
တိုယိုတာရဲ့ အဝေးပြေး တင်းမ်မိတ်ကား (Highway Teammate) ကို ရောင်းချ aသးမှာ မဟုတ်ကြောင်း ဂျပန်ကား ကုမ္ပဏီ တိုယိုတာက ကြေညာ လိုက်ပါတယ်။ တိုကျိုမြို့မှာ ခင်းကျင်း ပြသခဲ့တဲ့ မွမ်းမံပြင်ဆင် ထားတဲ့ Lexus GS လူနဲ့ စက် တွဲဖက် မောင်းနှင် စနစ်သုံး ပုံစံငယ် ဖြစ်ပါတယ်။
“တချို့ အချိန်တွေမှာ ကားက ယာဉ်မောင်းကို ကြီးကြပ်ပေး တာမျိုး ရှိမယ်။ တချို့အချိန်တွေ ကျတော့ ကားက ယာဉ်မောင်းကို ကူညီပေးမယ်။ ကျနော်တို့ သုံးတဲ့ နည်းပညာ ကတော့ ယာဉ်မောင်းနဲ့ ကားအကြား အချင်းချင်း နားလည်မှုရှိတဲ့ ပါတနာ စနစ်ပါ။”
၂၀၂၀ ခုနှစ် အရောက်မှာ ယာဉ်မောင်းတွေ အတွက် အလိုအလျောက် ကားမောင်းနှင်လို့ ရတဲ့ အဖွင့်အပိတ် ခလုတ် တခုကို ကားမှာ ထည့်ပေးဖို့ ကုမ္ပဏီက မျှော်မှန်း ထားပါတယ်။ ဒါ့အပြင် လမ်းကြောင်း တွေကို အလိုအလျောက် ပြောင်းနိုင်သလို ယာဉ်ကြော အတိုင်း သွားလာနိုင်ဖို့၊ တခြားယာဉ်တွေကို ကျော်တက်နိုင်ဖို့ စနစ်တွေကို ကားတွေထဲမှာ ထည့်သွင်းနိုင်ဖို့ မျှော်လင့် ထားပါတယ်။
“အဝေးပြေး လမ်းပေါ်မှာ ယာဉ်မောင်း လုပ်ရမယ့် ကိစ္စ ဟူသမျှကို အလိုအလျောက် မောင်းနှင် စနစ်နဲ့ပဲ ပြီးမြောက်အောင် လုပ်နိုင်မှာပါ။”
တိုယိုတာ ကုမ္ပဏီဟာ “အသိဉာဏ်ရှိ သယ်ယူ ပို့ဆောင်ရေး စနစ်” ထည့်သွင်း တပ်ဆင်ထားတဲ့ မော်ဒယ် သုံးမျိုးကို ဒီနှစ်ထဲမှာ ဖြန့်ဖြူး သွားဖို့ ရှိပါတယ်။ ဒီစနစ်မှာ ဆင်ဆာ နည်းပညာကို အသုံးပြု ထားကာ ယာဉ်နဲ့ ယာဉ်ချင်း၊ ယာဉ်နဲ့ အဆောက် အဦချင်းကြား ဆက်သွယ်ပြီး ဖြစ်လာနိုင်မယ့် အန္တရာယ်တွေ ယာဉ်မောင်းတွေကို သတိပေးမှာ ဖြစ်ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116912
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: