
အချိုရည်လို့ပဲ သိထားကြတဲ့ ပက်စီ အနေနဲ့ စမတ် ဖုန်းလည်း ထုတ်တယ် ဆိုရင် သင်ယုံ ပါသလား။ ဒါ ရယ်စရာ မဟုတ်ပါဘူး။ ကမ္ဘာကျော် အချိုရည် brand တစ်ခု ဖြစ်တဲ့ ပက်စီဟာ စမတ်ဖုန်းကို ထုတ်လုပ် နေပြီ ဖြစ်ပါတယ်။
လောလောဆယ်ကတော့ တရုတ်ပြည်မကြီး ဈေးကွက်မှာပဲ ရောင်းချဖို့ ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။
P1 လို့ အမည်ပေး ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ယင်းအတွက်လည်း PepsiCo မှ အတည်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။
Android 5.5 Lollipop ကို အသုံးပြုပါတယ်။ 1.7GHz processor ပါဝင်ပြီး RAM 2GB ရှိပါတယ်။ Internal storage 16GB ပါဝင်ပြီး microSD ထပ်ဆိုက် နိုင်ပါတယ်။
ဘက်ထရီက 3000 mAh ရှိပါတယ်။ ကင်မရာ အနေဖြင့် 13 Megapixel ပါဝင်ပြီး ရှေ့ ကင်မရာ ကတော့ 5 Megapixel ရှိပါတယ်။ ဖုန်းဟာ အလယ် အလတ် တန်းစား စမတ်ဖုန်း သာသာသာ ဖြစ်ပါတယ်။
ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၆ ဒေါ်လာ ဝန်းကျင် ရှိပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ ပေကျင်းမြို့မှာ တရားဝင် မိတ်ဆက် ပြသသွားမှာ ဖြစ်ပါတယ်။
Ref: dailymail
အောင်ခမ်း (MMA)
Original link - http://www.myanmarmobileapp.com/2015/10/13/pepsi/

No comments: