
ချီလီ အင်ဂျင်နီယာ တက္ကသိုလ် ကျောင်းသူ ၃ ဦးဟာ သစ်ပင်တွေ ကနေ လျှပ်စစ် စွမ်းအင် ထုတ်ယူနိုင်တဲ့ နည်းပညာကို အခြေခံပြီး စမတ်ဖုန်း ဘက်ထရီ အားသွင်းစက် တလုံးကို တီထွင် ခဲ့ကြပါတယ်။
၂၀၀၉ ခုနှစ်က စာမေးပွဲ ကာလ အတွင်း သူတို့တွေရဲ့ စမတ်ဖုန်းတွေ ဘက်ထရီ အားကုန်သွားပြီး အဆင် မပြေမှုတွေ ဖြစ်ခဲ့တဲ့ အချိန်မှာ ဒီစိတ်ကူးလေး ပထမဆုံး ရရှိခဲ့ ကြတာပါ။
သစ်ပင်တွေဟာ အောက်စီဂျင်ကို ထုတ်လုပ်ရင်း စွမ်းအင်လည်း ထုတ်လုပ်တယ် ဆိုရင် စမတ်ဖုန်း ဘက်ထရီလည်း အားသွင်းနိုင်မယ် ဆိုတာ သိရှိခဲ့တယ်။ သစ်ပင်လေး တွေမှာ အားသွင်း ပလတ်ခေါင်းလေး တွေ တပ်လိုက်မယ်။
စွမ်းအင် ထုတ်လုပ်နိုင်တဲ့ သစ်ပင်တွေ အများကြီး ရှိတဲ့ အတွက် လျှပ်စစ် စွမ်းအင် ထုတ်ယူနိုင်တဲ့ နေရာလည်း အများကြီး ရရှိ လာမယ်လို့ အီလက် ထရောနစ် အင်ဂျင်နီယာ ကျောင်းသူ တဦးဖြစ်တဲ့ EVELYN ARAVENA ကပြောပြ ပါတယ်။
အဲ့ဒီနောက် သူတို့ ၃ ယောက်ပေါင်းပြီး အီကာရီယာ E-Kaia ဆိုတဲ့ ဘိုင်ဘိုဆားကစ်လေး တခုကို တီထွင် ခဲ့ကြပါတယ်။
အဲ့ဒီ ဘိုင်အို ဆားကစ်လေးကို အပင်ရင်းမှာ ထိုးစိုက် လိုက်တာနဲ့ photosynthesis နည်းနဲ့ အပင်ကနေ ထွက်လာတဲ့ စွမ်းအင်ကို လျှပ်စစ် စွမ်းအင် အဖြစ်ပြောင်းလဲ ပေးလိုက်တာပါ။ ၂ နာရီ အတွင်း စမတ်ဖုန်းတွေ ကို အားအပြည့် သွင်းနိုင် တယ်လို့ ဆိုပါတယ်။
အခုတော့ သူတို့ စမ်းသပ်ထားတဲ့ ဘက်ထရီ အားသွင်း စက်လေးကို အချော သတ်နေပြီး လာမယ့် ၂၀၁၆ ခုနှစ်မှာ စီးပွားဖြစ် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့် ထားကြပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116630

No comments: