တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, September 25, 2015

ဈေးချိုချိုနဲ့ အရည်သွေးမြင့် Smartphone ကို ထုတ်လုပ် တော့မည့် Xiaomi ရဲ့ Mi4C



Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ဟာ 2015 ခုနှစ် အတွက် ကုမ္ပဏီရဲ့ နောက်ဆုံး ထုတ်ကုန် အဖြစ် Xiaomi Mi 4c ကို ထုတ်လုပ် မယ်လို့ ကြေငြာ ခဲ့ပါတယ်။ Xiaomi အနေနဲ့ Mi 4c ကို အရည် အသွေးမြင့် Smartphone တစ်လုံး အဖြစ် ဖန်တီးထား သလို သင့်တင့် မျှတတဲ့ ဈေးနှုန်းနဲ့လည်း ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။

Mi 4C ရဲ့ မျက်နှာပြင် အကျယ်ဟာ ၅ လက်မရှိပြီး resolution ကိုလည်း 1080p အသုံးပြု ထားပါတယ်။ Screen Brightness ကိုလည်း Mi 4i မှာ တုန်းကလို အသုံးပြု သူတို့ လက်ခံ ထားတဲ့ အခြေအနေ အတိုင်း ” Sunlight Display” နည်းပညာကို အသုံးပြုထား သလို ဘက်ထရီ ကြာရှည် ခံနိုင်မှု ရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်း နီးပါး ပိုမို ကောင်းမွန်
အောင် ပြုလုပ် ပေးထား ပါတယ်။

Processor အနေနဲ့ Hexa-Core Qualcomm Snapdragon 808 SoC ကို အသုံးပြု ထားပြီး RAM ကိုတော့ Memory အပေါ် မူတည်ပြီး အသုံးပြု သွားမှာ ဖြစ်ပါတယ်။ Memory ကို internal flash memory အဖြစ် ထားရှိမှာ ဖြစ်ပြီး 16GB နဲ့ 32GB အသုံးပြု သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် RAM ဟာလည်း memory အပေါ် မူတည်တဲ့ အတွက် 16 GB Memory ကို 2 GB သို့မဟုတ် 32 Memory ကို 3GB အသုံးပြု သွားမှာ ဖြစ်ပြီး ဘက်ထရီ ကိုလည်း 3080mAh အမျိုး အစားကို အသုံးပြု ထားပါတယ်။

အရှေ့ဘက် ကင်မရာပိုင်း မှာတော့ Sony ရဲ့ IMX258 ကင်မရာ အမျိုးအစားနဲ့ Samsung ရဲ့ S5K3M2 တို့နဲ့ အရည်သွေး တူညီတဲ့ 13 megapixel ကင်မရာကို အသုံးပြု သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ကင်မရာမှာ sensor feature ကိုလည်း အသုံးပြု ထားပါ သေးတယ်။ ကင်မရာနဲ့ ဓါတ်ပုံ ရိုက်နိုင်တဲ့ မြန်နှုန်းဟာ 0.1 second အတွင်း ကြည်လင် ပြတ်သားတဲ့ ဓါတ်ပုံတွေကို ရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။ အတွင်းဘက် ကင်မရာ ကိုတော့ 5 Megapixel အသုံးပြု ထားပါတယ်။

Mi 4C ဖုန်းရဲ့ System အပြင်ဘက် feature တွေ ကတော့ USB Type-C connector ကို အသုံးပြု ထားပြီး အလျင် အမြန် အားသွင်းနိုင်တဲ့ Qualcomm Quick Charge 2.0 နည်းပညာ နဲ့ IR Blaster ကိုလည်း built-in အဖြစ် အသုံးပြု ထားပါတယ်။

ဒါ့အပြင် နောက်ထပ် Feature အသစ် အနေနဲ့ Screen ကို နှစ်ခါနှိပ် လိုက်ရင် Screen ပွင့်လာတဲ့ Feature ကို ထည့်သွင်း ပေးထား ပါသေးတယ်။ ဒါ့အပြင် Xiaomi ရဲ့ နောက်ဆုံးထွက် Version ဖြစ်တဲ့ MIUI 7 OS ကို အသုံးပြုဖို့ သေချာ သလောက် ရှိနေပါပြီ။

ဒီလို အရည်သွေး မြင့်မားအောင် လုပ်ထားတဲ့ အတွက်ကြောင့် ဈေးနှုန်း အနေနဲ့ ပြောစရာ ဖြစ်လာ မယ်လို့ အားလုံး ထင်ကောင်း ထင်ကြ ပါလိမ့်မယ်။ ဒါကြောင့် ကနဦး အစမှာ ကတည်းက Xiaomi အနေနဲ့ သင့်တင့်တဲ့ ဈေးနှုန်းလို့ ကြေငြာ ထားပါတယ်။

ဈေးနှုန်းတွေ ကတော့ RAM 2GB ၊ Memory 16 GB တို့ အတွက် အမေရိကန် ဒေါ်လာ ၂၀၄ နဲ့ RAM 3GB ၊ Memory 32 GB အတွက် အမေရိကန် ဒေါ်လာ ၂၃၅ ဆိုပြီး သတ်မှတ် ထားပါတယ်။

အမည်းရောင် ၊ အပြာရောင် ၊ အဝါရောင် ၊ ပန်းရောင် နဲ့ အဖြူရောင် ဆိုပြီး အရောင် ငါးရောင်နဲ့ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။

Ref : androidauthority

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com/


No comments: