တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, August 7, 2016

ဆီးမှ ရေအဖြစ် ပြောင်းပေးသည့်စက် တီထွင်ပြီး သောက်ပြ




သုတေသန သမား တယောက် စွန့်တဲ့ ဆီးကို နောက် တစ်ယောက်က ပြန်သောက်တယ် ဆိုတာ အစဉ် အလာနဲ့ သိပ်ကို ဆန့်ကျင်တဲ့ စမ်းသပ် ချက်ပါပဲ။ ဒါပေမယ့် ဘယ်လဂျီယံ သိပ္ပံပညာရှင် တွေက ဆီးကနေ ရေအဖြစ် ပြောင်းပေးနိုင်မဲ့ စက်ကို တီထွင်ခဲ့ ကြပါတယ်။

သုသေတနပညာရှင် Sebastiaan Derese က “သိပ်ကို အဆင့်မြင့်တဲ့ နည်းပညာ သုံးစရာ မလိုဘဲ နေစွမ်းအင် သုံးပြီး ရိုးစင်းတဲ့ နည်းစဉ်နဲ့ ဆီးကနေ မြေသြဇာနဲ့
ရေကို ပြန်ရအောင် ကျနော်တို့ လုပ်နိုင်ပါပြီ။ ဒါ သိပ်ကို ထိရောက်တဲ့ စွမ်းအင်ပါ။ ဆီးကနေ မြေသြဇာနဲ့ ရေသန့် ပြန်ရတယ်” လို့ ပြောပါတယ်။

ရေဆိုး သန့်စင်တဲ့ တခြားနည်းတွေလည်း ရှိပေမယ့် ဒီစက် ကတော့ လျှပ်စစ် စွမ်းအင် မလိုအပ်တဲ့ အတွက် ပင်မ ဓာတ်အားလိုင်းကို မှီခိုစရာ မလိုပါဘူး။ ဆီးကို လှောင်ကန်ကြီး တခုနဲ့စုဆောင်းကာ နေစွမ်းအင်သုံး ဘွိုင်လာနဲ့ အပူပေးပြီး အလွှာပါးကို ဖြတ်သန်းစေ တာလို့ ဆိုပါတယ်။

“ဆီးကနေ ဘီယာ ချက်ဖို့တောင် စီစဉ်နေ ပါပြီ။ ဂန့်မြို့မှာ ပရောဂျက် တခု လုပ်နေပြီ။ ဒီပရောဂျက်ကို (sewer to brewer) “ရေမသတီ စရာမှ သေဘီယာသို့” လို့ နာမည်ပေး ထားပါတယ်။ ဘီယာချက်လုပ် ရာမှာ အလင်ပေါက်နေတဲ့ ရေထဲ ကနေ ဦးရည် အဖြစ် ရေဆိုး တစ်မျိုး ပြန်ရပါတယ်။

အဲ့ဒီရေဆိုးကိုမှ ပြန်ချက်တဲ့ အခါ ဘီယာသစ် တစ်မျိုး ရပါတယ်။ ဒုတိယ အဆင့် အလင်ရည် ကိုတော့ မြူနီစီပယ် ရေဆိုး ကနေ ပြန်ချက် ယူတာပါ။ တတိယ အဆင့် အလင်ရည် ကတော့ ဆီးကနေ ဘီယာချက်တဲ့ အဆင့် ရောက်သွား ပါပြီ။”

ဆီးကနေ နိုင်ငံရဲ့ အနှစ်ခြိုက်ဆုံး သောက်သုံးတဲ့ ယမကာ ထုတ်လုပ်နိုင်တဲ့ အပြင် ဒီစက်က ဘယ်လဂျီယံ နိုင်ငံ ပြင်ပက သူတွေရဲ့ ရည်ရွယ်ချက် ကိုလည်း ဖြည့်ဆည်း
ပေးနိုင်မှာပါ။ ဂန့်တက္ကသိုလ် သုတေသန အဖွဲ့ကတော့ မြေသြဇာနဲ့ ရေအရင်းအမြစ် ရှားပါတဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံတွေရဲ့ ကျေးလက် ဒေသတွေမှာ ဒီစက်ကိုအသုံးချဖို့ စီစဉ် ထားပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/162543

No comments: