တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, September 6, 2016

Pen drive တွေပေါ်က Bad Sector တွေကို ဖယ်ရှားမယ်




Pen drive တွေမှာ Bad Sector တွေ ရှိနေတဲ့ အတွက် ဖယ်ရှား ရှင်းလင်း ချင်သူတွေ အနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ် နိုင်ပါတယ်။ Bad Sector ကို ဖယ်ရှား ရှင်းလင်းဖို့ အတွက် Windows Explorer ကနေ ဖြေရှင်းနည်းနဲ့ Command Prompt ကနေ ဖြေရှင်းနည်း ၂ နည်း ရှိပါတယ်။

Windows Explorer ကနေ ရှင်းလင်းမယ်ဆိုရင် ကွန်ပျူတာမှာ Pen drive ကို တပ်လိုက်ပါ။ ပြီးသွားရင် My Computer သို့မဟုတ် Windows 8 / 10 တွေမှာ This PC ဆိုတာကို ဖွင့်ပြီး Pendrive ကို Right-click နှိပ်ကာ Properties ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Properties ကိုရွေးချယ်ပြီးသွားရင် Tool ဆိုတဲ့ button ကိုရွေးချယ်ပြီး Check ဆိုတဲ့ button ကို နှိပ်ရပါမယ်။

Check ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီးရင် Scan for and attempt recovery of bad sector ကို အမှန်ခြစ်ရွေးပြီး Start ကို နှိပ်ရပါမယ်။ ဒီနေရာမှာ သတိထားရမှာကတော့ Pendrive ကို check ပြုလုပ်မယ့် အချိန်မှာ Pendrive ကနေ ဘယ်ဖိုင်ကိုမှ အသုံးမပြုရပါဘူး။

ပြီးသွားရင် ဖော်ပြထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင် ရပါမယ်။

အကယ်၍ အထက်ပါနည်းလမ်းနဲ့ အဆင်မပြေဘူး ဆိုရင်တော့ Command Prompt ကနေ ပြုလုပ်နိုင်ပါတယ်။ Command prompt ကနေ အသုံးပြုမယ်ဆိုရင် command prompt ကို admin mode နဲ့ ဖွင့်ရပါမယ်။

Command prompt ထဲမှာ chkdsk (drive letter): ဆိုတဲ့ command ရိုက်ထည့်ရပါမယ်။ ဥပမာ pen drive က F ဆိုရင် chkdsk F: ဆိုပြီး ရိုက်ထည့်လိုက်ပါ။

ပြီးသွားရင် bad sector တွေကို ဖယ်ရှားဖို့အတွက် chkdsk f/ R F: ဆိုတဲ့ command ကို သုံးစွဲရပါမယ်။

အထက်ပါ command ကို သုံးစွဲပြီးရင် bad sector တွေကို ဖယ်ရှားတဲ့အတွက် အချိန်စောင့်ဆိုင်း ပေးရပါမယ်။ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဆိုရင်တော့ Bad sector တွေကို command pro-mpt ကနေ ဖယ်ရှားပေးတဲ့ နည်းလမ်း ပြီးဆုံးပြီ ဖြစ်ပါတယ်။


From: Internet journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/7504

No comments: