
အိုင်ဖုန်း သုံးစွဲ သူတွေ အနေနဲ့ ဓာတ်ပုံ ကောင်းကောင်း တစ်ပုံ ထွက်ဖို့ ကင်မရာ setting ချိန်နည်း ရိုက်ကူး နည်းတွေကို အက်ပဲလ်က လမ်းညွှန်ပေး လိုက်ပါတယ်။
သည်နည်းလမ်းကတော့ အလွယ်ကူ ဆုံးနဲ့ ဆက်တင်ချိန်ရိုက်ကူးရတာ ဖြစ်ပါ တယ်။ Auto mode ထက် manual mode နဲ့ ရိုက်ကူးမယ်ဆိုရင် မိမိအနေနဲ့ လိုချင်တဲ့ အလင်းအမှောင်ကို သေချာရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။
အိုင်ဖုန်းမှာ အန်းဒရိုက်တွေလို manual mode သီးသန့်မပါဝင်ပေမဲ့ ကင်မရာ ဆက်တင်ချိန်နည်းတွေကို အက်ပဲလ်က သူ့ရဲ့ ဘလော့ဂ်မှာဗီဒီယိုဖိုင်တစ်ခုနဲ့ ဖော်ပြပါတယ်။
နေအလင်းရောင်စူးတဲ့ အချိန်နဲ့ နေ သာတဲ့ အချိန်တွေလိုအပြင်ဘက် outdoor ရိုက်ကူးတာ ဖြစ်စေ၊ မီးအလင်းရောင်များ တဲ့ indoor ဖြစ်စေသည်လို ဆက် တင်ညှိပါ။ အလင်းရောင်အောက်မှာ ဓာတ်ပုံရိုက်ကူးခံမယ့် သူ့ကိုကင်မရာမှာ ဖိုးကပ် ထောက်ပြီးသေချာချိန်ပါ။
စခရင်ပေါ်မှာ လက်နဲ့ အောက်ဘက် ကို ဆွဲပြီးနေပုံသဏ္ဍာန် exposure ဆိုတာကို အနိမ့်ဆုံးထားလိုက်ပါ။ ပြီးတာနဲ့ ချက် ခြင်းရိုက်ကူးပါ။
မိုးအုံ့နေတဲ့ပုံစံမျိုး foreign ဆန်ဆန် ရိုက်ကူးမယ်ဆိုရင်လည်း cloudy ကို ရွေးနိုင်ပါတယ်။
မှောင်တဲ့နေရာတွေမှာဆိုရင် ဆက်တင်ဆန့်ကျင်ဘက်ချိန်ပါ။ ရိုက်ကူးခံမယ့်သူ သို့မဟုတ် အရာဝတ္ထုတစ်ခုကို ဖိုးကပ် ထောက်ပြီး စခရင်အပေါ်ဘက်ကို ဆွဲကာ နေပုံသဏ္ဍာန် exposure ဆိုတာကို အမြင့် ဆုံးထားလိုက်ပါ။
တချို့ဓာတ်ပုံတွေက အလျားလိုက် ရိုက်ကူးရတာမျိုး ရှိပါတယ်။ မြင်ကွင်း ကျယ်ကျယ် ရိုက်ကူးမယ့် aနရာတွေ၊ အဖွဲ့လိုက်ပုံ ရိုက်ကူးဖို့ horizon mode နဲ့ ရိုက် ကူးကြ ပါတယ်။ ဖုန်းကင်မရာ ကိုယ်ထည်ကို အလျားလိုက် ရိုက်ကူးတာက horizon setting ချိန်ပြီး ရိုက်ကူး တာလောက် resolution သိပ်မကောင်းပါဘူး။
Horizon mode ရိုက်ကူးမယ်ဆိုရင် ဆက်တင်ထဲက grid ကို turn on လုပ်ပါ။ Setting>Photos & Camera >Grid On ထဲဝင်ပါ။ HDR ကို turn on လုပ်ပြီး high-lights နဲ့ shadows ကို on ပါ။
အဲသည်ထဲ က frame the horizon along the grid lines ကိုရွေးပြီး ရိုက်ကူးပါ။ Gird Line တွေမှာ ratio အချိုးတွေကိုရွေးပြီး ရိုက်ကူး နိုင်ပါတယ်။
From : ကုမုဒြာဂျာနယ် by မေဘယ်လ်
Originally published at - http://www.kumudranews.com

No comments: