တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 31, 2017

Oppo F3 Black Edition ကို ဇွန်လ ၄ ရက်နေ့  ဖြန့် ချိသွားမည်




Selfie Expert လို့ နာမည်ကြီးတဲ့ Oppo F3 ရဲ့ Black Edition ကို လာမယ့် ဇွန်လ ၄ ရက်နေ့ မှာ အိန္ဒိယ ဈေးကွက်ထဲ ဖြန့်ချိ သွားမယ်လို့ Oppo ရဲ့ Facebook စာမျက်နှာမှာ အတည်ပြု ထားပါတယ်။

Oppo ဟာ ဆယ်လ်ဖီ ကင်မရာ နှစ်လုံးပါ Oppo F3 ကို ယခု လဆန်း ပိုင်းတုန်းက အိန္ဒိယ ဈေးကွက်မှာ စတင်ဖြန့် ချိခဲ့တာ ဖြစ်ပါတယ်။

ထိုအချိန်က ဖြန့်ချိ ခဲ့တာကတော့ ရွှေရောင် ဗားရှင်းဖြစ်ပြီး ရူပီး ၁၉၉၉၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းခန့် ) ဈေးနဲ့ ရောင်းချ ခဲ့တာပါ။

full HD display ပါတဲ့ Oppo F3 ဟာ မျက်နှာပြင် ၅.၅ လက်မရှိပြီး မှန်ပြင်ကတော့ အစင်းထင်ခံနိုင်တဲ့ Gorilla Glass 5 နဲ့ အုပ်ထား ပါတယ်။ RAM 4GB / internal storage 64GB ပါရှိပြီး microSD ကဒ်ကို 128GB အထိ ထပ်တိုး စိုက်နိုင်မှာပါ။

ဘက်ထရီကတော့ အသေထည့် ထားတဲ့ 3200 mAh ဘက်ထရီ ဖြစ်ပါတယ်။

ဒီဖုန်းဟာ ဆယ်လ်ဖီအသားပေးဖုန်းဖြစ်တာကြောင့် ရှေ့ဘက်ခြမ်းမှာ 16MP နဲ့ 8MP sensor နှစ်ခုပါတဲ့ dual ရှေ့ ကင်မရာနှစ်လုံး သုံးထား ပါတယ်။ 8MP ကင်မရာကတော့ သူငယ်ချင်းတွေ တစ်စုတစ်ဝေးကြီးနဲ့ ဆယ်လ်ဖီဆွဲလို့ ရတဲ့ wide-angle ကင်မရာ ဖြစ်ပါတယ်။

ကျောဘက်မှာတော့ 13MP ကင်မရာကို သုံးထားပါတယ်။လက်ဗွေစနစ်ကတော့ တစ်ခြား Oppo ဖုန်းများလိုပဲ home button အောက်မှာ တပ်ဆင်ထားပြီး ၀.၂ စက္ကန့် အတွင်း ဖုန်းကို လော့ခ်ဖွင့်လို့ ရပါတယ်။

SIM ကဒ် နှစ်ကဒ်စိုက်သုံးနိုင်တဲ့ Oppo F3 ဟာ Android 6.0 Marshmallow ကို အခြေခံထားတဲ့ ColorOS 3.0 ကို သုံးထားပါတယ်။

အိန္ဒိယဈေးကွက်ထဲမှာ နေရာရဖို့ ကြိုးပမ်းနေတဲ့ Oppo ဟာ လာမယ့် နှစ်နှစ်ကနေ သုံးနှစ်အတွင်း အိန္ဒိယနိုင်ငံထဲမှာ စမတ်ဖုန်းများ ထုတ်လုပ်သွားဖို့ ရှိနေ ပါတယ်။

လောလောဆယ်မှာလည်း အိန္ဒိယမှာ စက်ရုံသစ် ဆောက်ဖို့ ရူပီး သန်း ၂၀၀၀ ရင်းနှီးမြှပ်နှံ ထားပြီ ဖြစ်ပါတယ်။ Oppo F3 ရဲ့ Black Edition ဟာ အိန္ဒိယဈေး ကွက်မှာ လူကြိုက်များမလား စောင့်ကြည့်ရ ဦးမှာပါ။

From : Duwun by Nyein Min Wai

Originally published at - http://www.duwun.com.mm

No comments: