တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 28, 2016

အမေးများသော မိုဘိုင်းဖုန်း ဆိုင်ရာ ပြဿနာများ




☻မေး - X.Bo ဖုန်း Firmware တင်နည်းဖြစ်သည်။

☺ဖြေ - X.Bo Firmware သည် SP. Flash Tool နဲ့ ရေးပါသည်။ Firmware သည် (.txt) နဲ့ လာပါသည်။ လွယ်ပါသည်။ အဓိက အချက်ကတော့ Display Error ပြဿနာပါ။ အခုတော့ လွယ်သွား ပါပြီ။ Firmware File ထဲမှာပါလာတဲ့ U Boo T File ကို အမှန်ခြစ် ဖြုတ်ပါ။ ဒါဆို OK သွားပါပြီ။ မှတ်ချက် - Firmware မတင်ခင် U Boo T ဖြုတ်နော်။

☻မေး - ကျွန်တော့် ဖုန်းလေးက iPhone 5S လေးပါ။ ကျွန်တော့် ဖုန်း Passcode ကို ဂဏန်းတွေနဲ့ မပေးဘဲ အက္ခရာ တွေနဲ့ ပေးချင် လို့ပါ။ အဲ့လို Passcode ကို အက္ခရာနဲ့ ပေးလို့ရ လားခင်ဗျာ။ ပေး လို့ရရင် ပေးနည်းလေး သိချင်ပါတယ်။

ဖြေ - ဟုတ်ကဲ့။ iPhone Passcode ကို ဂဏန်းနဲ့ မဟုတ်ဘဲ အက္ခရာနဲ့ Passcode ပေးလို့ရ ပါတယ်။ iPhone ရဲ့ Setting ထဲကို ၀င်ပါ။ Touch ID & Passcode ထဲကို ၀င်ပါ။ Simple Passcode ကို Off ပါ။ Turn Passcode ကို On ကိုနှိပ်ပါ။ အက္ခရာနဲ့ Passcode ပေးခိုင်း ပါလိမ့်မယ်။ မိမိ ကြိုက်နှစ် သက်ရာ အက္ခရာနဲ့ Passcode ပေးလိုက်ပါ။ ပြီးလျှင် ဖုန်းကိုLock ချ ကြည့်ပါ။ Lock ပြန်ဖွင့်ကြည့်ပါ။ အက္ခရာနဲ့ Passcode ဖွင့်လို့ ရပါပြီ။

☻မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Y- 511 Huawei အမျိုးအစား ပါဗျာ။ ရုပ်ထွက်မလာဘူးဗျ။ LCD က ဖွေးနေတယ်။ ဘယ်လို လုပ်ရမလဲဗျာ။

ဖြေ - Y- 511 တွေမှာဆိုရင် Coil, Condencer, Diocle တို့က Backlight အ ပိုင်း မှာ အဓိက လုပ်ဆောင် ပါတယ်။ အခုလို LCD ဖွေးနေတာ ကတော့ LCD Connector နားက Fuse လုံးကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ Fuse လေးတွေကို သေချာ လဲလှယ်ပေးလိုက်ရင် အဆင်ပြေ သွားပါ လိမ့်မယ်။

☻မေး - ကျွန်တော်ကတော့ iPhone 5S ကိုင်ပါတယ်။ လက်ဗွေ စနစ် ကိုပါ အသုံးပြုထား ပါတယ်။ ပြီးနောက် ကျွန်တော် Soure Add ပြီးနောက် Data တစ်ခုကို Install လုပ်တဲ့အချိန်မှာ Reset ကျသွား ပြီး ပြန်တက်လာတဲ့ အချိန်မှာ လက်ဗွေ စနစ် အလုပ် မလုပ်တော့ ပါဘူး။ Password ကလည်း ကျွန်တော် မမှတ်မိတော့ဘူး ဖြစ်နေတယ်။ ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးပါဗျာ။

☺ဖြေ - အစ်ကို့ရဲ့ Device ကို အရင်ဆုံး Update လုပ်ကြည့် လိုက်ပါ။ Update ပြီးမြောက် သွားတဲ့ အခါကျရင် လက်ဗွေ စနစ်ရော Passcode စနစ်ပါ ပျက်သွား ပါလိမ့်မယ်။ အဆင် မပြေခဲ့ ရင်တော့ Update Firmware ကို တင်ကြည့် လိုက်ပါ။ အထဲမှာ ရှိတဲ့ Data တွေတော့ အကုန်လုံး ပျက်သွား ပါလိမ့်မယ်။ iCloud ခံထား ခဲ့မယ် ဆိုရင်တော့ Password ကိုတော့ မှတ်မိရမှာ ဖြစ်ပါတယ်။

☻မေး - ကျွန်တော်ကတော့ G- 610 ကို ကိုင်ပါတယ်။ ဖုန်းထဲမှာရှိတဲ့ China Software တစ်ခုကို ဖျက်လိုက် မိပါတယ်။ ဖျက်ပြီးတဲ့ နောက် ပိုင်း ဘယ် Software ထဲကို ၀င်ဝင် စာတန်း တစ်ကြောင်း ပေါ်လာ ပြီး Error ပြနေ ပါတယ်။ OK ကိုနှိပ်လည်း ခဏခဏ ပြန်ပေါ်နေ ပါတယ်။ ဘယ်လိုဖြေရှင်း ရမလဲဆိုတာကို သိချင် ပါတယ်။

☺ဖြေ - ဟုတ်ကဲ့ပါ အစ်ကို။ များသော အားဖြင့် ဖုန်းထဲမှာရှိတဲ့ Original Software တွေကို ဖျက်လို့ မရပါဘူး။ ဖျက်ခဲ့မယ် ဆိုရင်လည်း Error တက် နိုင်ပါတယ်။ အစ်ကို လုပ်လို့ ရတာကတော့ Setting ထဲကို ၀င်ပြီး Backup & Reset ကိုနှိပ် လိုက်ပါ။ Factory Data Reset ကိုနှိပ် လိုက်ပါ။ အစ်ကို့ရဲ့ Device ထဲက Data တွေတော့ ပျက်သွား မှာပါ။ Memory Card ထဲ Data တွေ တော့မ ပျက်ပါဘူး။ Reboot ကျသွားပြီး ပြန်တက် လာတဲ့ အချိန် ကျရင် အဆင်ပြေ သွားမှာပါ။

☻မေး - ကျွန်တော့်ဖုန်းက G 610ပါ။ Touch ပြားလဲလိုက်ပြီးမှ Network မသိတော့လို့ပါ။ ကူညီပါဦးခင်ဗျာ။

☺ဖြေ - G 610 မှာ Touch ပြားလဲရင် ဂရုစိုက်စေ ချင်ပါတယ်။ Body Cover လဲလိုက် ရင်တော့ ရတတ် တာမျိုး ရှိပါတယ်။ Network ငုတ်လေး တွေကျိုး / မကျိုးကိုလည်း စစ်ဆေး သင့်ပါတယ်။ ကျိုးနေရင် အသစ် လဲလှယ် ပေးလိုက်ပါ။ အဆင်ပြေပါစေ။

☻မေး - Huawei 730U00 တစ်လုံး Earpiece မကောင်းလို့ပါ။ လဲချင် ပါတယ်။

☺ဖြေ - ကျွန်တော်က Earpiece ကိုလဲလှယ်ပေးပေမယ့် ဖုန်းက Speaker မှာ အသံမထွက် တော့ပါဘူး။ တစ်ခါ Speaker ထပ်လဲပေး ရပါတယ်။ ပြောချင်တာက Earpiece ဟာ Speaker ကြောင့် Error တက်ပါတယ်။ Earpiece က တကယ်တမ်း ကောင်းပါတယ်။ Earpiece ကို သူ့ Original ပဲ ပြန်ထည့်တော့ အဆင်ပြေ ပါတယ်။ Speker ကြောင့်လည်း Earpiece မှာ မကောင်းဘူး ဆိုတာလည်း ရှိပါတယ်။

Today Mobile
ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီ ပံ့ပိုး ပါသည်။

NetGuide Journal (Every Wednesday)

Originally published at - https://www.facebook.com/officialnetguidejournal


No comments: