တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

၃၉၉ ဒေါ်လာတန် Android အိုင်ဖုန်းလို့ တင်စားတဲ့ HTC One A9 (Review)




HTC One A9 ကို ကမ္ဘာ့ ဈေးကွက်မှာ စတင် ဖြန့်ချိနေ ပါပြီ။ ဒါပေမယ့် သူ့ကို မြန်မာပြည် ကနေ သိသူ နည်းနေ ပါသေးတယ်။ HTC M9 ကိုတော့ သိကြ ပါလိမ့်မယ်။ HTC One စီးရီးထဲမှာ One A9 က လောလောဆယ် နောက်ဆုံးထွက် ဖြစ်လာ ပါလိမ့်မယ်။ ဒါပေမယ့် သူဟာ M9 နဲ့ Spec သိပ်မကွာတဲ့ level တူ စမတ်ဖုန်း ဖြစ်ပါ လိမ့်မယ်။ သူ့ကို Sub-Premium ဖုန်း အမျိုးအစားထဲ ထည့်ာထားပြီး အလယ် အလတ် တန်းထက် ကျော်လွန်ပြီး အဆင့်မြင့် စမတ်ဖုန်း ထဲကို ဝင်စ ပြုတဲ့ အဆင့်လေးမှာ ရှိတဲ့ စမတ်ဖုန်း အဖြစ် ခေါ်ပါတယ်။

ဒါပေမယ့် သူ့ကို နိုင်ငံတကာမှာ ၃၉၉ ဒေါ်လာတန် Android အိုင်ဖုန်းလို့ အမည် တွင်စေပါတယ်။

ဒီဇိုင်း

ဒီဇိုင်းပိုင်းမှာ ပြောစရာ အများကြီး ရှိပါတယ်။ အကြောင်းကတော့ လက်ရှိ iPhone 6, 6S တို့နဲ့ အတော်လေး တူလို့ ပါ။ ဒါပေမယ့် ယင်းကဲ့သို့ တူတိုင်း HTC ကို ကော်ပီသမားလို့ သွားစွပ်စွဲလို့ မရပါဘူး။ သူ့မှာ သက်သေတစ်ခုရှိနေ ပါတယ်။ ယင်းကတော့ HTC ဟာ အလူမီနီယံကိုယ်ထည့်သုံး စမတ်ဖုန်းကို Apple ထက် အရင် ပြုလုပ်ခဲ့လို့ပါ။

၂၀၁၃ တုန်းက ဖြစ်ပြီး အဲ့တုန်းက iPhone ဟာ အလူမီနီယံနဲ့ မဟုတ်သေး ပါဘူး။

HTC ရဲ့ တုံ့ပြန်ချက်ကတော့ Cusomer တွေရဲ့ တုံ့ပြန်ချက်တွေအပေါ်မှာ အခြေခံပြီးတော့ ဒီဇိုင်းကို ပြန်လည် ပြုပြု ပြောင်းလဲထားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ HTC One စီးရီးကနေ လုံးဝလည်း ကွဲထွက်သွားသလို အိုင်ဖုန်းနဲ့လည်း အမြင်အားဖြင့် အေတော်လေး တူသွား စေပါတယ်။

၅ လက်မ စခရင်ဖုန်း ဖြစ်တာကြောင့် အိုင်ဖုန်း 6 ထက် အနည်းငယ် ကြီးရုံမှ တစ်ပါး အထူအပါး များက သိပ်မကွာ ပါဘူး။ ၁၄၃ ဂရမ်ပဲ ရှိတာကြောင့် အတော်လေး ပေါ့တဲ့ စမတ်ဖုန်းတော့ ဖြစ်ပါတယ်။ အနီရောင်၊ ငွေရောင်၊ မီးခိုးရောင်ဆိုပြီးတော့ လောလောဆယ် အရောင် သုံးမျိုးထွက်ပါတယ်။

ဖန်သားပြင်

440 ppi အရည်အသွေးရှိတဲ့ ၅ လက်မ အရွယ် full HD Display ကို အသုံးပြု ပါတယ်။ LCD3 ကို တောက်လျှောက်သုံးခဲ့ပေမယ့် ယခုတော့ AMOLED Display ကို A9 မှာ ပြောင်းလဲခဲ့ ပါတယ်။ သူက ဘယ်နေရာမှာ effecgt ဖြစ်သလဲဆို အရင်က HTC LCD တွေလောက် bright မဖြစ်တာ clear မဖြစ်တာတို့ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

ဒါပေမယ့် သူက vibrancy ပိုကောင်းတယ်လို့ ပြန်လည် မှတ်ချက်ပြုထားပါတယ်။ ပိုပြီးတော့ လှုပ်ရှားသက်ဝင်မှု stimulate ဖြစ်တာ ကောင်းတယ်လို့ မှတ်ချက်ပေးထားခြင်း ဖြစ်ပါတယ်။

Resolution ကတော့ 1920×1080 pixel ရှိပါတယ်။ ဘေးအနားလောက်မှာ 2.5D curve လုပ်ထားပါတယ်။ ယင်းသို့လုပ်ထားခြင်းက သူ့ကို swipe လုပ်ရတာ ချောချောမွေ့မွေ့ ရှိပါတယ်။

Hardware

64 bit octa-core Processor ကို အသုံးပြုထားပါတယ်။ 64 Bit အာခီတက်ရှာ ဖြစ်တာကြောင့်လည်း သူ့ကို အိုင်ဖုန်းနဲ့ နှိုင်းပြရခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းတူတာ အပါအဝင်ပေါ့။ Qualcomm Snapdragon 617 Chipset ဖြစ်ပြီး သူဟာ လက်ရှိ HTC One မှာ latest အဖြစ်ဆုံး chipset ဖြစ်ပါတယ်။ RAM 2GB, Memory 16GB ဗားရှင်းနဲ့ RAM3GB, Memory 32GB ဆိုပြီးတော့ ဗားရှင်း နှစ်မျိုး ထုတ်လုပ်ထား ပါတယ်။

နိုင်ငံပေါ် မူတည်ပြီးတော့ ဝင်တဲ့ ဗားရှင်းကွာပါလိမ့်မယ်။ ဈေးကလည်း အနည်းငယ်ကွာပါလိမ့်မယ်။ ဥပမာ UK ကို ဆိုရင် RAM 2GB ဗားရှင်းပဲ ဝင်ပြီး US ကိုကျ RAM 3GB ဗားရှင်းဝင်ပါတယ်။

မြန်မာပြည်မှာ ဘယ် ဗားရှင်းဝင်မလဲတော့ မသိပါ။ microSD ကဒ် slot ကနေ 2TB အထိတော့ ထည့်သွင်း နိုင်ပါတယ်။ microSD ကဒ်နဲ့ ပက်သက်ပြီးတော့ အရင် ဖုန်းတွေကို restriction သိပ်မထားတော့ ပါဘူး။

overall storage အတွက်လည်း rely လုပ်နိုင်တာကြောင့် Application တွေပါတင်နိုင်တာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါဟာလည်း ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုကောင်း တစ်ခုပါပဲ။ ဒါက HTC မှာတင် မဟုတ်ပါ Android 6.0 Marshmallow အသုံးပြုတဲ့ ဘယ်ဖုန်းမဆို ဖြစ်ကြောင်း ဆိုပါတယ်။

ဘက်ထရီ

Android 6.0 Marshmallow ရဲ့ ကျေးဇူးကြောင့် အနာဂတ်မှာ ထုတ်တဲ့ Android စမတ်ဖုန်းတိုင်းဟာ ဘက်ထရီ ပါဝါကြီးဖို့ မလိုတော့ကြောင်း ဆိုကြ ပါတယ်။ တကယ်လည်း မှန်ပါလိမ့်မယ်။

အချို့က 3000 mAh လောက်ကို မျော်လင့်ထားပေမယ့် HTC One A9 ဟာ 2150 mAh နဲ့ပဲထွက်ရှိပါတယ်။ talk time ၁၆ နာရီ၊ 18days standby, music playback နာရီ ၆၀, အင်တာနက် ၉ နာရီ အစရှိသဖြင့် official figure မှာ ဖော်ပြချက်အရကတော့ ဘက်ထရီ စွမ်းဆောင်ရည်ကောင်းတဲ့ စမတ်ဖုန်း အမျိုးအစားထဲ ထည့်နိုင် ပါတယ်။ Wireless Charging တော့ မပါဝင်ပါဘူး။

လက်ဗွေ လုံခြုံရေး နည်းပညာ

၂၀၁၅ ခုနှစ်ထွက်သမျှ စမတ်ဖုန်းကောင်းတွေမှာ မပါမဖြစ် Feature တစ်ခုအဖြစ် Finger Print Technolgy ကရှိလာပါတယ်။ ဒါကြောင့်မို့ HTC One A9 ဟာ Sub-premium ဖြစ်တာကြောင့် Fingerprint scanner ပါဝင် ပါတယ်။

ကင်မရာ

HTC ဟာ ဖုန်းကင်မရာနဲ့ ပက်သက်ပြီးတော့ သက်တမ်းတစ်လျှောက် အမည်ကောင်း ရထား ပါတယ်။ လက်ရှိ HTC One A9 ဟာဆိုရင်လည်း Selfie အတွက် UltraPixel sensor ပါရှိပါတယ်။

အနောက်ကင်မရာမှာ 13Megapixel ရှိပြီး optical image stabilisation နည်းပညာ ပါဝင်ပါတယ်။ HTC One 09 ရဲ့ အပေါ်ပိုင်း အလယ်တည့်တည့်မှာ တပ်ဆင်ထား ပါတယ်။ HDR mode ကို ခပ်မြန်မြန် ဝင်လို့ရတာမျိုး၊ timelapse-style video ရိုက်ဖို့ အတွက် hyperlapse mode ပါဝင်လာတာမျိုးတို့လည်း ရှိလာ ပါတယ်။ Full HD Video ရိုက်ကူးမှုသာ ရပြီး UHD တော့ အရင် M9 ကလိုမရတာကြောင့် ခြုံငုံကြည့်လိုက်ရင် M9 ထက်တော့ ကင်မရာ အနည်းငယ်နိမ့်ပါတယ်။

Software

Android 6.0 Marshmallow နဲ့အတူ Sense 7 ပါဝင်လာပါမယ်။ Sense 7 က အရင် HTC တွေမှာ ပါဝင်တာတွေနဲ့ မတူတော့ပါဘူး။ feature အတော်များများကို remove လုပ်ထားလို့ပါ။ HTC အနေနဲ့ Pure Android ဘက်ကိုပါ စိတ်ပါလာလေသလားလို့ မေးခွန်းထုတ်လျက်ရှိကြ ပါတယ်။ Sense 7 မှာ BlinkFeed launcher, ရာဦဥတု ခန့်မှန်းခြေပြတဲ့ ဟာ, Theme setting နဲ့ အခြား feature အနည်းငယ်သာ ပါဝင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာလည်း Android ကို သန့်သန့်သုံးချင်သူများအတွက် တစ်ခုကောင်းတယ်လို့ အကောင်းမြင်နိုင်ပါတယ်။

MMA သုံးသပ်ချက်

Myanmar Mobile App အနေနဲ့ HTC One A9 ကို သုံးသပ်ကြည့်ရမယ်ဆိုရင် HTC M9 ကို ဒီဇိုင်းပြောင်းပြီး ထုတ်တဲ့ စမတ်ဖုန်း တစ်ခုလို့သာ မြင်မိ ပါတယ်။ ကင်မရာ Feature လျော့ချမှု၊ Display လျော့ချမှုရှိပြီး ကျန်တဲ့ တိုးတက်မှုနဲ့ ဘဲစားဘဲချေ လုပ်ကြည့်တဲ့အခါ တကယ်လည်း M9 နဲ့ Standard သွားတူ နေပါတယ်။

ဒါပေမယ့်ဈေးနှုန်းအရ ကြည့်တဲ့အခါ HTC One A9 ဟာ ၃၉၉ ဒေါ်လာဆိုတော့ကာ ဘယ်ဟာ ဝယ်မလဲမေးရင် HTC One A9 ပဲ ဝယ်ဖြစ်တော့မှာပါ။ တကယ် Flagship သုံးပါဟေ့ ရော့ မင်းကို Budget ၅၀၀ ပေးမယ်ဆိုရင် HTC One A9 ကို အရင်ဆုံး စဉ်းစားမိပါလိမ့်မယ်။

သူနဲ့အတူ စဉ်းစားစရာ အနေနဲ့ Mi ဖုန်းများ ရှိနေသေး ပေမယ့် ဒီဇိုင်းကို ကြိုက်လို့ပါ။ အိုင်ဖုန်းနဲ့ တူတယ်ပဲ ပြောပြော ကော်ပီယူတယ်ပဲ ပြောပြော သူ့ရဲ့ ပါးလွာမှု၊ အလူမီနီယံကိုယ်ထည်က တကယ် စွဲဆောင်မှု အပြည့် ရှိပါတယ်။ Android M ကို ကနဦးစသုံးတဲ့ စမတ်ဖုန်း စာရင်းထဲမှာလည်း ပါဝင်လာတာကြောင့် သူဟာ M ကို ခံစားချင်သူများအတွက် taste အသစ် ဖြစ်ပါလိမ့်မယ်။

Ref: pocketlint
အောင်ခမ်း (MMA)

Original link -

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: