တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

ဈေးနှုန်းသက်သာပြီး ရေစိုခံကာ 4G LTE ပေးစွမ်းနိုင်တဲ့ Kyocera Hydro Air စမတ်ဖုန်း




ဒီဂျစ်တယ် ဆက်စပ် ပစ္စည်းများ ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Kyocera ကုမ္ပဏီမှ Hydro Air အမည် ရှိသည့် ဈေးနှုန်း သက်သာပြီး ရေစိုခံသော Smart Phone တစ်လုံးကို ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။

Kyocera ဟာ စမတ်ဖုန်း အသုံးပြု သူတို့ အကြိုက်တွေ့စေမဲ့ မျက်နှာပြင် အကျယ်နဲ့ ရေစိုခံခြင်း တွေကို ပေါင်းစပ်ပြီး Hydro Air စမတ်ဖုန်းကို ဖန်တီး ထားတာ ဖြစ်ပါတယ်။

Kyocera အရင်ကလည်း Hydro အမည်ရှိဖုန်းအမျိုးအစား အမြောက်အများကိုလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ အခုနောက်ဆုံးထုတ်လုပ်လိုက်တဲ့ ဖုန်းကိုတော့ အသုံးပြုသူတို့ အကြိုက်တွေ့စေမဲ့ အားသာချက်အမြောက်အများနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ရေအောက်မှာ ကြာချိန် မိနစ်သုံးဆယ် အထိ အထားခံနိုင်ခြင်း ၊ 4G LTE Network ကို အသုံးပြုကာ လိုင်းစွဲအားကို ကောင်းမွန်ခြင်း၊ ဈေးနှုန်း သက်သာခြင်း နှင့် ကျယ်ဝန်းတဲ့ မျက်နှာပြင် အသုံးပြု ထားခြင်း စတဲ့ အချက်တွေက အသုံးပြုသူကို သဘောကျစေမဲ့ အချက်တွေဖြစ်ပါတယ်။

Kyocera Hydro Air ရဲ့ အချက်အလက်တွေကတော့ qHD Display ၅ လက်မကို အသုံးပြုထားပြီး screen resolution 960 x 540 pixel ရအောင်စွမ်းဆောင်ပေးထားပါတယ်။ Android OS version 5.1 Lollipop ကို အသုံးပြုထားပြီး Processor ကတော့ 1.2 GHz Quad-Core Qualcomm Snapdragon 410 processor ကို အသုံးပြုထားပါတယ်။

Storage ကတော့ Built-in Storage 8 GB အသုံးပြုထားပြီး RAM ကိုတော့ 1 GB အသုံးပြုထားပါတယ်။ ကင်မရာပိုင်းအတွက် အပြင်ဘက် ကင်မရာကို 5MP အသုံးပြုထားပြီး အတွင်းဘက် ကင်မရာကိုတော့ 2MP အသုံးပြုထားပါတယ်။ Network ပိုင်းမှာတော့ 4G LTE ရရှိအောင် ထောက်ပံ့ပေးထားပြီး ဘက်ထရီကိုလည်း 2300 mAh ကို အသုံးပြုထားပါတယ်။

Kyocera Hydro Air ကို AT&T ကုမ္ပဏီ ရဲ့ Walmart online စတိုးမှာ ကြိုတင်မှာယူစနစ်နဲ့ အရစ်ကျ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အရစ်ကျစနစ်မှာတော့ နှစ်နှစ်စာချုပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး စတင်ပေးချေငွေ ၉၉ ဒေါ်လာ စတင်ပေးချေရမှာဖြစ်ပါတယ်။

Ref : Android Community

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: