တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

BlackBerry က Hardware ထုတ်လုပ်မှုကို နောက်နှစ်ထဲမှာ ရပ်နားဖွယ် ရှိနေ




နှစ်စဉ် ကျင်းပလေ့ ရှိတဲ့ Code/Mobile အခမ်း အနားမှာ BlackBerry ကုမ္မဏီရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်တဲ့ John Chen က BlackBerry ကုမ္မဏီ အနေနဲ့ အကျိုး အမြတ် မရှိလာဘူး ဆိုရင် ကုန်ပစ္စည်း (Hardware) ထုတ်လုပ်မှု ကို နောက်နှစ်ထဲမှာ ရပ်နားတော့မှာ ဖြစ်တယ်လို့ တရားဝင် ပြောကြား လိုက်ပါတယ်။

သူ့အနေနဲ့ ဒီလို ကိရိယာ ထုတ်လုပ်ရေး စီးပွား လုပ်ငန်းကို မရပ်နားနိုင် စရာဘာမှ မရှိဘူးလို့လည်း ဆိုပြီး BlackBerry အနေနဲ့ကတော့ အခြား စည်းမျဉ်း စည်းကမ်း တစ်ခုမှာ လုံခြုံရေး ၀န်ဆောင် မှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Hardware ထုတ်လုပ်မှုကို ရပ်နားမယ်လို့ ပြောနေပေမယ့်လည်း အဲဒီနေ့တုန်းကတော့ John Chen ဟာ စင်မြင့်ပေါ်မှာ BlackBerry Priv ဆိုတဲ့ မိုဘိုင်းလ် ဖုန်းအသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါသေးတယ်။ အဲဒီဖုန်းကတော့ ကုမ္မဏီ ရဲ့ ပထမဆုံး Android ထုတ်ကုန်မဟုတ်ပေမယ့် Blackberry ကထုတ်လုပ်တဲ့ OS ကို မသုံးထားတဲ့ ပထမဆုံး BlackBerry ဖုန်းလို့တော့ ပြောနိုင်မှာ ဖြစ်ပါတယ်။

Chen ရဲ့ ပြောကြားချက်အရတော့ Priv ဆိုတာဟာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်(Privacy) နဲ့ အထူးအခွင့်အရေး(Privilege) တို့ကို ကိုယ်စားပြုပါတယ်တဲ့။ ထို ကိုယ်စားပြုမှုတွေဟာလည်း BlackBerry အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက် ၃ ချက်ကိုဖြစ်စေတယ်လို့ Chen က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထိုအချက် ၃ ချက် မှာ ၁ အချက်ကတော့ BlackBerry အနေနဲ့ အခြား ကဏ္ဍ တစ်ခုကို ဖြတ်သန်းဖို့လိုအပ်နေပြီး စီးပွားရေး လူမှု ဘ၀ တစ်ခုလုံးနဲ့ ပတ်သက်ဖို့ လိုအပ်နေတယ်လို့ Chen က ယုံကြည်နေပါတယ်။ ဒုတိယ တစ်ချက်ကတော့ Priv ဟာ App မရှိတဲ့ ပြသနာကို ဖြေရှင်းပေးနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ Android စနစ်ကိုသုံးထားလို့ပါ။ နောက်ဆုံးအချက်ကတော့ BlackBerry ရဲ့ လုံခြုံရေး ပြသနာ ဖြေရှင်းမှု အားကောင်းခြင်းပဲဖြစ်တယ်လို့ Chen က ဆိုထားပါတယ်။

သူပြောပြခဲ့တဲ့နောက်ဆုံးအချက်ဟာ BlackBerry ရဲ့ Hardware ထုတ်လုပ်မှုကို ရပ်နားပြီးတဲ့နောက် BlackBerry ရဲ့ ပင်မ စီးပွားရေးအဖြစ် ပြောင်းလဲနေရာယူလာမယ့် အရာပဲ ဖြစ်ပါတယ်။

Original link - http://technology.thithtoolwin.com/2015/10/blackberry-hardware.html


No comments: