တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

လုံခြုံရေး အသားပေး Blackphone 2 ကို ဝယ်ယူနိုင်ပြီ




လုံခြုံရေး အရမ်းကောင်းတယ်လို့ နာမည်ကြီးတဲ့ Blackphone 2 ကို အမေရိကန်မှာ စတင်မှာယူ ဝယ်နိုင်ပြီလို့ သတင်းရရှိပါတယ်။ ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၇၉၉ပါ။ Silent Circle ကုမ္ပဏီကနေ ထုတ်တာပါ။

ကမ္ဘာ့ တခြားဈေးကွက်တွေမှာ ဝယ်ယူနိုင်လား၊ ဘယ်တော့လောက် ရနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး အချက်အလက် မတွေ့ရသေးပါဘူး။

Android အခြေခံထားတဲ့ PrivatOS ကိုအသုံးပြုထားပါတယ်။ ဖုန်းခေါ်ဆိုမှုနဲ့ မက်ဆေ့ခ်ျတွေကို ကုတ်ခံထားတဲ့ OS ပါ။ Specs ပိုင်းကလည်း ကျေနပ်စရာပါ။ ၅.၅ လက်မ 1080p မျက်နှာပြင်၊ Qulcomm 8-Core CPU, 3GB RAM, 13-MP ကင်မရာ၊ အားသွင်းမြန်တဲ့ 3060mAh ဘက်ထရီ စတာတွေ ပါဝင်ပါတယ်။

ဈေးက ကန်ဒေါ်လာ ၇၉၉ ဆိုတဲ့အတွက် iPhone 6S 64GB ထက်တောင် ဈေးကြီးတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ဖုန်းတန်ဖိုး နဲ့ လုံခြုံရေးပိုင်းအတွက်ကိုပါ ပေးဆောင်ထားရတဲ့အတွက် တန်ပါတယ်။

ဒီဖုန်းကို လိုအပ်တယ်၊ လိုချင်တယ်၊ သင်ကလည်း မြောက်အမေရိကမှာ ရှိနေတယ်ဆိုရင်တော့ silent-circle.myshopify.com/products/blackphone2 မှာ ဝင်ပြီး ဝယ်လိုက်ရုံပါပဲ။ ကျန်တဲ့ ကမ္ဘာအနှံ့က လူတွေအတွက်လည်း မကြာမှီ လာမည် မျှော်ပါ။

Ref: engaget

Original link - http://technology.thithtoolwin.com/2015/10/blackphone-2.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: