့်ခွဲနိုင်လို့လေ။”

ဒီဘက်ထရီက အိမ်သုံး လျှပ်စစ်လိုင်းကို ပံ့ပိုးပေးရုံ မက အားကုန်မသွား ရအောင် အားသွင်း aပးနိုင်ပါတယ်။ တပ်ဆင်ပြီး တာနဲ့ လည်ပတ်မှုပိုင်းက လွယ်ကူပါတယ်။

ဘယ်နည်းနဲ့ ဖြစ်ဖြစ် ဓာတ်အား ပြတ်တောက် သွားတာနဲ့ အိမ်တွင်း မီးအားလုံးကို ဓာတ်အား ထောက်ပံ့ပေးဖို့ ဘက်ထရီထဲက ဆင်ဆာကို လှုံ့ဆော် ပေးမှာပါ။

မတ်တာကတော့ အီလီဟုမ်းက အိမ်တွင်း လျှပ်စစ် ဓာတ်အား အသုံးကို ထောက်လှမ်းပြီး စွမ်းအင် သုံးစွဲမှု အမြဲသတိထား မိတဲ့ အလေ့အထကို တည်ဆောက် ပေးမယ်လို့ ဆိုပါတယ်။

ဆဲလ်ဖုန်းကနေ စောင့်ကြည့်နေနိုင် သလို ငလျင်နဲ့ တခြား အရေးပေါ် အခြေအနေ ဖြစ်နေချိန်မှာ ဒီဘက်ထရီကို လိုရာ သယ်သွားနိုင်မှာပါ။ တီထွင် သူတွေကတော့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖွေနေပြီး သိပ်မကြာ ခင်မှာ အီလီဟုမ်းကို ဈေးကွက်ဖြန့်နိုင်ဖို့ မျှော်လင့် ထားပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/133722


1 comment: