တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 27, 2015

Money Test & Time Service Error Remove Tool ( Beta 1.0 )




1 - Money Test & Time Service Error Remove Tool ( Beta 1.0 )

အခုတလော Android OS သုံး ဖုန်းများမှာ Monkey Test & Time Service ဆိုတဲ့

malware နှစ်မျိုးရဲ့ တိုက်ခိုက်ခြင်းကို ဆိုးဝါးစွာ ခံနေကြ ရတာတွေ့ရပါတယ်။ ဒီလို အခြေအနေ တွေကျရင် ဘာတွေဖြစ်နိုင်လည်း ဆိုရင်တော့ သင့်ရဲ့ Android ဖုန်းပာာ Wifi နဲ့ Data connection ကို off ထားပေမဲ့လဲ အလို အလျောက် ပြန်ပြန် ပွင့်လာတဲ့ error ကို ရင်ဆိုင် ရပါတယ်။

အဲဒီခါကျရင် Firmware ပြန်တင်နေကြ ရတာတွေ တော်တော်ကို ကြုံတွေ့နေရ ပါတယ်။ အခု ကျတော့် သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ Ko Aung Myint Oo (iFix Myanmar.com ) မှ ဒီ error ကို ဖြေရှင်းတဲ့ နေရာမှာ Firmware တင်စရာ မလိုပဲ ဖြေရှင်း နိုင်ရန် bat ဖိုင်လေး တစ်ခုကို Beta 1.0 version အနေနဲ့ ဖန်တီးပေး ထားလိုက် ပါတယ်။


ဒီ bat ဖိုင်လေးကို အသုံးပြုနိုင်ရန် အတွက် သင့်ဖုန်းမှာ ROOT Access ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

အသုံးပြုပုံ ကတော့ လွယ်ကူပါတယ်။ normal mode ကနေပဲ bat ဖိုင်လေးကို ဖွင့်ပြီး enter ခေါက်ပေး လိုက်ရုံပါပဲ။

Root access တောင်းဆို လာခဲ့ရင် Allow ဆိုတာကို နှိပ်ပေး လိုက်ရုံပါပဲ။ ဒါဆိုရင် bat ဖိုင်လေး ကနေ အလုပ် လုပ်ပေး သွားပြီး ဖုန်းကို reboot ချပေး ပါလိမ့်မယ်။ ပါဝါပြန်တက် လာရင်တော့ ဖုန်းမှာ တက်နေတဲ့ Monkey Test & Time service ဆိုတဲ့ malware လေးနှစ်ခုကို ရှင်းလင်းပေး ထားတာ တွေ့ရ ပါမယ်။

Remark >>> အလုံးတိုင်းတော့ အဆင်မပြေနိုင်ပါ။ စမ်းသပ် အသုံးပြုနိုင်ရန် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - http://www.myanmarmobileapp.com/2015/09/24/money-test-time-service-error-remove-tool-beta-1-0/




2 - monkey test နဲ့ time service virus ရှင်းနည်း
ရေးသားသူ – Soe Han Htun (Myanmar Mobile User Group)

One click solution တွေ ထွက်လာပေမယ့် ရာနှုန်းပြည့် မရှင်းနိုင်ကြသေးတာကို တွေ့ရလို့ manual ရှင်းလို့ ရအောင် ရည်ရွယ်ပြီး ရေးလိုက်တာပါ။

လိုအပ်ချက်တွေအနေနဲ့ကတော့
adb command အသုံးပြုတတ်သူဖြစ်ရပါမယ်၊
ဖုန်းမှာ root access ရှိရပါမယ်၊
Busybox သွင်းထားရပါမယ်။(busybox.apk ကို playstore မှာတင် လွယ်လင့်တကူ သွင်းယူနိုင်ပါတယ်။
ပထမဆုံးကတော့ ဖုန်းကို wifi နဲ့ internet ကို ပိတ်ထားပေးပါ။
ပြီးရင် အရင်ဆုံး ဖုန်းနဲ့ computer ချိတ်ဆက်ပါမယ်။
adb command သုံးဖို့ adb.exe ရှိတဲ့နေရာမှာ shift+Right-click သုံးပြီး open command window here နဲ့ cmd box ကို ခေါ်ပါ။
ပြီးရင် အောက်ပါ cmd များကို ရိုက်ပါမယ်။

adb shell
su

(အဲ device သိဖို့တော့ လိုမယ်နော်။ အပေါ်က cmd တွေပြီးရင် # သင်္ကေတ လေးပေါ်ပါမယ်။ ဖုန်းမှာလည်း superuser request တောင်းပါလိမ့်မယ်။)
System က default အနေနဲ့က user ကို read-only permission ပဲ ပေးထားပါတယ်။ဒီတော့ လုပ်ချင်တာလုပ်လို့ရအောင် read and write permission ရအောင် mount ရပါမယ်။

mount -o remount,rw /system

လို့ ရိုက်ထည့်ပါ။ ပြီးရင် virus ရှိတဲ့နေရာတွေကို ကြည့်ပြီး နာမည်တွေ မှတ်ထားနိုင်ဖို့ ls command ကို သုံးရပါမယ်။

ls -al /system/app လို့ ရိုက်ထည့်ပါ။ ပေါ်လာသမျှထဲမှာ virus file နာမည်တွေကို မှတ်ထားဖို့ လိုပါမယ်။ virus ဟုတ် မဟုတ် အလွယ်ခွဲခြားဖို့ ကတော့ date နဲ့ ခွဲနိုင်ပါတယ်။ ပြီးတော့ permission နဂို system file တွေက rw-r-r ပါ။ virus တွေကတော့ rw-r-r မဟုတ်ကြပါဘူး။

နောက်ထပ် နေရာတွေ စစ်ရပါအုံးမယ်။

ls -al /system/xbin
ls -al /system/bin

အဲ့ဒီ xbin နဲ့ bin ထဲမှာတော့ virus file တွေဟာ နာမည် အရှေ့မှာ . လေးတွေနဲ့ ပါပါတယ်။ (ဥပမာ- .b, .si.si)
အိုခေ အရင်ဆုံး app ထဲကကောင်တွေကို ဖျက်ဖို့ busybox command သုံးပါမယ်။

busybox chattr -iaA /system/app/*

လို့ ရိုက်ထည့်ပါ။ virus file တွေက ဖျက်ချခွင့်မရှိအောင် attribute တွေပြောင်းထားပါတယ်။ဒီအတွက် အထက်ပါ cmd က attribute ပြန်ပြောင်းတာပါ။ chattr ဆိုတာက change attribute ပါ။ နောက်က (-) အနုတ်က attribute တွေ ပြန်ဖြုတ်ရင်သုံးရပါတယ်။ ထည့်ချင်ရင်တော့ + ပေါ့။ i က immutable လို့ခေါ်တဲ့ attribute ပါ။

a ကတော့ append mode only ဆိုတဲ့ attribute ပါ။ A ကတော့ Don’t track attime ဆိုတဲ့ attribute ပါပဲ။ အခုသုံးတဲ့ busybox cmd ဟာ /system/app ထဲမှာ ရှိသမျှ apk အားလုံးကို အထက်က attribute 3မျိုးဖြုတ်ချပေးတာပါပဲ။ ပြီးရင်တော့ စပြီး ဖျက်ချလို့ ရပါပြီ။အကုန်လုံးကိုတော့ လိုက်ရေးမပေးတော့ပါဘူး။ ဥပမာအနေနဲ့ cameraupdate.apk ကိုပဲ ဖျက်ပြပါမယ်။

rm /system/app/cameraupdate.apk

လို့ရိုက်ထည့်ပါ။ rm က remove ပါ။ အဲ့ဒီ rm နဲ့ app ထဲက virus တွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖျက်ပါ။

ပြီးရင် bin နဲ့ xbin ထဲက . နဲ့စတဲ့ကောင်တွေကို ဖျက်ပါမယ်။ သူတို့ကိုတော့ app ထဲကလိုမျိုး အားလုံးကို ညွှန်းပြီး attribute ဖြုတ်ချလို့မရပါဘူး။ ထို့အတွက် တစ်ခုဖျက်ဖို့ cmd ၂ကြောင်းဂိုက်ပေးရပါမယ်။ ဥပမာအနေနဲ့ xbin ထဲက .si.si ဆိုတာကို ဖျက်ပြပါမယ်။

busybox chattr -iaA /system/xbin/.si.si
rm /system/xbin/.si.si

အထက်ပါပုံစံအတိုင်း xbin နဲ့ bin ထဲမှာ . နဲ့စသမျှအားလုံး လိုက်ဖျက်ပါ။

ပြီးရင်
ls -al /system/etc လို့ရိုက်ပါ။ အဲ့ထဲမှာ install-recovery.sh ဆိုတာ ပါခဲ့ရင် သူ့ကိုလည်း ဖျက်ပေးရပါမယ်။
အဆုံးသတ်အနေနဲ့ app ထဲကို ပြန်စစ်ပါ။

com.android.psetting.apk
com.android.psync.apk

အဲ့၂ခု ပြန်ပေါ်လာတတ်ပါတယ်။

အပေါ်က cmd တွေသုံးပြီး ဖျက်ချလိုက်ပါ။
ပြီးရင် ဖုန်းကို reboot ဆင်းလိုက်ပါ။
ပြန်တက်လာရင် ဖုန်းရဲ့ application manager ထဲသွားပြီး running မှာ com.android.ads…… စသဖြင့် အလယ်မှာ ad ပါတာတွေရယ်။ monkey test ရယ် time service ရယ်။ အဲဒီ apk တွေကို uninstall လုပ်ပေးလိုက်ပါ။

အားလုံးပြီးပါပြီ။

100% အောင်မြင်မယ် အာမမခံရဲပါဘူး။ ကျွန်တော် ရှင်းပေးတဲ့ အလုံးကိုတော့ ၁ပတ်ထိ စောင့်ကြည့်တာ ထပ်မံတက်လာခြင်း မရှိတော့ပါဘူး။
အမှားအယွင်းများ ပါခဲ့ရင် ခွင့်လွတ်ပါ။

ဟိုရေးဒီရေး မောင်ဟန်လေး

(*** ပြောဖို့ တစ်ခုကျန်သွားလို့ edit လုပ်လိုက်ပါတယ်။ တစ်ချို့ကောင်တွေမှာ /data/app ထဲမှာလည်း ဘာညာ သလကာတွေ ရှိပါကြောင်း။ ဖျက်ဖို့ သဘောတရားကတော့ တူတူပါပဲ ***)

by : Soe Han Htun (Myanmar Mobile User Group)




Money Test & Time service error ကို apk နဲ့ ဖြေရှင်းချင်သူများ အတွက်



Money Test & Time service error ကို ဖြည်ရှင်းဖို့ ကျတော် bat file လေးတစ်ခုတင်ပေးထားပါတယ်။

bat file ဆိုတော့ အားလုံး သိကြတဲ့ အတိုင်း Computer ရှိမှ အဆင်ပြေ ပါတယ်။ အခု Computer မလိုပဲ ဖုန်းကနေပဲ ဖြေရှင်းနိုင်တဲ့ apk လေး တစ်ခုတွေ့လို့ ထပ်မံ မျှဝေပေး လိုက်ပါတယ်။ Application ရဲ့နံမည်ကတော့ CM Security Antivirus Applock လို့သိရ ပါတယ်။ လောလောဆယ် ကျတော်ကတော့ သုံးမကြည့် ရသေးပါ။ သုံးဖူးတဲ့သူတွေ ကတော့ Firmware ပြန်တင် စရာ မလိုပဲ ဒီ application လေးနဲ့ အဆင်ပြေ ပါတယ်လို့ ပြောပြပေး ထားတာကြောင့် ကျတော်တို့ Android user တွေ အတွက် ပြန်လည် မျှဝေပေးလိုက် ရခြင်း ဖြစ်ပါတယ်။

application လေးအား အောက်မှာ အရင် Download ရယူလိုက်ပါ။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

လုပ်ပုံလုပ်နည်းလေး ကတော့ လွယ်ကူ ပါတယ်။ Download ပြုလုပ်လို့ ရရှိလာတဲ့ CM Security Antivirus Applock application လေးကို
install လုပ်ပြီး apk လေးထဲ ၀င်လိုက်ပါ။ ပြီးရင် Scan ဖတ်ပေး လိုက်ပါ။ ဒါဆိုရင် apk လေးထဲ ကနေ ကိုယ့်ဖုန်းမှာ ရှိတဲ့
apk တွေထဲက virus apk တွေကို ရှာပေး ပါလိမ့်မယ်။

Scan လုပ်ပေးပြီးလို့ ပြီးရင်တော့ Resolve all ကိုနှိပ်ပြီး virus apk တွေကို Delete လုပ်လိုက်ပါ။

ပြီးရင်ဖုန်းကို restart လုပ်ပေး လိုက်ပါ။ ပြန်သုံးကြည့်လို့ အဆင်ပြေတယ် ဆိုရင်တော့ ဆက်သုံးနိုင် ပါပြီ။ အဆင် မပြေရင်တော့ Factory data reset ချပြီး ပြန်သုံး ကြည့်လိုက်ပါ။

( အဆင်လုံးဝပြေမယ်လို့တော့ အာမ မခံရဲပါ။ Huawei 610 မှာတော့ အဆင်ပြေ ဖူးပါတယ်။ )

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: