တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 26, 2015

စမတ်ဖုန်းမှာ လက်ချောင်းများနဲ့ စာရေးနိုင်မယ့် Google Handwriting Input



စမတ်ဖုန်းမှာ On-Screen Keyboard တွေနဲ့ စာရိုက် ရတာကို မနှစ်သက်ဘဲ လက်နဲ့ စာရေး ရတာကို နှစ်သက် သူများ အတွက် Google က Google Handwriting Input App ကို ဖြန့်ချီပေး ထားပါတယ်။

ဘာသာစကား ၈၂ မျိုးနဲ့ စာရေး သားနိုင် ပါတယ်။ လက်ချောင်း အပြင် Stylus နဲ့ပါ ရေးသားနိုင်တဲ့ အတွက် Stylus ပါတဲ့ ဖုန်းများမှာ ဆိုရင် ပိုမို အဆင်ပြေ ပါတယ်။

စာသားများ အပြင် Emojis များကိုပါ လက်နဲ့ ရေးသားနိုင် တာက ပျော်စရာ ကောင်းပါတယ်။ Voice Input လည်းပါရှိပြီး စကားပြောပြီး စာရေးသား နိုင်ပါတယ်။ Google Handwriting Input ရဲ့ လက်ရေးများကို စာသားများ အဖြစ်ပြောင်းလဲ ပေးနိုင်တဲ့ စွမ်းရည်က အလွန်ကောင်းမွန်ပြီး တိကျပါတယ်။ အနည်းငယ်သာ အမှားအယွင်း ရှိတာကို တွေ့ရပါတယ်။

Google Handwriting Input ကို ပထမဆုံး အကြိမ်ဖွင့်ရင် Google Terms of Services and Privacy Policy ကို သဘော တူညီဖို့ Box တစ်ခု ကျလာပါမယ်။

အိုကေကို နှိပ်ပြီးရင် ပြုလုပ် ရမယ့် အဆင့် သုံးဆင့်ကို လမ်းညွှန်ပေး ထားပါတယ်။ Google Handwriting Input ကို သင့်ဖုန်းမှာ Enable လုပ်ခိုင်း တာဖြစ်ပြီး အဆင့် တစ်ကို နှိပ်ပြီး Enable လုပ်ပါ။ သင့်ဖုန်းရဲ့ System Language ဟာ English ဖြစ်နေရင် အဆင့်နှစ်ဖြစ်တဲ့ Language ကို ဒေါင်းလုပ် ပြုလုပ်တဲ့ အဆင့်ကို အလိုအလျှောက် ပြုလုပ် ပေးမှာပါ။ အဆင့်သုံးမှာတော့ Google Handwriting Input ကို သင့်ဖုန်းရဲ့ Default Keyboard အဖြစ် သတ်မှတ် ခိုင်းတာ ဖြစ်ပါတယ်။


ပြီးရင်တော့ Google Handwriting Input ကို စမ်းသပ်အသုံးပြုဖို့ အဆင့်သုံးအောက်မှ Text Box ကို တစ်ချက်နှိပ်ပါ။ Write here ဆိုတဲ့ Box မှာ လက်ချောင်းနဲ့ စာများရေးသား ရမှာ ဖြစ်ပါတယ်။

ရေးသားရမယ့် ပုံစံကတော့ စကားလုံး တစ်ခုချင်း စီကို ရေးသား ရမှာပါ။ ဥပမာ အားဖြင့် “ How are you? “ လို့ ရေးသား ချင်တယ်ဆိုရင် How လို့ရိုက်ပြီး ခဏစောင့်ပါ။ App က အပေါ်မှာ အကြံပြုချက် သုံးခုကို ပြသပေးမှာ ဖြစ်ပြီး အလယ်မှ အကြံပြုချက်ကို အလို အလျှောက် ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ သူရွေးချယ်တာ မှားနေရင် အကြံပြုချက် ထဲမှ အခြား တစ်ခုကို တစ်ချက်နှိပ်ပြီး ရွေးချယ်နိုင် ပါတယ်။

How လို့ ရိုက်ပြီး ခဏစောင့်ရတဲ့ အချိန်ဟာ အလွန်မြန်တဲ့ အတွက် စောင့်ရတယ် လို့တောင် မထင်ရ ပါဘူး။ How လို့ ရိုက်ပြီးတဲ့ နောက်မှာ အဲဒီ စကားလုံးကို ရှေ့ဘက်ကို ရွှေ့ပြီး Box မှ ဖယ်ရှားပေးလိုက်တဲ့ အတွက် Box မှာ စာရေးသားဖို့ နေရာကျဉ်းကျပ်တဲ့ ပြဿနာကို မတွေ့ရပါဘူး။

နောက်စကားလုံးတစ်ခုအနေနဲ့ are လို့ ရိုက်ရင် အလယ်မှ အကြံပြုချက်မှာ Space သင်္ကေတနဲ့ are ကို ကပ်လျက်ပြသပေး ထားပါတယ်။ App က How နဲ့ are ကြားမှာ Space ခြားရမယ် ဆိုတာကို အလို အလျှောက်သိပြီး ရွေးချယ်ပေးမှာပါ။


ရေးသားပြီးတဲ့ စကားလုံး တစ်ခုကို ဖျက်ချင်ရင် အောက်ခြေရှိ Space Bar ရဲ့ ညာဘက်မှ Backspace Key ကို နှိပ်နိုင် ပါတယ်။ ဒါမှ မဟုတ် Input Box မှာ ညာဘက် ကနေ ဘယ်ဘက်သို့ အလျားလိုက် ပွတ်ဆွဲပြီး လျှင်မြန်စွာ ဖျက်နိုင် ပါတယ်။ စကားလုံး တစ်ခုမှ အက္ခရာ တစ်ခုကိုသာ ဖျက်ချင် ရင်တော့ အောက်ခြေရဲ့ ဘယ်ဘက်ထောင့်စွန်းမှ Back Button ကို နှိပ်ပါ။ ဒါဆိုရင် ရေးသား ပြီးတဲ့ စကားလုံးကို ပြန်လည်ပြသ ပေးမှာ ဖြစ်ပြီး အက္ခရာ တစ်ခုကို ဖျက်ချင်ရင် Back Button ကို တစ်ချက်စီနှိပ်ပြီး ဖျက်နိုင်ပါတယ်။


ညာဘက် အောက်ထောင့်စွန်းမှ Emojis ခလုတ်ကို နှိပ်ပြီး Emojis များ ထည့်သွင်းနိုင် ပါတယ်။ စာရေးသူရဲ့ ဖုန်းမှာတော့ Emojis များထည့်သွင်း ကြည့်တာ အဆင် မပြေပါဘူး။ အွန်လိုင်းမှ Video Review တွေမှာ ကြည့်တဲ့ အခါမှာတော့ အဆင်ပြေ တာကို တွေ့ရပါတယ်။ Emojis များကို လက်နဲ့ ဆွဲပြီး ထည့်သွင်းနိုင် ပါတယ်။ ဥပမာ အားဖြင့် အောက်က ပုံမှာလို ရေးဆွဲ လိုက်ရင် Emoji သုံးခုကို အကြံပြု ပြသပေးမှာ ဖြစ်ပါတယ်။ နှစ်သက်ရာကို ရွေးချယ် ထည့်သွင်းနိုင်ပါတယ်။


အောက်ခြေမှ ကမ္ဘာလုံးပုံကို နှိပ်ရင် ကီးဘုတ်ကို ပြောင်းနိုင်ပါတယ်။ ဒါမှမဟုတ် Space Bar ကို ဖိထားနိုင်ပါတယ်။

Phone ရဲ့ Menu ခလုတ်ကို နှိပ်ပြီး Settings ထဲသွားရင် Input Language နဲ့ Theme ကို ပြောင်းလဲနိုင်ပါတယ်။ Auto selection ကတော့ စကားလုံးများကို App က အလိုအလျှောက် ရွေးချယ်ပေးတာဖြစ်ပါတယ်။ Default အားဖြင့် ၄၀၀ မီလီစက္ကန့်ကို ထားရှိပေးထားပြီး အဲဒီ Setting က အဆင်ပြေတာကိုတွေ့ရပါတယ်။


Google Handwriting Input ကို Android 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါလင့်မှာ ရယူနိုင်ပါတယ်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

myanmardigitallife

Original link - http://www.myanmardigitallife.com/?p=4559



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: