တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, April 8, 2016

ကြီးမားပြီး ကူးလို့ မရဖြစ်နေတဲ့ ဖိုင်တွေကို ဘယ်လို ကူးကြမလဲ




သင့်အနေနဲ့ အလွန် ကြီးမားတဲ့ ဖိုင်တွေကို USB ထဲ ထည့်သွင်းမယ်ဆို အခက် အခဲ ဖြစ်နေ တတ်ပါတယ်။ တကယ်လည်း 4GB ကျော်တဲ့ ဖိုင်တွေကို USB ထဲ ထည့်သွင်းမယ် ဆိုရင် USB က လက်မခံ ပါဘူး။ ဒါတွေကို ဘယ်လို ကူးထည့်မလဲ။ လွယ်ပါတယ်။

ကျွန်တော် ကိုယ်တိုင် ဒီအခက် အခဲ ကြုံတွေ့ ဖြေရှင်းနိုင် ခဲ့လို့ သင့်အနေနဲ့ ဒီလို အခက်အခဲ မျိုးကို ဘယ်လို ကျော်လွှား နိုင်တယ် ဆိုတာကို တင်ပြပေး လိုက်ပါတယ်။

အမှန်တော့ ဒီဖြစ်ရပ်ဟာ 4GB နဲ့ အထက် ဖိုင်တွေ မှာသာ ဖြစ်တတ် တာပါ။ 4GB နဲ့ ဖိုင်တစ်ဖိုင်ကို ကော်ပီဆွဲပြီး ကူးထည့် ကြည့်လိုက်ရင် အောက်မှာ ပြထားသလို စာတန်းလေး ပေါ်လာ တတ်ပါတယ်။


တချို့ USB တွေ ကတော့ 4GB ကျော် 5GB လောက်ထိ လက်ခံပြီး ကျွန်တော့် USB ကတော့ 6GB က စလို့ လက်မခံတာ ဖြစ်ပါတယ်။

အမျိုးအစားပေါ် လိုက်ပြီး ကွဲပြားနိုင် ပါတယ်။ 4GB မကျော် ရင်တော့ Copy/Cut လုပ်ပြီး ကူးလိုက် ရုံပါပဲ။ ဖိုင်ဆိုက် အကြီးတွေကိုကူးဖို့ အတွက် ဖြေရှင်းပုံ ကတော့ ရိုးရှင်း လွယ်ကူ ပါတယ်။

သင့်အနေနဲ့ FAT32 ဖိုင်စနစ်ကို NTFS ဖိုင်စနစ် အဖြစ်ပြောင်းရုံပဲ ဖြစ်ပါတယ်။

တစ်ခု သတိပြု ရမှာက Windows 95 တို့ 98 တို့ အပါ အဝင် Window Millennium တွေမှာ NTFS ဖိုင်စနစ်က ထောက်ပံ့ ထားခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီ Window တွေကလည်း သုံးတဲ့သူ တော်တော် ရှားသွားပါပြီ။

နောက်ဆုံး ထွက်ရှိထားတဲ့ Windows 10, Windows 8, Windows 7 အပါအဝင် တခြား Windows 2000, Windows XP, Windows Vista တို့မှာတော့ NTFS စနစ်ကို ထောက်ပံ့ ပေးထားပါတယ်။

ကဲကျွန်တော်တို့ ဘယ်လိုကူးထည့်ကြမယ်ဆိုတာကို လုပ်ကြည့်ကြရအောင်။

အရင်ဆုံး အပေါ်မှာ ပြထား သလို ကူးလို့ မရဘူး ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း လုပ်ကြည့်ပါ။ အရင်ဆုံး သင့် အနေနဲ့ ကွန်ပျူတာ Folder ထဲကို ဝင်ရမှာပါ။ အထဲမှာ သင့်စက်ထဲမှာ အလုပ် လုပ်နေတဲ့ အရာတွေကို ဖော်ပြ ပေးထားမှာ ဖြစ်ပါတယ်။

အဲ့ဒီအထဲက သင့်USB စိုက်ထားတဲ့ Disc F: Folder မှာ Right Click ထောက်လိုက်ပါ။ အဲ့အခါကျရင် Menu ဘားထဲက Formet ကိုရွေးချယ်ရမှာပါ။



Formet ကိုနှိပ်လိုက်ရင်ဒီ Box ကလေး ကျလာမှာဖြစ်ပါတယ်။


အဲ့ဒီမှာ ပထမဆုံး ကတော့ Capacity ဖြစ်ပြီး သင့် USB ရဲ့ သိုလှောင် သိမ်းဆည်းနိုင်တဲ့ ပမာဏပဲ ဖြစ်ပါတယ်။ ဒုတိယ ဘားကတော့ File System ဖြစ်ပြီး သင့်အနေနဲ့ အရင်ဆုံး FAT32 ဆိုပြီး မြင်ရမှာပါ။ အဲ့ဒါလေးကို နှိပ်လိုက်ရင် ရွေးချယ်ဖို့ အမျိုးအစားတွေ ကျလာမှာ ဖြစ်ပြီး NTFS ကိုရွေးလိုက်ပါ။

Start ကိုနှိပ်လိုက် တာနဲ့ သင်ဟာ Warning Box တစ်ခုကို တွေ့ရမှာပါ။ ဘာလဲ ဆိုတော့ Format ချိန်းမှာမို့လို့ သင့် Memory Stick ထဲမှာ ရှိနေတဲ့ ဒေတာတွေ အားလုံး ဖျက်ပစ် မယ်လို့ ပြောတာပါ။ Data တွေပြန်လည် ရယူမယ် ဆိုရင်တော့ အရင်ဆုံး BackUp အနေနဲ့ စက်တစ်နေရာမှာ သိမ်းထား သင့်ပါတယ်။

အိုကေတယ်ဆိုရင်တော့ OK ကိုပဲနှိပ်လိုက်ပါ။


သင့်အနေနဲ့ အလုပ် လုပ်နေ တာကို တွေ့ရမှာ ဖြစ်ပြီး အချိန် တစ်မိနစ်လောက် ကြာမြင့် ပါလိမ့်မယ်။ Process တွေ ပြီးသွားရင်တော့ Finish ဆိုတာပြရင် ကလစ်လုပ်ပြီး Format ကို Close နှိပ်ပြီး ပြန်ပိတ် လိုက်ပါ။ ကဲ ဒါဆိုရင်တော့ ရပါပြီ။ သင်ကူးလိုတဲ့ File ကို အကြီး အသေး မရွေး ကူးထည့်နိုင်ပါပြီ။ သင့်အနေနဲ့ လုပ်ကြည့်ပြီး တကယ် လွယ်ကူတယ် ဆိုတာကို တွေ့ရမှာပါ။

Digital Times

Originally published at - http://digitaltimes.com.mm/


2 comments:

  1. အရမ်းကောင်းပါတယ်ဗျာ
    အားပေးနေပါတယ်

    ReplyDelete