တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 18, 2016

iPad ပြသာနာ အဖြေရှာ




တက်ဘလက် ထဲမှာ ဘယ် တက်ဘလက်က အကောင်း ဆုံးလဲလို့ မေးရင် လူအတော် များများက iPad လို့ ဖြေမှာ သေချာပါတယ်။ iPad က အလုပ် လုပ်တာ အင်မတန် သွက် လက် မြန်ဆန်ပါတယ်။ RAM 1GB လောက်ပဲ ထည့်ထားပေးတဲ့ တက်ဘလက် တစ်လုံးဟာ RAM 2GB လောက် ထည့်ပေး ထားတဲ့ Android တက်ဘလက် တွေနဲ့ အပြိုင် အလုပ် လုပ်နိုင်တာ အံ့အား သင့်စရာ ကောင်းပါတယ်။ တက်ဘလက် OS ခြင်း ယှဉ်မယ် ဆိုရင်လည်း iOS ရဲ့လုံခြုံမှုဟာ Android ထက် သာနေ ပါတယ်။ ဘက်ထရီ သက်တမ်း ကြည့်ဦးမလား။ Hardware တွေ ဘယ်လောက်ပဲ အဆင့်မြင့်လာ မြင့်လာ ဘက်ထရီ သက်တမ်း ဆယ်နာရီ ကနေ ကျမသွား တာကလည်း ချီးကျူးရမယ့် အချက် ဖြစ်ပါတယ်။

ဒါဖြင့်ရင် iPad က ပြဿ နာလုံးဝမရှိတော့ဘူးလား မေးစရာရှိပါတယ်။
ပြဿ နာတချို့ရှိပါတယ်။ ပြဿ နာရဲ့အရင်းအမြစ်ကိုကြည့်ရင် iOS စနစ်တစ်ခုလုံးကို Hardware အပါအ၀င် တစ်ဦးတည်းမူပိုင် ထိန်းချုပ်ချင်တဲ့ Apple ကြောင့်ဆိုတာ တွေ့ရပါတယ်။ Port တွေဆိုရင် အများနဲ့မတူအောင်လုပ်တဲ့ Apple ကြောင့် Accessory တွေလာပြီး ချိတ်ရတာခက်ပါတယ်။ အဆိုးဆုံးကတော့ အပြင်ကနေ SD ကတ် ချိတ်ခွင့်မပေးတဲ့အချက်ပါ။ Apple ဟာ iPad ကို 16GB ကနေ 128GB ထိ storage space အသေထည့်တာကြောင့် data အသုံးကြမ်းတဲ့လူတွေ အတော်လေး ပြဿ နာတက်ပါတယ်။

Space လိုအပ်ချက်ကြောင့် ဖြစ်လာတဲ့ iPad ရဲ့ ပြဿ နာတစ်ခုကို အရင်ကြည့်ရအောင် နေရာလွတ်မရှိလို့ ဖြစ်လေ့ရှိတဲ့ အများဆုံးပြဿ နာက update ပြဿ နာပါ။ iOS ဟာ တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပဲ minor update တွေ မကြာခဏထုတ်ပေးလေ့ရှိတာကြောင့် စွမ်းရည်ပိုကောင်းတဲ့ update သုံးချင်သူတွေဟာ ကိုယ့် iPad မှာ နေရာလွတ်မရှိရင်
သွေးပျက် ရပါတယ်။ ဘယ်ကမှ နေရာလွတ်မရတော့ဘူးဆိုရင် ထုံးစံအတိုင်း application တွေဖျက်ရပါမယ်။ တော်ရုံနေရာအနည်းအပါးကို Safari clean လုပ်ရုံနဲ့ ဆွဲထုတ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် setting > safari ကို ၀င်ပါ။ ပြီးရင် clear History and website data ကို ရွေးပါ။ ပြီးရင် clear button နှိပ်ပြီး confirm လုပ်ပါ။

ဒီထက်ပိုပြီး နေရာလွတ်လိုဦးမလား၊ Reading List မှာယူထားတဲ့ နေရာတွေကို ထပ်ပြီး ဖျက်သင့်ပါတယ်။ အမှန်ဆိုရင် ဒီစာအုပ်စာရင်းက စာရင်းပဲရှိပြီး အွန်လိုင်းမှာ ဖတ်ရမှာ။ ဒါပေမဲ့ အထိန်းအချုပ်တွေ လျော့ပေးလာတော့ Offline ဖတ်မို့ data တွေ သိုလှောင်ခွင့်ပေးလာတယ်။ အဲဒီမှာတင် နေရာလွတ်တွေ စားကုန်ပါတယ်။ နေရာလွတ်တွေ ပြန်ယူဖို့ setting ထဲဝင်ပြီး general ကိုရွေးပါ။ ပြီးရင် storage & iCloud usage ကို ရွေးပါ။ ပြီးရင် Manage storage > safari > Edit ဆက်ဝင်ပါမယ်။ Offline Reading List ဘေး နားက အနှုတ်လက္ခဏာနေရာလေးဆီ ဆက်သွားပါမယ်။ ဒီနေရာအရောက်တွင် တခြား app တွေကိုလည်း ကြည့်ပါ။ data တွေ သိပ်စားနေသလား သိရအောင်လို့ပါ။ data သိပ်စားနေရင် app ကို uninstall မလုပ်ဘဲ delete လုပ်ပစ်နိုင်ပါတယ်။

နောက်တစ်ခုက iPad အလုပ်လုပ်တာနှေးတဲ့ပြဿ နာပါ။ တကယ်ကျတော့ iPad က အလုပ်လုပ်တာ အတော်မြန်ပါတယ်။ တပ်ကာစမှာ သိသိသာသာမြန်တယ်။ အိုင်တီပစ္စည်းတွေ ထုံးစံအတိုင်း ကြာတော့ နှေးလာပါတယ်။ မြန်ပါတယ်ဆိုတဲ့ iPad ဟာ သုံးပုံစွဲပုံနည်းလမ်းမကျရင် စာရိုက်တာတောင် ကမ္ဘောကမ္ဘာကြာပါတယ်။ iPad ဘယ်အချိန်မှာ စနှေးသလည်း၊ Storage Space တော်တော်ကြီးနည်းရင် စပြီးနှေးပါတယ်။ ဒါလည်း storage space ပြဿ နာပါပဲ။ နေရာလွတ် 200 MB အောက်ကျတာနဲ့ iPad က သိသိသာသာနှေးပါပြီ။

RAM ကိုသုံးနေရင်းကနေ အလုပ်ခိုင်းတာများလို့ memory မလောက်တော့ရင် iPad ဟာ free space တွေကို cache အနေနဲ့ သုံးပါတယ်။ ကွန်ပျူတာမှာ memory (RAM) မလောက်ရင် Virtual memory နဲ့ သုံးသလိုပါပဲ။ RAM ထက်စာရင် တခြား storage space တစ်ခုခုကိုသုံးတာဟာ အလုပ်ကို နှေးစေပါတယ်။ ဖြေရှင်းနည်းကတော့ app အဟောင်းထဲက တချို့ ဒါမှမဟုတ် လုံးဝမသုံးတဲ့ app ကို ဖျက်ပစ်တာပါ။ ဒီလိုလုပ်ဖို့ setting ကို ခေါ်တင်ပါ။ General > storage & iCloud usage > Manage storage အတိုင်းဝင်ပါ။ available space ဟာ 200 MB အောက် ဒါမှမဟုတ် 200 MB ၀န်းကျင်မှာရှိနေရင် applist ထဲဝင်ပြီး မလိုအပ်တဲ့ app တွေကို ရွေးပါ။ ပြီးရင် Delet app ကို နှိပ်ပါ။

iPad မှာတွေ့ရမယ့် နောက်ထပ်ပြဿ နာတစ်ခုကတော့ Charger ပြဿ နာပါ။ Android ဖက်ခြမ်းကိုကြည့်ရင် တက်ဘလက်ရဲ့ ဘက်ထရီအင်အား မတိမ်းမယိမ်းတူတဲ့အခါမျိုးမှာ USB charger တွေက တစ်လုံးနဲ့တစ်လုံး အလဲအလှယ်နဲ့ သုံးလို့ရပါတယ်။ iPad မှာတော့ Apple လုပ် မဟုတ်တဲ့ charger ကို iPad မှာထိုးစွပ်ပြီး အားသွင်းမယ်ဆိုရင် charging ကို support မလုပ်တဲ့အကြောင်း message တစ်ခုတက်လာပါမယ်။ message တက်လာတယ်ဆိုပေမယ့် တကယ် support မလုပ်တာ ဟုတ်ချင်မှဟုတ်မယ်။ လက်တွေ့မှာက charging သွင်းပေးတာလည်း ဖြစ်နိုင်တယ်။ iPad ကိုထိခိုက်မှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ တတိယအုပ်စုကထုတ်တဲ့ charger တွေမှာ နာမည်ကောင်းမရှိတဲ့အပြင် ဘာရုပ်မှမပေါက်တဲ့ charger တွေကို iPad မှာ အားသွင်းဖို့ မ၀ယ်သင့်ပါဘူး။ ဒီအညံ့စား charger တွေမှာ ပစ္စည်းအရည်အသွေးနိမ့်တဲ့အတွက် iPad မှာအန္တရာယ်ရှိနိုင်ပါတယ်။ တစ်ခါတစ်လေမှာ Apple charger အစစ်သုံးပေမယ့် support မလုပ်တဲ့ သတင်းအမှားတက်တတ်ပါတယ်။ ဒီလိုအခြေအနေဆိုရင် iPad socket နဲ့ charger plug တွေကို လေအားပြင်းပြင်းနဲ့မှုတ်ပြီး သန့်စင်ပါ။ ပြီးရင် plug နဲ့ socket ကို မိမိရရချိတ်မိအောင် ကြိုးစားပါ။

Charging နဲ့ပတ်သက်တဲ့ နောက်ထပ်ပြဿ နာတစ်ခုကတော့ အားအ၀င်နည်းပြီး အားသွင်းချိန် ကြာတာပါ။ ဒါဆိုရင် တစ်ခုမေးစရာရှိပါတယ်။ ကိုယ်သုံးနေတဲ့ charger ဟာ iPad ၀ယ်တုန်းက တစ်ပါတည်းပါလာခဲ့တဲ့ မူရင်း charger လား၊ မဟုတ်ဘူး။ iPad မှာ iPhone charger နဲ့ အားသွင်းနေတာလို့ ဖြေရင်ဖြေမယ်။ Apple ထုတ်မဟုတ်တဲ့ တခြား charger နဲ့အားသွင်းတာလို့ ဖြေကောင်းလည်းဖြေနိုင်ပါတယ်။ iPhone charger က အထွက် 10 W ဒါမှမဟုတ် 12 W ရှိပါတယ်။ iPhone charger က 5 watt ပဲ အထွက်ရှိပါတယ်။ ဒါကြောင့် iPad charger နဲ့ iPhone အားသွင်းရင် ခဏနဲ့ အားပြည့်မှာဖြစ်ပြီး iPhone charger နဲ့ iPad ကို အားသွင်းရင် အားသွင်းချိန်သိပ်ကြာပါမယ်။ နောက်ဆုံးထွက်ထားတဲ့ iPad Mini 4 ကို အထွက် 5 watt ရှိတဲ့ charger နဲ့ အားသွင်းရင် သူ့မူရင်း charger နဲ့ အားသွင်းတာထက် နှစ်ဆပိုကြာပါမယ်။

iPad မှာရှိတဲ့ အကြီးကျယ်ဆုံးပြဿ နာကတော့ Apple Store မှာ sing in လုပ်ပြီး ၀င်ချိတ်လို့မရတဲ့ကိစ္စပါ။ Apple store ကလည်း play store လိုပဲ အကြီးစားအွန်လိုင်း store ဖြစ်ပြီး သူ့ထဲမှာ app ပေါင်း တစ်သန်းနီးပါးရှိပါတယ်။ စာအုပ်တွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကိုလည်း ဒီကနေပဲဝယ်ရတာပါ။ App store ထဲဝင်ချိတ်လို့မရတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါကို အရိုးရှင်းဆုံးဖြေရှင်းကြည့်တဲ့ နည်းလမ်းက Power နဲ့ home button ကို ဆယ်စက္ကန့်လောက်ဖိထားပြီး iPad ကို reboot ပြန်လုပ်တဲ့နည်းပါ။ တစ်ခါတစ်လေကျတော့လည်း screen ပေါ်က အရုပ်ပျောက်ပြီး Apple Logo ပေါ်လာတဲ့အထိ ဖိထားရတတ်ပါတယ်။

ဒီလိုနည်းနဲ့ဖြေရှင်းတာတောင်မှ sing in ၀င်လို့မရသေးဘူးဆိုရင် iPad မှာ instasllation တင်ထားတဲ့ app တစ်ခုခု ဒုက္ခပေးနေတာဖြစ်နိုင်ပါတယ်။ Home page ထဲဝင်ကြည့်ပြီး အရောင်မှိန်နေတဲ့ app icon တစ်ခု တစ်လေရှိမလားဆိုတာ ရှာကြည့်ပါ။ Installation မပြီးခဲ့ရင် ပြီးအောင်လုပ်လို့ရမလားဆိုတာ ကြိုးစားကြည့်ပါ။ ဒီလိုလုပ်ကြည့်တဲ့အထိ sing in ၀င်လို့မရသေးဘူးဆိုရင် iPad ရဲ့ setting ကို reset လုပ်ကြည့်ပါ။ Personal data တွေဖျက်ပစ်မှာ မဟုတ်ပါဘူး။ ဒီလိုလုပ်ကြည့်ဖို့ setting > General ကိုဝင်ပါ။ ပြီးရင် အောက်ဘက်ကို ပွတ်ဆွဲပြီး Reset တွေ့ရင် တစ်ချက်ခေါက်ပါ။ ပြီးရင် Reset all setting နေရာမှာ တစ်ချက်ခေါက်ပါ။ Confirm လုပ်ဖို့အတွက် PIN နံပါတ်ထည့်ပေးရပါမယ်။

NET GUIDE JOURNAL

Originally published at - https://www.facebook.com/officialnetguidejournal

No comments: