Monday, March 27, 2017
စကားဝှက် ခိုးမရအောင် နည်းပညာ ကုမ္ပဏီများ ကြိုးစားခဲ့တဲ့ ဆန်းဆန်း ပြားပြား နည်းလမ်းများ (၁)
လူတိုင်းဟာ လျှို့ ဝှက်ချက် တစ်ခုကို ထပ်တလဲလဲ သုံးတဲ့ အခါ အလွယ်တကူ ကျိုးပေါက် လွယ်တတ် လာပါတယ်။
စမတ် ဖုန်းများခေတ် ၊ အင်တာနက်နဲ့ အလုပ် လုပ်တဲ့ ခေတ်မှာ စကားဝှက် တစ်ခုတည်း တစ်သမတ်တည်း ထားပြီး သုံးခြင်းကြောင့် အကောင့်များ ဟက်ခ်ခံ ရခြင်း ၊ ဆိုင်ဘာ လုံခြုံရေး ကျိုးပေါက်ခြင်း များကို မကြာ ခဏ ဆိုသလို တွေ့ မြင် နေရ ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ နည်းပညာ ကုမ္ပဏီ များဟာ ကိုယ့် စကားဝှက်ကို သူများ ခိုးမရအောင် နည်း အမျိုးမျိုးနဲ့ ကြိုးစား ခဲ့ကြပါတယ်။
အခုပြောမှာ ကတော့ စကားဝှက် တွေကို PIN တွေ pattern တွေနဲ့ lock ခတ်ထား ရာကနေ အစားထိုး သုံးစွဲဖို့ တီထွင်ခဲ့တဲ့ အဆန်းပြားဆုံး နည်းလမ်း ၉ မျိုးပဲ ဖြစ်ပါတယ်။
(၁) နှလုံး ခုန်နှုန်းကို စကားဝှက်လို သုံးခြင်း (Heartbeat recognition)
လက်ဗွေလိုပဲ လူတစ်ယောက်ချင်း စီမှာ သီးခြား ကွဲပြားနေတဲ့ နှလုံးခုန် စည်းချက် ရှိတယ်ဆိုတာ သိပါသလား။
ဒီနှလုံးခုန်နှုန်းကိုပဲ လျှပ်စစ်နှလုံးခုန်တိုင်းတာရေး အာရုံခံဆင်ဆာ ECG သုံးပြီး စကားဝှက်ထားဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒီနည်းနဲ့ နှလုံးခုန်နှုန်းဟာ လူတစ်ယောက်ရဲ့ ကိုယ်ရေး လက်မှတ် အဖြစ် သုံးခဲ့ တာကတော့ Nymi Band လက်ပတ်ပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ စကားဝှက် ရိုက်စရာ မလိုဘဲ လက်ပတ် ပတ်လိုက်တာနဲ့ ကွန်ပျူတာ ၊ စမတ်ဖုန်း နဲ့ စကားဝှက် ထားတဲ့ တစ်ခြား ထုတ်ကုန်များကို ချက်ချင်း ဖွင့်နိုင်မှာပါ။
(၂) သွေးကြောနဲ့ ID သိအောင်လုပ်ခြင်း (Vein Recognition )
လူ့ ခန္ဓာကိုယ်ရဲ့ ထူးခြားချက်က လူပေါင်း ကုဋေကုဋာရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက်အကြား ဘယ်တော့မှ မတူညီနိုင်တဲ့ သီးခြား လက္ခဏာတွေရှိထားတာပါပဲ။ လက်ဗွေများလိုပဲ သွေးကြောစီးဆင်းပုံ pattern တွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဒီနည်းပညာမူပိုင်ခွင့်ကို ၂၀၁၅ ခုနှစ်မှာ Samsung ကနေ မူပိုင် ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။
ဒီနည်းက စမတ်လက်ပတ်ပေါ်က ကင်မရာကနေ သွေးကြောတွေစီးဆင်းပုံကို မှတ်သားပြီး တကယ်လို့ ဒီလူဟာ ပိုင်ရှင်မှန်ဆိုရင် စကားဝှက်မလိုဘဲ တစ်ခါတည်း ဖွင့်ပေးသွားနိုင်မှာ ဖြစ်ပြီး အကောင့်တွေထဲ login ဝင်နိုင်မှာပါ။
(၃) ကိုယ့်ပုံကို ဓါတ်ပုံပြန်ရိုက်ခြင်း (Selfie)
စမတ်ဖုန်းများ လူကြိုက်များလာခြင်းထဲမှာ ကိုယ့်မျက်နှာပုံကို ကိုယ်ပြန်ပြီး ဓါတ်ပုံရိုက်ကူးနိုင်တဲ့ ဆဲလ်ဖီ ရှေ့ ကင်မရာများ ပါလာတာကလည်း အဓိကအချက်ဖြစ်ပါတယ်။ ဒီဆဲလ်ဖီကို အပျော်တမ်းသက်သက် ရိုက်ကူးရေးသုံးဖို့ စဉ်းစား ခဲ့ရာကနေ မျက်နှာပြင် ဖတ်ရှုပြီး လော့ခ်ဖြည်ဖို့ ပါ သုံးလာကြပါတယ်။
အန်းဒရိုက်ဖုန်းတွေမှာ ဆဲလ်ဖီဆွဲပြီး ဖုန်းဖွင့်တဲ့နည်းလမ်းကို သုံးလာခဲ့သလို Apple ဟာ သူ့ ရဲ့ အိုင်ဖုန်းသစ်မှာ လေဆာစနစ်သုံး ဆဲလ်ဖီ နဲ့ မျက်နှာပြင်ဖတ်တဲ့ စနစ်ကို သုံးသွားဖို့ မူပိုင်ခွင့်ရထားပါတယ်။
(၄) ခန္ဓာ အစိတ်အပိုင်း များရဲ့ အရွယ်အစား တိုင်းတာခြင်း
Google ဟာ ယခုလအစောပိုင်းထဲမှာ ခန္ဓာကိုယ်အရွယ်အစားကနေ ဘယ်သူလဲဆိုတာကို သိရှိစေမယ့် စနစ်တစ်ခုကို မူပိုင်ခွင့်ယူထားပါတယ်။ depth-sensing လို့ ခေါ်တဲ့ ကင်မရာစနစ်ပါတဲ့ ဆဲလ်ဖီကင်မရာနဲ့ ပဲ သုံးမယ့်သူရဲ့ပုံကို ရိုက်ကူးပြီးနောက် ဆော့ဖ်ဝဲလ်ကနေ မှတ်ထားတဲ့ ID နဲ့ တူမတူဆိုတာကို လိုက်ပြီး ယှဉ်တွဲကြည့်မှာပါ။
ဒါကြီးကတော့ တစ်မျိုးကြီး ဖြစ်ချင်ဖြစ်နေမှာပါ။ ကိုယ့်ခန္ဓာကိုယ်က မတော်လို့ အချိုးအဆ မမှန်တော့ရင် ပြဿနာပဲ။ ဒီလို စိတ်ကူးဆန်းကြီးကို အန်းဒရိုက်စနစ်မှာ ဘယ်တော့ သုံးမလဲတော့ မသိသေးပါဘူး။
(၅) မျက်စိစကင်ဖတ်ခြင်း (Iris Scanning)
မျက်စိစကင်ဖတ်တာဟာ biometric verification နည်းလို့ ခေါ်တဲ့ လူ့ ကိုယ်ခန္ဓာရဲ့ ထူးခြားကွဲလွဲတဲ့ အစိတ်အပိုင်းများကနေ ID ခွဲတာမျိုး ဖြစ်ပြီး သိပ္ပံရုပ်ရှင်ကားတွေမှာ အတွေ့ များပါတယ်။
မျက်စိထဲမှာပါတဲ့ မျက်ဆံကနေ အရောင်အသွေးပိုင်းနဲ့ ဖွဲ့ စည်းပုံကနေ လူတွေကို ခွဲခြားတာဖြစ်ပြီး Samsung ရဲ့ Galaxy Note 7 မှာ စသုံးတာပါ။ ဒီနေ့ အဆင့်မြင့် စမတ်ဖုန်းတော်တော်များများမှာလည်း တွေ့ နေရပါပြီ။
From : Duwun by Nyein Min Wai
Originally published at - http://www.duwun.com.mm
Subscribe to:
Post Comments (Atom)
- ရှာဖွေရန်
- USB debugging on & Off ဆိုတာ
- [Zenfone 2] How to Enter Recovery, Wipe Data, Wipe...
- Samsung Galaxy ဖုန်းတွေ Recovery Mode ၀င်နည်း
- Samsung ဖုန်းများ အတွက် Full File FIrmware ( Repai...
- iPhone 5s iOS 9.0.2 ကို Jailbreak လုပ်နည်း
- ဒေါင်းလော့ဆိုဒ်မျိုးစုံမှ လွယ်ကူစွာ ဒေါင်းယူနည်းမျ...
- Computer ကနေ Google Play Store မှ Application တွေက...
- Blogger တွင် ZawGyi နှင့် Unicode Font များကို Emb...
- Factory reset အလွယ်တကူ ချယူ နည်းများ
No comments: