တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

Android ဖုန်းများတွင် ဓာတ်ပုံနှင့် Word ဖိုင်များအား PDF ပြုလုပ်ခြင်း



Android ဖုန်းတွေနဲ့ ဓာတ်ပုံတွေ၊ စာဖိုင်တွေဖြစ်တဲ့ Word ဖိုင်တွေကို စုစည်းပြီး ကိုယ်ပြုလုပ်ချင်တဲ့ PDF ဖိုင်ပုံစံမျိုးကို ပြုလုပ်နိုင်မည့် နည်းလမ်းဖြစ်သည်။

PDF ပြုလုပ်ရန် အတွက် ဆော့ဖ်ဝဲကို အသုံးပြု ရပါမယ်။ အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ Doc To PDF Converter ဆိုတဲ့ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲကို Play Store ပေါ်ကနေ အခမဲ့ရယူနိုင်ပြီး ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုးရှိပါတယ်။


ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။


အသုံးပြုရမယ့် စနစ်တွေက အပေါ်အောက် နှစ်နေရာမှာရှိနေပါတယ်။ အပေါ်ဘက်မှာ Select File, Convert To PDF ဆိုပြီးရှိနေသလို အောက်ဘက် ဘားတန်းထဲမှာလည်း အသုံးပြုနိုင်မယ့် စနစ်လေးခုရှိနေပါတယ်။ အပေါ်ဘက်က Select File ဆိုတာကို နှိပ်လိုက်ရင် ခုလိုမြင်ရပါလိမ့်မယ်။


ဒါကတော့ ကိုယ်က PDF ပြုလုပ်မယ့် ဓာတ်ပုံတွေ၊ စာဖိုင်တွေကို ရွေးချယ်နိုင်မယ့်နေရာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက် ဓာတ်ပုံဖိုင်တွေနဲ့ စာဖိုင်တွေကို ရွေးချယ်လိုက်ပါ။


ပြီးရင်တော့ OK ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင်ခုလိုမျိုး မြင်ရပါလိမ့်မယ်။


မြင်တွေ့ရမယ့် မြင်ကွင်းမှာ ကိုယ်ရွေးချယ်ထားတဲ့ ဓာတ်ပုံဖိုင် ဒါမှမဟုတ် Word ဖိုင်တွေရဲ့အရေအတွက်ကို မြင်တွေ့ရပါလိမ့်မယ်။ ပြီးရင်တော့ Convert To PDF ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ခုလိုမြင်ရ ပါလိမ့်မယ်။


OK ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ကိုယ်ပြုလုပ်လိုက်တဲ့ PDF ဖိုင်ကိုရရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ PDF ဖိုင်ကို တိုက်ရိုက် တစ်ခါတည်း မဖော်ပြပေးပါဘူး။ ဒါကြောင့် ကိုယ်ပြုလုပ်လိုက်တဲ့ PDF ဖိုင်ကိုပြန်ရှာပြီး သွားကြည့်ရမယ်။ အောက်ဘက်ဘားတန်းထဲမှာ ရှိနေတဲ့ စနစ်လေးခုထဲက View PDF ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။


ပြုလုပ်ထားတဲ့ PDF ဖိုင်တွေကို အချိန်နဲ့တကွ ဖော်ပြပေးထား ပါလိမ့်မယ်။ ကိုယ်ဖွင့်ချင်တဲ့ဖိုင်ကို ရွေးချယ်ပြီး ဖွင့်လိုက်ပါ။


ကိုယ့်ရဲ့ဖုန်းမှာရှိနေတဲ့ PDF Reader အမျိုးအစားပေါ်မူတည်ပြီး ဘယ်စနစ်နဲ့ ဖွင့်မလဲဆိုတာကို ရွေးချယ်ပေးရ ပါလိမ့်မယ်။

အောက်ဘက် ဘားတန်းမှာရှိနေတဲ့ ဒုတိယစနစ်ဖြစ်တဲ့ Email ဆိုတဲ့စနစ်ကို ကြည့်လိုက်ပါ။


Email ကိုနှိပ်လိုက်ရင် ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။


ဒီလိုမြင်တွေ့ရဖို့ အတွက် ဖုန်းမှာအင်တာနက် ဖွင့်ထားဖို့လိုအပ် ပါလိမ့်မယ်။ ကိုယ်ပြုလုပ်ထားတဲ့ PDF ဖိုင်ကို မေးလ်ကနေ တစ်ခါတည်း ပို့လို့ရနိုင်ပါတယ်။

Ref : internet journal

Original link - http://www.internetjournal.media/how-to/4521

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: