တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

Apple, Google, Dell, Lenovo တို့ Microsoft Surface ကို ကူးချ ခဲ့ကြသလား




Microsoft ဟာ Windows OS အသုံးပြု ထားတဲ့ Surface အမည်ဖြင့် Windows Tablet တွေကို ၂၀၁၂ ဇွန်လ ကတည်းက စတင် မိတ်ဆက် ရောင်းချ ခဲ့ပါတယ်။



ယခု ၂၀၁၅ အောက်တိုဘာ လမှာတော့ Microsoft Surface ရဲ့ မျိုးဆက် ၄ ခုမြောက် Microsoft Surface Pro 4 နဲ့ Surface ကို အခြေခံပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Laptop အဖြစ် Surface Book တို့ကိုတောင် ထပ်မံ မိတ်ဆက် ခဲ့ပါပြီ။

Microsoft Surface Tablet တွေရဲ့ သွင်ပြင် လက္ခဏာ ကိုက Tablet အဖြစ်ရော ၊ ကီးဘုတ်ပါ တပ်ဆင် အသုံးပြုနိုင်မယ့် Laptop အဖြစ်ရော လုပ်ဆောင်နိုင်တဲ့ WINDOWS TABLET တွေ ဖြစ်ပါတယ်။

ဒီ Surface Tablet တွေဟာ ကမ္ဘာ့ Tablet ဈေးကွက်မှာ အသုံး အများဆုံး Tablet အမျိုးအစား မဟုတ်သော်လည်း သူ့ဟာနဲ့ သူတော့ ဈေးကွက် အခိုင်အမာ ရထားတဲ့ ထုတ်ကုန် တစ်ခုပါ။

ဒါပေမယ့် ဒီ ၂၀၁၅ ခုနှစ်ထဲ မှာပဲ Microsoft Surface နဲ့ ခပ်ဆင်ဆင် Tablet တွေကို အပြိုင်အဆိုင် ထုတ်လုပ် လာကြပါပြီ။ အပြိုင်အဆိုင် ထုတ်လုပ် လာကြတဲ့ Company ကြီးတွေ ကတော့ Apple, Google, HP, Dell,Lenovo စတဲ့ နည်းပညာ ထိပ်တန်း Company ကြီးတွေပဲ ဖြစ်ပါတယ်။

Apple ကလည်း သူထုတ်လုပ်နေကျ သာမန် iPad တွေထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားတဲ့ iPad Pro ကိုမိတ်ဆက် ပြသခဲ့ ပါတယ်။



iPad Pro မိတ်ဆက်ရာမှာ iPad Pro နဲ့တွဲဖက် အသုံးပြုနိုင်တဲ့ ကီးဘုတ် ၊ iPad Pro နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Apple Pencil လို့အမည်ပေး ထားတဲ့ Stylus တစ်ခုတို့ ကိုပါ တွဲဖက် မိတ်ဆက် ခဲ့တာပါ။

စာရိုက်ဖို့အတွက် Microsoft Surface Tablet တွေလိုပဲ Hardware ကီးဘုတ် အနေနဲ့ တွဲဖက် ပါဝင်လာ ခြင်းပါ။ ဒါပေမယ့် Pencil နဲ့ ကီးဘုတ်ဟာ iPad Pro နဲ့ အတူ ပါဝင်လာမှာ မဟုတ်ဘဲ သပ်သ ပ်ထပ်ဝယ်ယူ ရမှာ ဖြစ်ပါတယ်။

Google ကလည်း Android OS အသုံးပြု Tablet အနေနဲ့ Pixel C အမည်ရ Android Tablet ကို မိတ်ဆက် ပြသခဲ့ ပါတယ်။ Pixel C ဟာလည်း အဖြုတ် အတပ် လုပ်လို့ ရတဲ့ကီးဘုတ် တစ်ခု ပါဝင်တဲ့ Android Tablet ဖြစ်ပါတယ်။



Dell, Lenovo , HP တို့ကလည်း ဒီနှစ် ထဲမှာပဲ Microsoft Surface ကိုအခြေခံတဲ့ Windows Tablet တွေကို ထုတ်လုပ် ထားကြပါတယ်။



ဒီ Company ကြီးတွေဟာ ၄င်းတို့ရဲ့ Tablet အသစ်တွေကို အခြေခံ Operating System မတူတာရယ် ၊ Hardware Specification ကွဲပြားတာရယ် နာမည်တွေ ကွဲပြားအောင် ပေးပြီး ထုတ်လုပ် ခဲ့ကြတာက လွဲရင် အိုင်ဒီယာတော့ အတူတူပဲလို့ ဆိုရမှာပါ။

Windows OS ကို အခြေခံ ထုတ်နေကြတဲ့ Company တွေက Surface Tablet ကဲ့သို့ လိုက်ထုတ်တာက သိပ်မထူးဆန်း မဟုတ်ပေမယ့် ကိုယ်ပိုင် OS ၊ ကိုယ်ပိုင် Hardware ဒီဇိုင်းနဲ့ ထုတ်လာ ခဲ့ကြတဲ့ Apple နဲ့ Google က Microsoft Surface ရဲ့ပုံစံနဲ့ အိုင်ဒီယာကို လိုက်တုပ ထားတယ်လို့ပြောရမှာပါ။

ဒါပေမယ့် Tablet <=> Laptop အသွင်ပြောင်း အသုံးပြုနိုင်တဲ့ Tablet ကွန်ပျူတာ ဈေးကွက် ကိုတော့ Microsoft ကနေ ဆက်လက်ပြီး ရှေ့ဆုံးကနေ ထီထွင် ဆန်းသစ်ပြ နေဦးမယ်လို့ယူဆရပါတယ်။

Ref: The Verge

Thet Naing Soe (Myanmar Mobile App)

Original link - https://www.facebook.com/thetnaing.mmas


No comments: