Thursday, September 8, 2016
ရေစိမ်ခံပြီး နားကြပ်ပေါက် သီးသန့်မပါတော့သည့် iPhone 7 မိတ်ဆက်
Apple နည်းပညာ ကုမ္ပဏီက နောက်ဆုံး ထုတ်လုပ် လိုက်တဲ့ iPhone 7 ကို စက်တင်ဘာ ၇ ရက်နေ့က ဆန်စရန် စစ္စကိုမြို့ Apple ကုန်ပစ္စည်း သစ် မိတ်ဆက် ပွဲမှာ ပြသ ခဲ့ပါတယ်။
iPhone 7 ရဲ့ အထူးခြားဆုံး Feature တခုကတော့ နားကြပ်ပေါက်ကို သီးသန့်မထားတော့ဘဲ Lighting အားသွင်းပေါက်နဲ့ တပေါက်တည်း အသုံးပြုထားတာ ဖြစ်ပါတယ်။
နားကြပ်ပေါက်ကို ပေါင်းလိုက်လို့ တခြားအစိတ်အပိုင်းတွေ အတွက် နေရာပို ရလာတယ်၊ Apple ကပဲ ထုတ်လုပ် လိုက်တဲ့ Wifi နားကြပ် Airpods ပိုပြီးအသုံးပြုဖို့ အားပေး မယ်လို့ Apple က ပြောပါတယ်။
ဒီနားကြပ်ပေါက်ကို ပေါင်းလိုက်ဖို့ Apple က အတော်လေး စဉ်းစားခဲ့ရပြီး လက်ရှိ iPhone အသုံးပြုသူတွေဆိုရင် ဒီ Airpods ကိုသုံးဖို့ သီးသန့် Adapter တခုနဲ့ ၀ယ်ရမှာ ဖြစ်ပါတယ်။
အခု Apple ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲဟာ iPhone တွေ အရောင်းကျပြီး Apple ဈေးကွက်ဝေစု တနှစ်လုံးလုံး ကျဆင်းခဲ့ချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့တပတ်ကလည်း အိုင်ယာလန်နိုင်ငံမှာ အခွန်လျော့ပေါ့ခွင့် ရခဲ့မှုအတွက် ယူရိုငွေ ၁၃ ဘီလီယံ ဒဏ်ကြေးပြန်ဆောင်ဖို့ ဥရောပကော်မရှင်က ဆုံးဖြတ်ခဲ့ပါသေးတယ်။
အခုနှစ်ထဲမှာပဲ လီနိုဗိုကုမ္ပဏီနဲ့ တခြား တရုတ်နည်းပညာကုမ္ပဏီတွေက စမတ်ဖုန်းတွေမှာ နားကြပ်ပေါက်တွေကို iPhone တွေထက်စောပြီး အရင်ဖြုတ်ချခဲ့ကြတာပါ။
အခု iPhone 7 ဟာ ရေ ၁ မီတာအနက်မှာ နာရီဝက် အစိမ်ခံပြီး iPhone 7 plus မှာတော့ မှန်ဘီလူး ၂ ခုပါတဲ့ ကင်မရာတခု ပါဝင်ပါတယ်။
Apple Wifi နားကြပ်ဖြစ်တဲ့ Airpods ကိုတော့ အမေရိကန်ဒေါ်လာ ၂၀၀ ကျော်နဲ့ ရောင်းချမှာဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167540
Subscribe to:
Post Comments (Atom)
- ရှာဖွေရန်
- USB debugging on & Off ဆိုတာ
- [Zenfone 2] How to Enter Recovery, Wipe Data, Wipe...
- Samsung Galaxy ဖုန်းတွေ Recovery Mode ၀င်နည်း
- Samsung ဖုန်းများ အတွက် Full File FIrmware ( Repai...
- iPhone 5s iOS 9.0.2 ကို Jailbreak လုပ်နည်း
- ဒေါင်းလော့ဆိုဒ်မျိုးစုံမှ လွယ်ကူစွာ ဒေါင်းယူနည်းမျ...
- Computer ကနေ Google Play Store မှ Application တွေက...
- Blogger တွင် ZawGyi နှင့် Unicode Font များကို Emb...
- Factory reset အလွယ်တကူ ချယူ နည်းများ
No comments: