တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

Apple မှ ထပ်မံ မိတ်ဆက်ပြသ လိုက်တဲ့ iMac 4k, Magic Keyboard 2, Magic Mouse 2 နဲ့ Magic TrackPad 2




iMac 4K 21” iMac



21” အရွယ် iMac ကို 4K Resolution ဖြင့် ပထမဆုံး ထွက်ရှိ လာခြင်း ဖြစ်ပြီး ယခင် ထွက်ရှိ ပြီးသား iMac များကို ဆက်လက် ရောင်းချ ထားပါတယ်၊ Processor အနေဖြင့် 5th Generation intel Core i5, i7 များဖြင့်ထွက်ရှိလာပြီး အနိမ့်ဆုံး 3.1GHz ဖြင့်ရရှိနိုင်ပါတယ်။ Ram 8GB,Storage 1TB Spec များဖြင့် ရရှိနိုင်ပြီး Fusion Drive ဖြင့်လဲ ရရှိနိုင် ပါတယ်။

iMac 5k 27′ iMac

၂၇ လက်မ iMac တွေအားလုံးကို 5K Retina Display ဖြင့်သာထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် 5K Retina Display iMac တွေရဲ့အတွင်းပိုင်းအစိတ်အပိုင်း ၊ အချက်အလက်တွေကလည်း တော်တော်လေးပြောင်းလဲထားပါတယ်။ ယခုနောက်ပိုင်းရောင်းချမယ့် 5K Retina Display iMac တွေကို နောက်ဆုံးထွက်ရှိထားတဲ့ 5th generation Core i5, Core i7 Processor တွေကိုတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ Graphic card တွေဟာလည်း AMD ရဲ့ Latest Graphic Card ဖြစ်တဲ့ AMD Radeon R9 M395 ကိုအသုံးပြုထားပါတယ်။

Magic Trackpad 2, Magic Mouse 2,Magic Keyboard



အသစ်ထွက်ရှိတဲ့ အထက်ပါပစ္စည်းအများကထူးခြားချက်အနေနဲ့ Build in Battery ဖြင့်တည်ဆောက်ထားတာပါ၊ အားသွင်းကြိုးက lightning to USB Cable ဖြစ်ပါတယ်၊ Magic Trackakpad 2 Desktop Mac များအတွက် Pressure Sensor ထည့်သွင်းပါဝင်လာပါတယ်၊ Keyboard မှာ Key ခလုတ်များကို New Mackbook မှလို Scissor shape mechanism ကို သုံးပြီး ပြန်ကန်အောင်ပြုလုပ်ပေးထားပါတယ်၊ Mouseရော၊ Trackpad ရောမှာ Glass surface ကို edge to edge(အနားစွန်းထိဖုံးအုပ်ထားပြီး) ယခင် versionများထက် မျက်နှာပြင် ၃၀% ကျယ်ဝန်းပါတယ်။

ယခုတင်ပြခဲ့တဲ့ Product တွေအားလုံးကို Apple Store များမှာစတင်မှာယူရရှိနိုင်နေပါပြီ။

Dr.Zaw Zaw

Original link - http://www.myanmarmobileapp.com/


No comments: