တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

ဖုန်း အချင်းချင်း USB Port ဖြင့် ချိတ်ဆက်ကာ အားသွင်းနိုင်သည့် Nexus 6P နှင့် Nexus 5X




Android ဖုန်း အများစုမှာ ပါဝင်တဲ့ USB အပေါက်တွေဟာ သာမန် Micro USB အမျိုး အစားတွေကိုသာ အသုံးပြု ထားတာ ဖြစ်ပါတယ်။

အဆိုပါ USB port များဟာ အားသွင်းခြင်း နှင့် ကွန်ပျူတာဖြင့် ချိတ်ဆက်ကာ ဖုန်းအတွင်းရှိ အချက်အလက်များ ကူးယူ ပြောင်းလဲရန်တို့အတွက်သာ အသုံးပြုနိုင်ကြပါတယ်။

ဒီလို Micro USB ရဲ့ လုပ်ဆောင်ချက်နဲ့ ရင်းနှီးပြီးသားဖြစ်နေတဲ့ Android အသုံးပြုသူတို့ဟာ နောက်ပိုင်းထုတ်လုပ်လာတဲ့ ဖုန်းတွေမှာ ပါဝင်တဲ့ USB Type C အမျိုးအစားရဲ့ လုပ်ဆောင်ချက်တွေကို သတိမမူမိပဲ ရှိနေခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ ထုတ်လုပ်လာတဲ့ Android ဖုန်းတွေဟာ ဘက်ထရီအားသွင်းရာမှာ လျင်မြန်စေရန်နဲ့ ဖုန်းအတွင်းရှိ အချက်အလက်များ ကူညီရာတွင် လျင်မြန်စေဖို့ အတွက် USB Type C ဆိုသည့် အမျိုးအစားအသစ်ကို အသုံးပြုလာကြပါတယ်။

လက်ရှိအချိန်ထိ USB Type-C အမျိုးအစားကို အသုံးပြုထားသည့် Android Smart phone အမျိုးအစားများမှာ အနည်းငယ်သာ ရှိပါသေးတယ်။ USB Type-C အမျိုးအစားကို အသုံးပြုထားတဲ့ ဖုန်းအမျိုးအစားတွေကတော့ Huawei Nexus 6P ၊ Google Nexus 5X နဲ့ Android OnePlus စတဲ့ ဖုန်းအမျိုးအစားတွေသာရှိပါသေးတယ်။

အဆိုပါ ဖုန်းအမျိုးတွေထဲကမှ USB Type-C ကို အသုံးပြုထားတဲ့ Huawei Nexus 6P နဲ့ Google Nexus 5X တို့ရဲ့ အားသာ ချက်ကတော့ ဖုန်းရဲ့ ဘက်ထရီ အားကုန်ခါနီးအချိန်မှာ USB Type-C အသုံးပြုထားတဲ့ Nexus 6P နဲ့ Nexus 5X တို့ကို USB Cable နှင့် ချိတ်ဆက်ကာ အားသွင်းနိုင်ခြင်း ၊ ဖုန်းအတွင်းရှိ အချက်အလက်များ ကူးယူခြင်းများပြုလုပ်နိုင်ပါတယ်။

အားသွင်းရာမှာတော့ အနည်းငယ် နှေးကွေးမှု ရှိသော်လည်း အရေးတစ်ကြီးလိုအပ်သူများအတွက်တော့ အဆင်ပြေစေပါလိမ့်မယ်။

ဘာပဲပြောပြောပါ အရင်က Android ဖုန်းတွေမှာ ပါဝင်တဲ့ USB port ဆိုတာ Adaptor ရှိမှ အားသွင်းလို့ရနိုင်ကြောင်း ၊ ကွန်ပျူတာရှိမှ Data ကူးယူနိုင်ကြောင်းတွေသာ သိရှိနေထားကြတဲ့ Android အသုံးပြုသူတို့အတွက်တော့ USB Type-C ဟာ Nexus 6P နဲ့ Nexus 5X တို့မှာတော့ ပိုမိုအသုံးဝင်လာခဲ့ပါတယ်။

Ref : Android Community

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: