တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 11, 2015

အူရီဒူးက အင်တာနက် အစီအစဉ်သစ်တွေ ထပ်မံ မိတ်ဆက်




မကြာသေးမှီ ကမှ ၅၀ ရာခိုင်နှုန်း ငွေဖြည့် အပို လက်ဆောင် ပရိုးမိုးရှင်းကို သုံးစွဲ သူတွေထံ သီတင်းကျွတ် လက်ဆောင် အဖြစ် ပေးခဲ့တဲ့ Ooredoo ကုမ္မဏီ ဟာ အင်တာနက် အစီအစဉ်သစ် တွေကို အောက်တိုဘာ ၉ ရက်နေ့မှာ ထပ်မံ ချပြ ခဲ့ပြန်ပါတယ်။

အူရီဒူး SIM ကတ် ထည့်သွင်း ထားတဲ့ ဖုန်းတွေဟာ အင်တာနက် Package မ၀ယ်ယူ ထားပါက ဖလန်းဖလန်း အင်တာနက် ကို 1MB ကို ၆ ကျပ် နှုန်းနဲ့ အလိုလျောက် အသုံးပြုနိုင်မှာ ဖြစ်သလို Package တွေဝယ်ယူ အသုံးပြုမယ် ဆိုရင်တော့ နှုန်းထား ပိုမို သက်သာ တဲ့ အင်တာနက် အစီအစဉ် တွေကို ရရှိမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

ထို အစီအစဉ်တွေ ကတော့ တစ်နေ့ထဲနဲ့ အကုန် သုံးရမယ့် အစီအစဉ် အဖြစ် 70MB ကို ၃၉၀ ကျပ်သာ ကျသင့်မယ့် အစီအစဉ် တစ်ခုလည်း ပါဝင် ပါတယ်။ ထို Package ကို ၀ယ်ယူ လိုက်ရင်တော့ ၂၄ နာရီ အတွင်း အကုန် သုံးရမှာဖြစ်ပြီး နှုန်းထား ကတော့ 1MB ကို ၅.၅ ကျပ်ခန့်သာ ကျသင့် တော့မှာပါ။

တစ်နေ့တာ အရေးပေါ်သုံးချင် တာမျိုး မဟုတ်ပဲ တစ်လ စာ အတွက် အချိန်ကြာရှည် အသုံးပြု ချင်တယ် ဆိုရင်တော့ Package ၄ ခု ရှိပါတယ်။ တစ်ခု ကတော့ 550MB ဖြစ်ပြီး ၂၈၀၀ ကျပ် ကျသင့်မှာပါ။ ဒါကြောင့် 1MB ကို ၅.၁ ကျပ်ခန့်သာ ကျသင့် တော့မှာပါ။ 1.35GB အတွက် ဆိုရင်တော့ ၆၅၀၀ ကျပ်ဖြစ်ပြီး 1MB ကို ၄.၉ ကျပ်ခန့် ပဲ ကျသင့် တော့မှာပါ။

2.5GB အတွက်ဆိုရင်တော့ ၁၁၅၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး 1MB ကို ၄.၅ ကျပ်ခန့်ပဲ ကျသင့်တော့မှာပါ။ အများဆုံး Package ကတော့ 5.5GB ဖြစ်ပြီး ဈေးနှုန်းက တော့ ၂၅၀၀၀ ကျပ်ဖြစ်ပြီး 1MB ကို ၄.၄ ကျပ်ခန့်ပဲ ကျသင့်တော့မှာပါ။

များများဝယ်ရင် ပိုတန်တဲ့ အစီအစဉ်ဖြစ်နေပေမယ့်လည်း တစ်နေ့တာ အတွက် အဆင်ပြေပြေ သုံးနိုင်မယ့် 550MB အစီ အစဉ်လည်း ရှိနေတဲ့ အတွက် သုံးစွဲ သူတွေ အတွက် အဆင်ပြေ စေမှာ ဖြစ်ပါတယ်။ ဒီ Package တွေကို ၀ယ်ယူ ချင်ရင်တော့ *5002# ကို ခေါ်ယူပြီး (သို့) 2238 ကို မိမိဝယ်ယူ လိုချင်တဲ့ အင်တာနက် ဒေတာ ပမာဏ ကို မက်ဆေ့ဂ်ျ ပို့ပြီးလည်း ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ အူရီဒူး ကုမ္မဏီက ကြေညာ ထားပါတယ်။

Original link - http://technology.thithtoolwin.com/2015/10/blog-post_98.html


No comments: