တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, August 13, 2016

Google က အိမ်သုံး wireless internet ကို ၂၄ နေရာတွင် စမ်းသပ်




အင်တာနက်ကို ဖုန်းဖြင့် လည်းကောင်း၊ ဂြိုလ်တုဖြင့် လည်းကောင်း တိုက်ရိုက် ရယူနိုင်ခြင်း မရှိသည့် နေရာ များတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ Google Fiber က အိမ်သုံး ၀ိုင်ယာလက်စ် အင်တာနက် စနစ်ကို အမေရိကန် ပြည်ထောင်စု အတွင်း နေရာပေါင်း (၂၄) နေရာတွင် Google က စမ်းသပ် ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။

မြန်နှုန်းမြင့် ၀ိုင်ယာလက်စ် အင်တာနက် စနစ်ကို အမေရိကန် ပြည်ထောင်စု ထဲမှာ နေရာပေါင်း (၂၄) နေရာမှာ စမ်းသပ် ထုတ်လွှင့်လျက် ရှိပါတယ်။ အဲဒီ (၂၄) နေရာမှာ
မြို့ ကြီး (၁၂) မြို့  ပါဝင် ပါတယ်။

ဒီစမ်းသပ်ထုတ်လွှင့်မှု ကို (၂၄) လ ကြာအောင် ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ လတ်တလော အချိန်မှာ Mhz 3.4 ကနေ 3.8 အထိ ရှိနိုင် တဲ့ ထရန် စမစ်တာ တွေကို နေရာ
အသီးသီးမှာ ချပြီး အင်တာနက်ကို ထုတ်လွှင့် နေခြင်း ဖြစ်ပါတယ်ဟု Google မှ တာဝန် ရှိသူ တစ်ဦးက ပြောပြသည်။

ကျွန်တော်တို့ စမ်းသပ်ထုတ်လွှင့်နေတဲ့မြို့ အချို့ ဟာ Broad Band အင်တာ နက် ရရှိထားပြီး မြို့ တွေ ဖြစ်ပါ တယ်။ အဲဒီ မြို့ တွေမှာ ထပ်ဆင့် စမ်းသပ် ရတဲ့ အကြောင်းရင်းက ပတ်ဝန်းကျင် တိုက်တာ အဆောက်အဦးတွေကြောင့် ရေဒီ လှိုင်းကြိမ်နှုန်းဆုံးရှုံးမှု ဘယ်လောက် ဖြစ်သလဲ ဆိုတာ အပြင် တည်ရှိပြီး အင်တာနက် လှိုင်းနှုန်း တွေဟာ
ဒီ ၀ိုင်ယာလက်စ် အင်တာနက် စနစ်ကို အကျိုး ဘယ်လို ပြုနိုင် မလဲ ဆိုတာကို သိရှိလိုတဲ့ အတွက် ဖြစ်ပါတယ်။

ဆန်ဖရန်ဆစ္စကိုနဲ့  ဗာဂျီးနီးယားပြည်နယ်တို့ မှာ အဓိက စမ်းသပ်ဆောင်ရွက်နေပါတယ်ဟု ၄င်း က ဆက်လက်ပြောပြသည်။

Google သည် ဇွန်လက Webpass အမည်ရှိ ISP Google ကို စတင်အသုံးပြုခဲ့ကြောင်း၊ ယင်း ISP ကို အသုံးပြု ကာ Google က point-to-point ၀ါယာလက်စ် ဖိုက်ဘာ အင်တာနက်ကို လူပေါင်းထောင်သောင်း ချီကာအသုံးပြု နိုင်အောင် အလွယ် တကူ ထုတ်လွှင့်နိုင် ခဲ့ကြောင်း၊ အင်တာနက်ကို နေအိမ်များသို့ ကြိုးများဖြင့်ပို့ လွှတ်သည်ထက် ၀ါယာလက်စ် စနစ်ဖြင့် ပို့ လွှတ်ခြင်းက ပို၍ လွယ်ကူကာ အကုန်အကျ သက်သာကြောင်း။

သို့ ဖြစ်၍ ယခု ဖော်ပြပါ Google Fiber စမ်းသပ်မှု အောင်မြင်ပါက အမေရိကန် ပြည်ထောင်စုတွင် အင်တာနက်ကို ယခုထက် ပို၍ လွယ်ကူ သက်သာစွာ အသုံးပြု နိုင်အောင် ဆောင်ရွက် သွားမည်ဖြစ်သည့် အပြင် ကမ္ဘာပေါ်တွင် အင်တာနက် ဆက်ကြောင်း မရရှိသေးသော ဝေးလံ သီခေါင်သည့် နေရာများသို့ လည်း ဤစနစ်ဖြင့် အင်တာနက် ပေးပို့ နိုင်ရန် ကြိုးပမ်း သွား မည် ဖြစ်ကြောင်း သိရသည်။

Lashio News Diary

ကြေးမုံသတင်းစာ

Originally published at - https://www.facebook.com/myanmakyaymon

No comments: