တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

Facebook Messenger ကို Apple Watch တွင် အသုံးပြုနိုင်ပြီ




Apple Watch စမတ် နာရီကို သုံးစွဲ သူများ အနေဖြင့် ယခုအခါ Facebook Messenger ကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Apple Watch ပေါ်တွင် message များ ကြည့်ရှုနိုင် သလို အကြောင်း ပြန်ကြားမှု ပြုလုပ်နိုင်ပြီး အသံဖိုင် များနှင့် စတစ်ကာ များကိုလည်း ပေးပို့နိုင်မည် ဖြစ်သည်။

ထို့အပြင် Messenger တွင် iPad ပေါ်၌ multitasking အတွက် slide-out နှင့် split screen အထောက်အပံ့များ ပါဝင်လာသည်။

၎င်းအပြင် Messenger တွင် app linking အထောက်အပံ့ ပါဝင်လာပြီး Spotlight ရှာဖွေမှုများတွင် စကားပြောဆိုမှုများနှင့် ဆက်သွယ်မှုများကိုလည်း ပြသပေးမည် ဖြစ်သည်။

Ref: TheNextWeb

Internet journal By: နောင်နောင်

Original link - http://www.internetjournal.media/news/4418


No comments: