
၈ မိနစ်ကြာ ပြုတ်ပြီးတဲ့ အာလူး တစ်လုံးက ပကတိ အာလူး အစိမ်းထက် ၁၀ ဆ ထက်မက အားပိုကောင်းတဲ့ ဘက်ထရီ တစ်လုံး ဖန်တီး နိုင်ပါတယ်။
ဒီလက်တွေ့ စမ်းသပ် မှုကို science and agriculture ပညာရပ် ဆိုင်ရာ ပါမောက္ခ Haim Rabinovitch မှ ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။
သူ အာလူး တစ်လုံး ကနေ ၄ပုံ ၁ပုံ ယူပြီး ဝိုင်ယာကြိုးနဲ့ ချိတ်ဆက် ထားတဲ့ copper cathode နဲ့ zinc anode နှစ်ခုကြား ထည့်ထား လိုက်ပါတယ်။ နောက် ဒီလို တွဲဖက် ဖွဲ့စည်းပေးမှုက LED မီးလုံးနဲ့ အတူ အခန်း တစ်ခန်းကို ရက်ပေါင်း ၄၀ မက မီးအလင်းရောင် ပေးနိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။
ဒီအချက် အလက်က အထူးသဖြင့် နည်းပညာ မထွန်းကား သေးတဲ့ ကမ္ဘာ့နေရာ အစိတ် အပိုင်းတွေ အတွက် အရမ်း အသုံးဝင် ပါတယ်။
ဒီရှာဖွေတွေ့ရှိချက်က အခွင့်အလမ်းနဲ့ အလားအလာများစွာ ရရှိစေပါတယ်။ ဒါပေမယ့် ဘာကြောင့် အာလူးနဲ့မှ ရပြီး တခြား ဟင်းသီးဟင်းရွက် တွေနဲ့ရော မရဘူးလား သိချင်စိတ်လေး ဖြစ်တယ်မို့လား။
အချက် (၂) ချက် ရှိပါတယ်။
ပထမအချက်က အာလူးဟာ ကမ္ဘာတစ်ဝှမ်း ဘယ်နေရာမှာ မဆို ရာသီဥတု မရွေး စိုက်ပျိုး နိုင်ပါတယ်။
ဒုတိယအချက်က အာလူးကို နေရာတိုင်းမှာ ရနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
Ref: goodmorningcenter
Victor.PaaTung - Trend Myanmar
Originally published at - http://www.lwinpyin.com

No comments: