တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

Samsung Galaxy S7 တွင်လည်း 3D Touch ပါဝင်မည်




Samsung ရဲ့ လာမယ့် ၂၀၁၆ ခုနှစ် နှစ်ဆန်းမှာ ထွက်ရှိစေမယ့် Samsung Galaxy S7 မှာ 3D Touch ပါဝင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။

ယင်း 3D Touch ဟာဆိုရင်လက်ရှိ Apple ရဲ့ iPhone 6S နဲ့ 6S Plus တို့မှာ ပါဝင်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ 3D Touch အတွက် Samsung အနေနဲ့ Synaptics လို့ အမည်ရတဲ့ ကုမ္ဗဏီနဲ့ ပူးပေါင်းထားခြင်း ဖြစ်ပါတယ်။

128 GB Internal Storage အဖြစ် ပါဝင်မယ့် Samsung Galaxy S7 ဟာ အခြားသော အဆင့်မြင့် Spec များဖြင့် ထွက်ရှိလာအုံးမယ့် ဖြစ်ပါတယ်။ 3D Touch ကို Android ထဲမှာ Samsung Galaxy S7 ဟာ ပထမဆုံး ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး ဒုတိယအနေနဲ့ Huawei က အသစ်ထွက်ရှိမယ့် အဆင့်မြင့် စမတ်ဖုန်းတစ်မျိုးမှာ ပါလာနိုင်ချေ ရှိကြောင်း ခန့်မှန်းထားပါတယ်။

လက်နဲ့ ဖိလိုက်တဲ့ Pressure အနည်းအများ ပေါ်မှာ မူတည်ပြီးတော့ အတွင်းက လုပ်ဆောင်ချက် အချို့ကို ခပ်မြန်မြန် ဝင်စေနိုင်မှာ ဖြစ်ပါတယ်။ 3D touch အတွက်ကိုလည်း Mobile Application များ အနေနဲ့လည်း Feature အသစ်များ အဖြစ် ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ Facebook ဆိုရင် 3D Touch ဖြင့် ပုံရိုက်တင်ခြင်း၊ Status အမြန်တင်ခြင်း အစရှိသဖြင့် ချက်ချင်းဖွင့်ယူရမယ့် short cut တွေကို ထည့်သွင်းပေးလာ ပါတယ်။

အကယ်၍ Android စမတ်ဖုန်းပေါ်မှာ 3D Touch ပါလာရင်လည်း Android Developer များအတွက် နောက်ထပ် လုပ်စရာတစ်ခုဖြစ်လာပါလိမ့်မယ်။ Samsung ကနေ အတည်ပြု ပြောကြားထားတဲ့ သတင်းတော့ မဟုတ်သေး ပါဘူး။

ဒါပေမယ့် တရုတ်ပြည်ရဲ့ ဆိုရှယ်မီဒီယာအချို့မှာ ပြန့်နှံ့နေတဲ့ သတင်း ဖြစ်ပါတယ်။ iPhone 5S ထွက်ရှိချိန် လက်တွေ့ စနစ်ပါဝင်လာတော့ Samsung Galaxy S5 နဲ့အတူ Huawei ရဲ့ Ascend Mate အဆင့်မြင့်စမတ်ဖုန်း တစ်မျိုးမှာလည်း စတင်ပါဝင်လာပါတယ်။ နောက်ပြီးတော့ အခြားသော Android စမတ်ဖုန်း အမြင့်ဖုန်း အချို့မှာ ပါဝင်လာပါတယ်။

ဒါကြောင့်မို့ 3D Touch ဟာလည်း Android ပေါ်မှာ ရေပန်းစားလာမယ့် Feature တစ်ခု ဖြစ်လာဖွယ် ရှိမရှိ ဆိုတာ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Ref: dailymail
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/14/samsung-galaxy-s7-2/


No comments: