တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, April 4, 2016

ဒေါ်လာ ၅ သောင်းကျော် ကုန်ကျခဲ့သည့် ဟောလီးဝုဒ် မင်းသမီး ပုံစံတူ စက်ရုပ်




အမေရိကန် ဟောလီးဝုဒ် ရုပ်ရှင် မင်းသမီး တဦးကို ပုံစံ ယူထားတဲ့ စက်ရုပ် တခုကို ဟောင်ကောင်က စက်ရုပ် ၀ါသနာရှင် တဦးက တီထွင် ထုတ်လုပ် လိုက်ပါတယ်။

အချိန် ၁ နှစ်ခွဲ ယူခဲ့ပြီး အမေရိကန် ဒေါ်လာ ၅ သောင်းကျော် ကုန်ကျခဲ့တဲ့ လူသား အရွယ် စက်ရုပ်ကို Mart 1 လို့ အမည်ပေး ထားပြီး ပရိုဂရမ် ထည့်သွင်း ထားတဲ့ မေးခွန်း တချို့ကို ဖြေဆိုနိုင် တယ်လို့ ထုတ်လုပ်သူ ရစ်ကီမာ (Ricky Ma) က ပြောပြ ပါတယ်။

ဒီစက်ရုပ်ကို သူ ထုတ်လုပ် လိုက်တဲ့ အကြောင်း ကတော့ သူလည်း တခြားကလေး တွေလိုပဲ ငယ်ငယ် ကတည်းက Transformer လို စက်ရုပ် ဇာတ်ကားတွေ၊ animation တွေ၊ ဂိမ်းတွေ၊ ကာတွန်း ကားတွေကို အလွန် ကြိုက်နှစ်သက် ခဲ့ပြီး တချိန်မှာ သူကိုယ်တိုင် တီထွင်ဖို့ ဆန္ဒရှိ ခဲ့တယ်လို့ ရစ်ကီမာက ပြောပြပါတယ်။

တခြားလူတွေကလည်း သူ့ရဲ့တီထွင်မှု အပေါ် ထင်မြင်မှုအမျိုးမျိုး ပေးခဲ့ကြပြီး စက်ရုပ်ကို တီထွင်ခဲ့တဲ့ ကာလမှာလည်း အားလုံး စင်းလုံးချော မရှိခဲ့ ပါဘူးလို့ မာက ပြောပြပါတယ်။

စက်ရုပ် ကိုယ်ထည်ကို 3D-Printing နဲ့ အချိုးကျကျ ထုတ်ခဲ့ပြီး တီထွင်ရင်း လျှပ်စစ်မော်တာ လောင်သွားတာ၊ တခါတလေ စက်ရုပ်က ကျွမ်းပစ် ကျတာတွေလည်း ရှိခဲ့ တယ်လို့ ပြောပါတယ်။

ဒီစက်ရုပ်မလေးကို တချိန်မှာ ဈေးကွက်တင် ရောင်းချနိုင် မယ်လို့ မျှော်လင့် ထားပြီး သူရရှိခဲ့တဲ့ အတွေ့ အကြုံတွေကို တခြားစက်ရုပ် ၀ါသနာရှင်တွေ အတွက် စာအုပ် တအုပ်လည်း ရေးသား ထုတ်ဝေဖို့ ဆန္ဒရှိတယ်လို့ မာက ပြောဆိုပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/142966



No comments: