
ဖုန်းကောင်း ကိုင်သူ များဟာ ဖုန်းရဲ့ ဒီဇိုင်း အလှအပ မပျက် ရလေအောင် ဖုန်းကာဗာ ကောင်းကောင်း ဝယ်သုံးလေ့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုင်တဲ့ ဖုန်း အတွက် သီးသန့် ဒီဇိုင်း ထုတ်ထားတဲ့ ဖုန်းကာဗာကို ဝယ်မှသာ ဖုန်းရဲ့ ဒီဇိုင်းပိုင်းလည်း မထိခိုက် သလို ကိုင်ရတာလည်း စမတ် ကျကျ လိုက်ဖက် နေမှာပါ။
Galaxy S8 စီးရီးများ ဈေးကွက်ထဲ ဝင်ရောက် လာပြီ ဆိုတော့ ဒီဖုန်းနဲ့ လိုက်ဖက်တဲ့ ဖုန်းကာဗာလေးများကို ညွှန်းချင်ပါတယ်။
(၁) Speck presidio Grip
ဖုန်းကာဗာမှာ ဗြောင်မဟုတ်ဘဲ အစင်းကြောင်းလေးတွေနဲ့ အကွက်ဖော်ထားတဲ့ ဒီဇိုင်းကြိုက်သူများအတွက် Speck က ထုတ်တဲ့ Presidio Grip ကာဗာလေး ရှိပါတယ်။ ချပ်ချပ်ရပ်ရပ်နဲ့  သားနားတဲ့ ဒီလို ဒီဇိုင်းမျိုးက လူကြိုက်များသလို ဖုန်းရဲ့ အလှအပကိုပါ အားဖြည့်ပေးတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ အရောင် ၅ မျိုးနဲ့ ရောင်းချနေတဲ့ ဒီကာဗာလေးကို ဒေါ်လာ ၄၀ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မှာပါ။
(၂) UAG Pathfinder Series
Urban Armor Gear ကနေ ထုတ်တဲ့ ဒီကာဗာလေးကတော့ အကြမ်းခံဖို့ ကို အဓိကထား ထုတ်တာပါ။ သူ့ ရည်ရွယ်ချက်အတိုင်း ဒီမော်ဒယ်ကာဗာဟာ drop test လုပ်ရာမှာ စစ်တပ်သုံး အကြမ်းခံစံချိန်မီတာ ဖြစ်လို့  မတော်တဆ လွတ်ကျလို့ လည်း စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး။ အဖြူအနက် နီညိုဆိုပြီး ကာလာသုံးမျိုးနဲ့ လာတဲ့ ဒီကာဗာလေးရဲ့ ဈေးကတော့ ၃၅ ဒေါ်လာဖြစ်ပါတယ်။
(၃) OtterBox Defender Series Realtree Case
ဒီဇိုင်းပိုင်းမှာ အလန်းစားကြိုက်သူများအတွက် လူငယ်ဆန်ဆန် အကြမ်းခံတဲ့ ကာဗာလေးပါ။ OtterBox နဲ့ Realtree တို့ ပူးပေါင်းပြီး ထုတ်လုပ်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ဒီဇိုင်းအသွင်အပြင်ကို ပေးစွမ်းနိုင်မှာပါ။
(၄) Tech 21 Evo Check
Evo Check ရဲ့ ဗားရှင်းကတော့ အလန်းစား ဒီဇိုင်းဖြစ်ပြီး Active Edition နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ ကျောဘက်မှာ ကိုင်လို့ ပြုလို့ အဆင်ပြေတဲ့ ရာဇမတ် ကွက်နဲ့ ထုတ်ထားပြီး အမြင့် ၃မီတာ (၉ပေကျော်) လောက်ကနေ လွတ်ကျလို့ လည်း ပျက်စီျးွှာ မဟုတ်ပါဘူး။ ဒီကာဗာမှာ အကြည်သား အဖြူဒီဇိုင်းနဲ့ လည်း ထွက်ထားပြီး ဒေါ်လာ ၄၀ ဈေးနဲ့ ရောင်းချထားပါတယ်။
(၅) Spigen Thin Fit
ပါးလွှာ ချပ်ရပ်ပြီး သေသပ်သလောက် ရိုးရှင်းတဲ့ ဖုန်းကာဗာလေးဖြစ်ပါတယ်။ Spigen က ထုတ်ထားတာ ဖြစ်ပြီး ဖုန်းနဲ့ လိုက်ဖက်တဲ့ ကာလာတွေဖြစ်တဲ့ ရွှေရောင် ၊ အနက်ရောင်နဲ့ အပြာနုရောင်သုံးမျိုးနဲ့ လာပါတယ်။ ဈေးကတော့ ၁၅ ဒေါ်လာ ဖြစ်ပါတယ်။
From : Duwun by Nyein Min Wai
Originally published at - http://www.duwun.com.mm/tech/gadget/galaxy-s8-id6568655.html

No comments: