တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 26, 2015

Android Phone ကို ကားရဲ့ Audio System နဲ့ ချိတ်ဆက်နည်းများ



ယာဉ်မောင်းသူ အများစုက ကားမောင်းနေစဉ် သီချင်းများကို နားထောင် ခံစားလေ့ ရှိပါတယ်။ ဒါပေမယ့် ရေဒီယိုများက သင်နားထောင် ချင်တဲ့ သီချင်းကို ဖွင့်ပေးမှာ မဟုတ်ပါဘူး။

CD တွေကလည်း ပျက်ဆီးလွယ်တဲ့ အတွက် အဆင် မပြေပါဘူး။ Android Phone မှာ စိတ်ကြိုက် သီချင်းများစွာ ထည့်သွင်း ထားသူများ အတွက် ဖုန်းမှ သီချင်းများကို ကားရဲ့ Audio System နဲ့ ချိတ်ဆက် နားထောင် ချင်ရင် နည်းလမ်း များစွာ ရှိပါတယ်။

Analogue Cable

လူအများစု အသုံးပြုကြတာက 3.5mm Mini Jack Cable ဖြစ်ပါတယ်။ ကြိုးရဲ့ တစ်ဖက်ကို သင့်ဖုန်းရဲ့ Headphone Jack မှာ တပ်ဆင်ရမှာ ဖြစ်ပြီး နောက်တစ်ဖက်ကို ကားရဲ့ Audio System မှာ တပ်ဆင် ရမှာပါ။ ဒီလို ချိတ်ဆက်ဖို့ နည်းများစွာ ရှိပါတယ်။ Car Audio System ရဲ့ အရှေ့ဖက် သို့မဟုတ် Dashboard ရဲ့ အနောက်ဘက်မှာ တပ်ဆင်နိုင်ပါတယ်။
Cassette Tape Player တပ်ဆင် ထားတဲ့ ကားများမှာတော့ Cassette Adapter ကို အသုံးပြုနိုင် ပါတယ်။ ဈေးနှုန်းသက်သာပြီး MP 3 Player သို့မဟုတ် ဖုန်းမှ Headphone နဲ့ ချိတ်ဆက်နိုင် ပါတယ်။ ပြီးရင်တော့ ဖုန်းမှ သီချင်း များကို ကားရဲ့ စပီကာ ကနေ ခံစားနားထောင် နိုင်ပါပြီ။ ဖုန်းမှသာ မက အင်တာနက်မှ သီချင်းများ ကိုတောင် နားဆင်နိုင် ပါတယ်။



Bluetooth

ခေတ်ပေါ် ကားများရဲ့ Audio System မှာ Bluetooth ပါရှိ ကြပြီး သင့်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင် ပါတယ်။ ဒီလို ချိတ်ဆက်ဖို့ အတွက် သင့်ကားရဲ့ Audio System မှ Bluetooth ကိုဖွင့်ပါ။ Discoverable ဖြစ်အောင် ပြုလုပ်ပါ။

သင့်ရဲ့ Android Device မှာ Settings>Wireless and Networks>Bluetooth Settings ထဲသွားပြီး Bluetooth ကိုဖွင့်ပါ။ Scan ပြုလုပ်ပြီး ကားရဲ့ Audio System ကို ရှာဖွေပြီး Pair လုပ်ပါ။

Bluetooth ရဲ့ အားသာချက်က တစ်ခါသာ ချိတ်ဆက် ရပြီး နောက်ပိုင်းမှာ ချိတ်ဆက်စရာ မလိုတာပါ။ အားနည်းချက်က သင့်ဖုန်းရဲ့ ဘက်ထရီကို အကုန်မြန်စေတာပါ။ ဒီနည်းနဲ့ သီချင်းနားထောင်ရင်တော့ ကားထဲမှာ ဖုန်းကို အားသွင်းထားရင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဖုန်းမှသာမက အင်တာနက်မှ သီချင်းများနဲ့ ရေဒီယိုများကို နားဆင်နိုင်ပါတယ်။



USB

Bluetooth လိုပဲ ခေတ်သစ်ကားအချို့ရဲ့ Audio System မှာ ပြင်ပ Storage Device များကို ချိတ်ဆက်နို်င်တဲ့ USB Cable ပါရှိပါတယ်။ အဲဒီကြိုးကနေ သင့်ဖုန်းနဲ့ ကားရဲ့ Audio System ကို ချိတ်ဆက်နိုင်ပြီး သီချင်းများ နားဆင်နိုင်ပါတယ်။

ချိတ်ဆက်ပြီးရင်တော့ သင့်ဖုန်းမှာ Storage Mode ကိုပြောင်းပေးရမှာပါ။ ဒီလိုလုပ်ဖို့ Notification Bar ကို ဆွဲချပြီး USB Mass Storage သို့မဟုတ် USB Connection Mode ကို ပြောင်းပေးပါ။ ဒါကတော့ ဖုန်းထုတ်လုပ်သူတွေ အပေါ်မူတည်ပြီး အခေါ်အဝေါ် ကွဲပြားပါတယ်။ ပြီးရင်တော့ ကားရဲ့ Audio System မှာ ဖုန်းမှ သီချင်းများကို တွေ့မြင်နိုင်ပါပြီ။

ဒီနည်းလမ်းရဲ့ အားနည်းချက်က သင့်ဖုန်းမှာ သိမ်းထားတဲ့ MP3 သီချင်းများကိုသာ နားထောင်နိုင်တာ ဖြစ်ပြီး အင်တာနက်မှ သီချင်းများကို နားဆင်လို့ မရတာပါ။ ဒါပေမယ့် သီချင်းနားဆင်နေစဉ်မှာ ဖုန်းကို အားသွင်းပေးနေမှာပါ။



FM Transmitter

အချို့ ဖုန်းများမှာ FM Transmitter စွမ်းဆောင်ချက် ပါရှိပါတယ်။ ဒါကို အသုံးပြုနိုင်သလို Quick FM Transmitter လို App များကို အသုံးပြုပြီး သင့်ဖုန်းမှ သီချင်းများကို ကားရဲ့ စပီကာကနေ နားထောင်နိုင်ပါတယ်။

နောက်တစ်နည်းက ဈေးနှုန်း သက်သာတဲ့ FM Transmitter ကိရိယာကို ၀ယ်ယူရမှာပါ။ အဲဒီ ကိရိယာကို ဖုန်းရဲ့ Headphone Jack မှာ တပ်ဆင်ရမှာပါ။ အလုပ်လုပ်ပုံက Analogue Cable နဲ့ တူညီပေမယ့် FM Transmitter ကို ကားရဲ့ အားသွင်းစက်မှာ တပ်ဆင်ထားရမှာပါ။



ရွေးချယ်စရာ နည်းလမ်း များစွာ ရှိပေမယ့် အများစုက Analogue Cable , Cassette Adapter တို့ကို အသုံးပြုနေ ကြပါတယ်။ ဒါဟာ ကားရဲ့ Audio System မှာ Bluetooth ပါရှိတယ် ဆိုတာ မသိကြလို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Cassette Player များ တပ်ဆင်ထားတဲ့ ကားအဟောင်းများ အသုံးပြုနေ ကြလို့ ဖြစ်နိုင် ပါတယ်။ သင့်ရဲ့ ကားမှာ Digital Sound System ပါရှိတယ် ဆိုရင် Analogue Cable နည်းလမ်းဟာ အသံ အရည်အသွေး အပြည့်အ၀ မရနိုင် တာကို မှတ်သားထားပါ။

Myanmar digital life By Thu Ya

Original link - http://www.myanmardigitallife.com/?p=4493

No comments: