တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

အချင်း ၂မိုင်ရှိ ဥက္ကာပျံခဲကြီး ကမ္ဘာကို နာရီပေါင်း များစွာ အတွင်း ၀င်တိုက်ဖွယ်ရှိ




အာကာသ ထဲမှာ တစ်နာရီကို မိုင်ပေါင်း ၄၀၀၀၀ နှုန်းနဲ့ရွေ့လျားနေတဲ့ အချင်း၂မိုင်ရှိ ဥက္ကာပျံ ခဲကြီးဟာ ကမ္ဘာနဲ့ အတော်နီး နေပြီလို့ သိရ ပါတယ်။

အဲဒီ့ ဥက္ကာပျံ ခဲကြီးဟာ နက်ဖြန် လောက်ဆို ကမ္ဘာအနီး ကနေ ဖြတ်သွား မယ်လို့ နာဆာက အတည်ပြု ခဲ့ပါတယ်။ အာကာသဆိုင်ရာ အစိုးရ ဌာနကနေ ဥက္ကာပျံ ခဲကြီးကို မျက်ခြေ မပျက် ခြေရာခံ လျှက်ရှိပြီး ကျွန်တော်တို့ ကမ္ဘာကြီးကို ၀င်မတိုက် ပါဘူးလို့တော့ ရှင်းရှင်းလင်းလင်း ပြောထား ပါတယ်။

ဥက္ကာပျံ ခဲကြီးဟာ အချင်း ၀ ဒဿမ ၇ နဲ့ ၁ ဒဿမ ၆ မိုင်အတွင်း ရှိနိုင်တယ်လို့ ကျွမ်းကျင် သူတွေက ခန့်မှန်း ကြပါတယ်။ ဧ၀ရတ်တောင်ရဲ့ လေးပုံ တစ်ပုံခန့် အကြမ်းဖျင်း ရှိပြီး နာဆာက စောင့်ကြည့်နေတဲ့ အခြားသော ဥက္ကာပျံ ခဲတွေထက် ၁၅ ဆ ပိုကြီးတယ်လို့ သိရပါတယ်။

ဒီဥက္ကာပျံ ခဲကြီးကို လွန်ခဲ့တဲ့ ရက်ပေါင်း ၅၉၂၅ရက် (၁၆နှစ်) က ပထမဆုံး အကြိမ် တွေ့မြင် ခဲ့တာဖြစ်ပြီး ကမ္ဘာ့အနီး ဥက္ကာပျံခဲ အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ ကမ္ဘာနဲ့ မိုင်ပေါင်း ၄၆သိန်း ရှိနေပြီ ဆိုရင် ကနဦး အန္တရာယ်ရှိ ဥက္ကာပျံခဲ အဖြစ် သတ်မှတ် ပါတယ်။ ကမ္ဘာအတွက် သိသာတဲ့ ထိခိုက်မှုကို ဖြစ်စေနိုင် လောက်တဲ့ အရွယ်အစား ရှိတယ် ဆိုရင်လည်း ကနဦး အန္တရာယ်ရှိ အဆင့် သတ်မှတ် ပါတယ်။

ကမ္ဘာကို အနာဂတ်မှာ လာဝင်တိုက်နိုင်တဲ့ လက်ရှိ ဥက္ကာပျံခဲ အများစုကို ၀င်တိုက်မှု စောင့်ကြည့်ရေး နည်းပညာမြင့် အလိုအလျောက် စနစ်ကို အသုံးပြုပြီး နာဆာက နောင်နှစ် ၁၀၀ အတွက် ကြိုတင် တွက်ချက် ထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဥက္ကာပျံခဲ ၀င်တိုက်နိုင်မှု အန္တရာယ်နဲ့ ပတ်သက်လို့ စိတ်ပူတဲ့လူ ၄၆ ရာခိုင်နှုန်း ရှိပေမဲ့ ကျန် ၅၄ ရာခိုင်နှုန်း ကတော့ အေးဆေးပဲ ရှိနေပါသေးတယ်။

Original link - http://technology.thithtoolwin.com/2015/10/blog-post_12.html


No comments: