တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

ကားလောကကို ပြောင်းလဲစေတော့မည်လို့ Time Cook မှ တရားဝင် ပြောဆို




Wall Street Journal နဲ့ ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ Tim Cook ဟာ ကမ္ဘာ့ ကားလောကကို ပြောင်းလဲ သွားစေမယ့် အရာတစ်ခု ဖြစ်ပေါ်တော့မယ် ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ယင်းပြောဆိုမှုဟာ Apple အနေနဲ့ မောင်းသူမဲ့ ကား ပြုလုပ်နေပြီဖြစ်ကြောင်းကို အသိအမှတ်ပြုပေးလု နီးနီး ပါပဲ။ Apple ကနေပြီးတော့ ယနေ့တိုင် မကြေညာသေးတဲ့ product အသစ်တစ်ခုကတော့ မောင်းသူမဲ့ကား ဖြစ်ပါတယ်။

ယင်း မောင်းသူမဲ့ကား ထွက်ရှိမယ့် Apple Car သတင်းကတော့ ၂၀၁၁ ခုနှစ်လောက်ကတည်းက ဖြစ်ပါတယ်။ စတိဗ်ဂျော့ အနေနဲ့ မောင်းသူမဲ့ကားထုတ်ဖို့ အတွက် လျှပ်စစ်ကား ထုတ်လုပ်နေတဲ့ ကုမ္ဗဏီတစ်ခုနဲ့ အကြိမ်ကြိမ်သွားရောက် တွေ့ဆုံပြီး ဒီဇိုင်းပိုင်းကိုလည်း အတူ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက် ပါတယ်။

Tim Cook ဟာ Apple ရဲ့ စီနီယာကျတဲ့ ဝန်ထမ်းလည်း ဖြစ်တဲ့ အပြင် လက်ရှိမှာ Apple ရဲ့ စီအီးအိုလည်း ဖြစ်တာကြောင့် သူ့ရဲ့ ပြောဆိုမှုအပေါ် အများက ရှုမြင့်သုံးသပ်ထားကြခြင်း ဖြစ်ပါတယ်။ Apple မောင်းသူမဲ့ ကားသာ ထွက်ရှိလာရင် တကယ်ပဲ ကားလောကကို ပြောင်းလဲသွားစေ ပါလိမ့်မယ်။

မောင်းသူမဲ့ ကားစီးနေပြီးတော့ တစ်ခုခု အက်ဆီးဒန့်ဖြစ်ခဲ့ရင် ဘယ်သူက Accountable ဖြစ်တယ် ဆိုတဲ့အချက်က စဉ်းစားစရာပါ။ ဒါတွေကို စတင်ရောင်းချကတည်းက Terms and conditions များ Apple က သက်သက်မှတ်မှတ်တော့ ထားရှိထားပါလိမ့်မယ်။ အနီးစပ်ဆုံး အနေနဲ့ ၂၀၁၉ ခုနှစ်လောက်မှာ ထွက်ရှိနိုင်ချေရှိကြောင်း ခန့်မှန်းထားကြ ပါတယ်။

Ref: dailymail
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/21/icar/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: