တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 7, 2017

Android ဖုန်းတွေမှာ ပါတဲ့ လူသိနဲတဲ့ Function (၈) မျိုး


လူတိုင်း နီးပါး စမတ်ဖုန်းနဲ့ အဆင့်မြင့်တဲ့ ဖုန်းတွေကို ကိုင်နေ ကြပေမယ့် အဲ့ဒီ Devices တွေရဲ့ စွမ်းဆောင်ရည်တွေ အားလုံး ကိုတော့ သိတဲ့သူ ရှားပါး ပါတယ်။ ယခုပြောပြ ပေးချင် တာကတော့ လူတစ်ရာမှာ (၉၀) လောက် မသိကြ သေးတဲ့ Android Functions တွေရဲ့ လျှို့ဝှက်ချက်တွေ အကြောင်းပါ။ (၁) ဘက်ထရီ ပါဝါကို Save နိုင်တဲ့ အလွယ်ဆုံးနည်း ဖုန်းရဲ့ screen အရောင်ကို အရောင် တောက်တောက်တွေ သုံးမယ့် အစား အနက်ရောင် (ဒါမှမဟုတ်) ရိုးရှင်းတဲ့ အရောင် မှိုင်းမှိုင်းတွေကို သုံးမယ် ဆိုရင် ဖုန်း ဘက်ထရီ ပါဝါကို အလွယ်လေး Save လုပ်နိုင်မှာ ဖြစ်ပါတယ်။ အလိုအလျောက် highlight လုပ်ပေးတဲ့ (automatic pixel highlighting) ကို turn off လုပ်ပေး ရင်လည်း ဘက်ထရီ ပါဝါကို ပိုပြီး ကြာကြာ ခံနိုင်စေ ပါတယ်။ဒီ feature ဟာ Android ဖုန်း အားလုံးမှာတော့ မပါဝင်ပေမယ့် Samsung စမတ်ဖုန်းနဲ့ tablets တို့မှာတော့ အဲ့ဒီ feature ပါ ပါတယ်။ (၂) အသံထွက် ဖတ်ခိုင်းတဲ့ (Text-to-speech) Android device တွေမှာ ဆိုရင် ကိုယ်သိချင်တဲ့ အကြောင်း အရာကို သင် ကိုယ်တိုင် ဖတ်နိုင်ရုံ သာမက နားထောင်လို့ပါ ရပါတယ်။ အဲ့ဒီလို နားထောင် ချင်တယ် ဆိုရင်တော့ Settings ->Accessibility ထဲကို ၀င်ပြီး Text-to-Speech Output option ကို ပြောင်းလိုက်ပါ။ (၃) remote control Settings -> Security -> Device administrators ထဲကိုဝင်ပြီး Android Device Manager ပြီးရင် Remotely locate နဲ့ remote lock နဲ့ erase ကို Allow လုပ်ပေး လိုက်ပါ။ အဲ့ဒီလို ဆိုရင်တော့ ဖုန်းပျောက် သွားခဲ့ ရင်တောင်မှ ဖုန်းရဲ့ တည်နေရာကို https://www.google.com/android/devicemanager မှတစ်ဆင့် တည်နေရာကို ရှာတာ၊ အထဲမှာ ပါတဲ့ Data တွေကို မဆုံးရှုံးစေပဲ block လုပ်တာတွေ လုပ်လို့ ရပါတယ်။ (၄) Guest Mode တကယ်လို့ သင့်ဖုန်းကို တခြားလူ တစ်ယောက် ယောက်ကို ပေးသုံး စေမယ်။ ဒါပေမယ့် သင့်ဖုန်းထဲမှာ ရှိတဲ့ တစ်ချို့အချက် အလက်တွေ ကိုတော့ လူမသိစေ ချင်ဘူး ဆိုရင် Guest Mode ကို အသုံးပြု လိုက်ပါ။ ဖုန်းရဲ့ ထိပ်ပိုင်း ကို (touch ) လုပ်ပြီး အောက်ကို ဆွဲချ လိုက်ပါ။ အပေါ်ပိုင်း ညာဖက်ခြမ်းက user icon ကို touch လုပ် လိုက်ပါ။ အဲ့ဒီ အခါမှာတော့ Add guest icon ပေါ်လာ ပါလိမ့်မယ်။ အဲ့ဒီလို လုပ်ပြီးရင်တော့ ဘယ်လို အရာတွေကို ကြည့်လို့ ရမယ်၊ ယူလို့ရမယ် ဆို တာကို ကိုယ့်စိတ်ကြိုက် ရွေး ချယ် နိုင်ပါပြီ။ (၅)Screen ချဲ့ မျက်လုံးသိပ်မကောင်းတဲ့ သူတွေအတွက် အနည်းငယ်တော့ အထောက် အကူဖြစ်စေ မှာပါ။ Settings -> Accessibility -> Magnification အဆင့် ဆင့် သွားပါ။ ပြီးရင်တော့ display မှာရှိတဲ့ ဘယ်နေရာ၊ ဘယ်အစိတ် အပိုင်းကို မဆို အသာအယာပုတ် (Tap) လုပ်လိုက်ရုံနဲ့ zoom ချဲ့နိုင်ပါပြီ။ (၆) Hotspot mode ဒီအပိုင်းကတော့ လူတိုင်း နီးပါး သိပြီး ဖြစ်မှာပါ။ မသိသေးတဲ့ သူတွေအတွက် ပြောပြ ပေးချင် ပါတယ်။ ဖုန်းထဲမှာ ရှိတဲ့ အင်တာနက်ကို Laptop အပါအ၀င် တခြား devices တွေမှာ ချိတ်တာပါ။Go to Settings -> Tethering and portable hotspot ၊ ပြီးရင်တော့ Portable WLAN hotspot ကို turn on လုပ်လိုက် ရုံပါပဲ။ (၇)ခေါင်းရဲ့ လှုပ်ရှားမှုနဲ့ စမတ်ဖုန်းကို Control လုပ်တာ တစ်ခါတစ်လေမှာ ချမ်းလို့ပဲဖြစ်ဖြစ်၊ တခြား အကြောင်းအရာ တွေကြောင့် လက် ထုတ်ပြီး ဖုန်းကို တစ်ခုခု လုပ်တာ ဥပမာ - ဖွင့်တာ၊ ပိတ်တာ၊ အဲ့ဒီလို လုပ်ချင် တယ်ဆိုရင် အကောင်းဆုံး နည်းတစ်ခု ရှိပါတယ်။ EVA Facial Mouse ဆိုတဲ့ App ကို Install လုပ်ပါ။ အဲ့ဒီ App က Android device တွေကို ခေါင်းရဲ့ လှုပ်ရှားမှုနဲ့ Control လုပ်နိုင်ပါတယ်။ အသေးစိတ် အချက်အလက်တွေ ကိုတော့ http://techviola.blogspot.ru/2017/01/how-to-control-your-android-with-your.html မှာ ၀င်ရောက် ကြည့်ရှူနိုင် ပါတယ်။ (၈) secret game ဒါကိုတော့ Android ဗားရှင်း 2.3 လောက်က စပြီး Android Devices တိုင်း လိုလိုမှာ ပါပါတယ်။ Google ကပေးထားတဲ့ လျှို့ဝှက် လက်ဆောင်လို့ ပြောလို့ရ ပါတယ်။ ဒါပေမယ့် ရှာရ တာတော့ နဲနဲ ခက်နိုင် ပါတယ်။ အရင်ဆုံး Settings ထဲကို သွား၊ About phone (ဒါမှမဟုတ်) About tablet ထဲကို ၀င်၊ Android version ဆိုတဲ့ နေရာ ကို မြန်မြန် ဆန်ဆန်နဲ့ အကြိမ်များစွာ အသာ အယာ ပုတ် (tap) လုပ်ပါ။ အဲ့ဒီ လိုဆို ရင် ပန်းရောင် အဖျော့ သေးသေးလေး တစ်ခု (marshmallow) ဟာ ပုံမှာ ပြထားတဲ့ အတိုင်း screen ပေါ် မှာ ပေါ်လာ ပါလိမ့်မယ်။ အဲ့ဒါ ကို ပဲ မြန်မြန် ဆန်ဆန် ထပ်ပြီး (tap) လုပ်ပါ။ အဲ့ဒီလို ဆိုရင် အထူးစပရှယ် mini-game သေးလေး တစ်ခုပွင့်လာ ပါလိမ့်မယ်။ Ref;brightside From : SHWEMOM by nilarwai Originally published at - http://www.shwemom.com

No comments: