တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, September 25, 2015

အသစ်ထွက်မယ့် Nexus ဖုန်း Nexus 6P



Nexus 6 ကို Google ဟာ Motorola နဲ့ ထုတ်လုပ် ခဲ့ပြီးနောက် Huawei နဲ့ ပူးပေါင်း ပြီးတော့ ရက်ပိုင်း အတွင်း ကြေညာတော့မယ့် စမတ်ဖုန်းက Nexus 6P ဖြစ်ပါတယ်။

Nexus 7 အမည်နဲ့ Tablet ရှိပြီးသား ဖြစ်တာကြောင့် အမည်ပေးတဲ့ အခါမှာလည်း 6P လို့သာ အမည်ပေးခြင်း ဖြစ်ပါတယ်။

ယခု ပုံမှာ မြင်တွေ့ နေရတဲ့ ဖုန်းနဲ့ ပါကင်ဗူးကို Nexus 6P ဖြစ်ကြောင်း သတင်းများ ပြန်နှံ့လာ ပါတယ်။ Google က တရားဝင်ကြေညာ ထားချက်တော့ မဟုတ်ပါဘူး။ ဖုန်းဟာ အရွယ်ကြီးဖုန်း ဖြစ်ပါတယ်။ LG နဲ့ ကတော့ Nexus 5 ကို တစ်ဆင့်မြင့် ထားတဲ့ အရွယ် ပုံမှန် စမတ်ဖုန်း တစ်မျိုး ရှိပါတယ်။ သူ့ကိုပါ လာမယ့် ရက်ပိုင်း အတွင်း မိတ်ဆက်မယ် မဆက် မယ်တော့ မသိပါဘူး။

Nexus 6P ကိုတော့ မိတ်ဆက်မှာ ကြိမ်းသေ ပါတယ်။ ဒီဇိုင်းဟာ ပုံမှာ မြင်တွေ့ ရသလိုပါပဲ။ နောက်ကျော ကင်မရာ တစ်ဝိုက်မှာ အနက်ရောင် အကွက်နဲ့ ဖြစ်နေ တာကို မြင်တွေ့ ရပါလိမ့်မယ်။ Android 6 OS ကို အသုံးပြုမှာ ဖြစ်ပါတယ်။ နောက်ဆုံး ဗားရှင်း ဖြစ်ပါတယ်။

Lolipop ပြီးတော့ နောက်ထပ် အသစ် ထွက်လာမယ့် OS ဖြစ်ပါတယ်။ ယင်းကို မိတ်ဆက်ထားပြီး ပါပြီ။

စမတ်ဖုန်းဟာ 6.6 mm ထူကြောင်းလည်း ရေးသား ဖော်ပြ ထားကြ ပါတယ်။ Spec အရ ကြည့်ရင် နောက်ဆုံး ပေါ် ချည်းပဲ အသုံးပြု ထားမယ့် ယင်းဖုန်းဟာ ၂၀၁၆ အတွက် ရွေးချယ်စရာ အဆင့်မြင့် စမတ်ဖုန်း တစ်လုံး ဖြစ်လာနိုင်ကြောင်း ခန့်မှန်း ထားကြ ပါတယ်။

Ref: pocketlint

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/09/23/nexus-6p/

No comments: