တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

Samung ရဲ့ Processor နဲ့ အသွင်တူနေတဲ့ iPhone 6s နဲ့ 6s Plus တို့ရဲ့ Processor




အခုနောက်ဆုံး ထွက်ရှိ ထားတဲ့ iPhone 6S နဲ့ 6S Plus တို့ဟာ ရဲ့ Processor တွေဟာ တစ်ခုနဲ့ တစ်ခု မတူညီ ပါဘူး။ Apple ဟာ iPhone 6S နဲ့ 6S Plus တို့ကို စတင်ကြေငြာ ခဲ့စဉ်ဟာ အမျိုးအစား နှစ်မျိုး စလုံးမှာ အသုံးပြု ထားတဲ့ Processor တွေဟာ A9 Chips တွေကို အသုံးပြု ထားတယ်လို့ ကြော်ငြာ ခဲ့ပါတယ်။

တကယ်တမ်း လေ့လာတွေ့ရှိ ချက်များ မှာတော့ Processor တွေဟာ တစ်ခုနဲ့ တစ်ခု မတူညီပဲ Processor အမျိုးအစား တစ်ခုကတော့ ဘက်ထရီ သက်တမ်းအား အရမ်း စားကြောင်း ဖော်ပြ ထားပါတယ်။

တကယ်တော့ ဘက်ထရီ ခဏလေးနဲ့ ကုန်တဲ့ ပြဿနာဟာ A9 chipset အမည်ခံ ထားတဲ့ Processor တွေကို အသုံးပြု ထားခြင်းကြောင့် ဖြစ်ပါတယ်။ အဆိုပါ Processor နှစ်မျိုးမှာ တစ်မျိုးက Samsung မှာ အသုံးပြု ထားတဲ့ 14nm process chipset processor နဲ့ ၁၀ ရာခိုင်နှုန်း နီးပါး တူညီနေတဲ့ Processor ဖြစ်ပြီး နောက်တစ်မျိုး ကတော့ ကြီးမားပြီး ပေါ့ပါးကာ TSMC (Taiwan Semiconductor Manufacturing Company Limitåed) မှထုတ်လုပ်တဲ့ A9 Chipset Processor ဖြစ်နေပါတယ်။

တရုတ်နိုင်ငံရှိ နည်းပညာကြောင်း ဆွေးနွေးကြတဲ့ အဖွဲ့အစည်း Website တွေမှာတော့ TSMC A9 Chept ကို စမ်းသပ် ကြရာမှာ ၄င်း Chipset ကို အသုံးပြု ထားတဲ့ ဘက်ထရီဟာ အအေး အနည်းငယ် ရှိတဲ့ နေရာမှာ Geekbench ဘက်ထရီ စမ်းသမ်းချက် များထက် နှစ်နာရီကြာ ပိုပြီး အသုံးပြုနိုင် တာကို တွေ့ရပါတယ်။

ဒါကြောင့် မိမိရဲ့ iPhone ဟာ ဘယ် Processor ကို အသုံးပြု ထားလဲ ဆိုတာကို အသုံးပြု သူတို့က သိချင်နေ ကြပြီ ဖြစ်ပါတယ်။ ။ ဒါကို စမ်းသပ်ဖို့ အတွက် iOS Application တစ်ခုကို ထုတ်လုပ် ပေးထားပါတယ်။

Application ရဲ့ အမည်ကတော့ Lirum Device Info Lite လို့ ခေါ်ပါတယ်။ App Store မှာ ရှာဖွေကာ အသုံးပြုနို င်ပါတယ်။ အဆိုပါ Application ကို အသုံးပြုကာ မိမိဖုန်း အမျိုးအစားဟာ Samsung Chip ကို အသုံးပြု ထားတာလား ၊ TSMC chip ကို အသုံးပြု ထားတာလား ဆိုတာကို စစ်ဆေး ကြည့်နိုင် ပါတယ်။

အကယ်၍ application ကို install ပြုလုပ်ကာ စစ်းဆေးတဲ့ အခါမှာတော့ application ရဲ့ main page မှာ N66AP (6s Plus) or N71AP (6s) ဆိုပြီး ဖော်ပြခဲ့ရင် Samsung Chip ကို အသုံးပြု ထားတာဖြစ်ပြီး N66MAP or N71MAP ဆိုပြီး ဖော်ပြ ခဲ့မယ်ဆိုရင် TSMC Chip ကို အသုံးပြု ထားတာ ဖြစ်ကြောင်း သိရှိနိုင်ပြီ ဖြစ်ပါတယ်။

Ref : Gizmodo

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com


No comments: