
အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်က Cochin လေဆိပ်ဟာ အခု အခါ နေရောင်ခြည် စွမ်းအင်နဲ့ ပဲ လည်ပတ်တဲ့ ကမ္ဘာ့ ပထမဆုံး လေဆိပ် ဖြစ်လာ ပါတယ်။
၂၀၁၃ ခုနှစ်မှာ လေဆိပ် အမိုးပေါ်မှာ နေရောင်ခြည် ခံပြား ၄၀၀ ကို စတင် တပ်ဆင်ပြီး နေရောင်ခြည် ဓာတ်အားပေး စက်ရုံ လေးတစ်ခုနဲ့ စခဲ့တဲ့ ရှေ့ ပြေး စမ်းသပ်မှု ပရောဂျက် တစ်ခု အောင်မြင် ခဲ့ပြီးနောက် အခုအခါမှာ ဆိုလာပြား ၄၆၀၀၀ ကျော်နဲ့ ကမ္ဘာ့ ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး လေဆိပ် ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။
ယခုနှစ်၊ သြဂတ်စ်လမှာ ၁၂ မီဂါဝပ်ရှိတဲ့ နေရောင်ခြည် ဓာတ်အားပေး စက်ရုံကို ထည့်သွင်း တည်ဆောက် ခဲ့ပြီးနောက်မှာ လေဆိပ်ရဲ့ လိုအပ်တဲ့ စွမ်းအင်ပမာဏကို လုံးဝပြည့်မှီ သွားခဲ့တာ ဖြစ်ပါတယ်။
လေဆိပ် မန်နေဂျင်း ဒါရိုက်တာ VJ Kurian ရဲ့ အဆို အရ မီတာခဆောင်ရမှု များပြားမှုက သဘာဝ စွမ်းအင်ဘက်ကို လှည့်စေ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီလေဆိပ်ဟာ အိန္ဒိယနိုင်ငံရဲ့ ခုနှစ်ခုမြောက် အလုပ် အရှုပ်ဆုံးလေဆိပ် တစ်ခုဖြစ်ပြီး တစ်ပတ်ကို လေယာဉ် ခရီး ၁၀၀၀ ကျော်ကို စီမံနေ ရပြီး လျှပ်စစ် ယူနစ်ပေါင်း ၄၈၀၀၀ ယူနစ်လောက် ကျသင့်ကာ တစ်နေ့ ကို ဒေါ်လာ ၅၁၆၀ လောက် ပေးဆောင်နေ ရပါတယ်။
အခုအခါမှာတော့ ဆိုလာစွမ်းအင်ဟာ လိုအပ်တာ ထက်တောင် ပိုလျှံနေပြီး ပိုလျှံနေတဲ့ လျှပ်စစ်ဓာတ်အားကို ပြည်နယ် ပင်မ ဓာတ်အားလိုင်းမှာ မိုးရွာတဲ့နေ့ တွေနဲ့ ညဘက် လိုအပ်ချက်တွေ အတွက် သိုလှောင် ထားလျက် ရှိပါတယ်။
Original link - http://technology.thithtoolwin.com/2015/10/blog-post_11.html

No comments: