တနေ့ထက် တနေ့ တိုးတက် လာတဲ့ ယနေ့ခေတ် နည်းပညာ တွေထဲမှာမှ ပိုပြီး တွင်တွင် ကျယ်ကျယ် အသုံးပြု လာတာ ကတော့ Quick Response Code ဆိုတဲ့ QR Code တွေလဲ အပါ အဝင် ဖြစ်ပါတယ်။
ဈေးကွက် တိုးချဲ့ဖို့ ကြော်ငြာမှာ ပဲဖြစ်ဖြစ် ကုန်ပစ္စည်းရဲ့ အကြောင်း အရာ အပြည့် အစုံကို သိရှိစေရန် ပဲဖြစ်ဖြစ် ပိုစတာ၊ မဂ္ဂဇင်း၊ ဝက်ဘ်ဆိုဒ် တွေနဲ့ လူသုံးကုန် ပစ္စည်းတွေရဲ့ ထုတ်ပိုးမှု အပိုင်းတွေမှာ အထိ နေရာတိုင်း လိုလို အသုံးပြု လာကြ ပါတယ်။
QR code တွေကို scan လုပ်ရုံနဲ့ သက်ဆိုင်ရာ အကြောင်း အရာ အချက် အလက် မြောက်များ စွာကို ဖတ်ရှု လေ့လာ နိုင်သလို တချို့ ပွဲစီစဉ်သူ တွေက QR code ကို လက်မှတ် အဖြစ်လည်း အသုံးချထား နိုင်ပါသေးတယ်။
အချို့လေကြောင်းလိုင်း ကုမ္ပဏီတွေမှာ ဆိုရင် လတ်မှတ် ဝယ်တာ၊ check-in ဝင်တာ တွေကိုတောင် QR Code system နဲ့အသုံးပြု နေကြ တာပါ။ အသုံးပြု ရလွယ်ကူမှု မြန်ဆန်မှု အဆင်ပြေမှု များစွာတို့ကြောင့် သုံးစွဲ သူများက ကြိုက်နှစ်သက် ကြသလို မသမာသူ တွေရဲ့  အဓိက ပစ်မှတ် တစ်ခုလည်း ဖြစ်လာပါတယ်။
QR Code တွေက စက္ကန့်ပိုင်း အတွင်းမှာ သူနဲ့ သက်ဆိုင်ရာ website တွေ download link တွေ အစရှိတဲ့ ဘယ်လို link မျိုးမဆို ခက်မြန်မြန် ရောက်ရှိ သွားနိုင်တဲ့ အတွက် QR code တွေကို အသုံး ချပြီး အန္တာရာယ် ရှိတဲ့ လင့်ခ်တွေ ချက်ချင်း ဒေါင်းလုပ်ဆွဲဖို့ ပြုလုပ် ထားကောင်း ထားနိုင်ပါတယ်။
ဒါ့ကြောင့် အချို့ ကိုယ်မသိတဲ့ QR code တွေကို ဖတ်မိမယ်ဆိုရင် မသမာသူတွေ ဆင်ထားတဲ့အကွက်ထဲ အဆင်သင့်ကျရောက်သွားနိုင်ပါတယ်။
ဒီလိုဖြစ်ရပ် မျိုးတွေကို ကာကွယ်နိုင်ဖို့ Avira ရဲ့ QR Code Scanner ကို ယခု အခါ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ လုပ်ဆောင်ချက် အနေနဲ့ QR Code ဖတ်တဲ့ အခါ စိတ်ချရလား ဒုက္ခပေးနိုင်လား ဆိုတာအရင် စမ်းသပ်ပေး ပါလိမ့်မယ်။
အသုံးပြုပုံ လွယ်ကူတဲ့ အတွက် scan လုပ်လိုက်ပြီး အန္တရာယ် မရှိဘူး ဆိုရင် browser မှ တဆင့် ဆက်လက်သွား ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Avira QR Scanner ကို အသုံးပြုလိုပါက Avira Myanmar facebook (or) message မှ တစ်ဆင့် download link ရယူနိုင်ပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။
အောကါကလင့်တွေမှာလည်း ဒေါင်းယူနိုင်ပါတယ်။
https://play.google.com | OR | http://www.1mobile.com |
---|
Myanmar Digital Life Journal
Originally published at - https://www.facebook.com/MyanmarDigitalLife
- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: