တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

စတုတ္ထမြောက် အော်ပရေတာ လိုင်စင် ထုတ်ပေးသည့် အဆင့်အထိ ဝန်ကြီးဌာနက ကြီးကြပ်မည်




စတုတ္ထမြောက် အော်ပရေတာ လိုင်စင် ထုတ်ပေးသည့် အဆင့်အထိ ဝန်ကြီးဌာနက ကြီးကြပ်မည် ဖြစ်ကြောင်း သိရသည်။

“အချိန်က ကြာနေပြီ။ ဆက်ကြာ နေလို့ မဖြစ်တော့လို့ အစိုးရက Steering Committee ဖွဲ့ ပေးမယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ လိုင်စင်ထုတ် ပေးတဲ့ အဆင့် အထိ ကြီးကြပ်ပေး ရမယ်။ ပြီးရင်တော့ ကျွန်တော်တို့ တာဝန်က မရှိတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အများပိုင် ကုမ္ပဏီ ဖြစ်သွားပြီ။ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်သွားမှာပေါ့။

အဲ့ဒီလိုအချိန်မှာ ဝန်ကြီးဌာန အနေနဲ့ ဘာမှ ဆက်စပ်မှု ရှိမှာ မဟုတ်ဘူး” ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒါရိုက်တာ ဦးသန်းထွန်းအောင်က Myanmar Connect 2015 အခမ်း အနားတွင် ပြောကြား ခဲ့သည်။

အသစ် ထွက်ပေါ်လာမည့် အော်ပရေတာ အပါအဝင် အော်ပရေတာ လေးခု စလုံးအား ဝန်ကြီးဌာနမှ တစ်ပြေးညီ စောင့်ကြည့်မည် ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပ အော်ပရေတာ
အားလုံးအား တစ်ပြေးညီ စောင့်ကြည့်မည် ဖြစ်ကြောင်း၊ လိုအပ်သည့် လမ်းညွှန်မှု အတူတူ ပေးအပ် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းမည် ဖြစ်ရာ အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ၌ ပါဝင်နိုင်ရန် အမျိုးသား အများပိုင် ကုမ္ပဏီ ၁၇ ခုတို့က အဆိုပြုလွှာများ တင်သွင်း ခဲ့ကြသည်ဟု သိရသည်။

လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းပြီး ပါက နိုင်ငံခြား မိတ်ဖက် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကော်ပိုရေးရှင်း တစ်ခု အနေဖြင့် မိုဘိုင်းဖုန်း အပြင် အခြားသော ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အသစ် ခန့်အပ်မည် ဖြစ်သည့် အော်ပရေတာသည် အခြားသော ဆက်သွယ်ရေး အော်ပရေတာများ နည်းတူ လုပ်ငန်း လိုင်စင် ၁၅ နှစ် အကြာ ရရှိမည် ဖြစ်ပြီး အခွန်အခ များကိုလည်း သတ်မှတ် ထားသည့် အတိုင်း ပေးသွင်း ရမည် ဖြစ်သည်။

Internet journal By: ထွန်းထွန်း

Original link - http://www.internetjournal.media/news/4403


No comments: