တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

Samsung ဖုန်းများ Activate လုပ်ရင်း Google account နဲ့ Verifying လုပ်ခိုင်းတဲ့ အခြေအနေကို ဖြည်နည်း




Samsung ဖုန်းတွေ နောက်ပိုင်းမှာ Pattern Lock တို့ ဘာတို့ ဖြည်ရင်းနဲ့ Activate လုပ်တဲ့ အခါမှာ Google account နဲ့ Verifying ပြန်လုပ် ခိုင်းလို့ account မမှတ်မိပဲ သုံးမရ ဖြစ်နေတဲ့ အခြေအနေကို ဖြည်နိုင်ရန် နည်းလမ်း ကောင်းလေး တစ်ခုကို ပြောပြပေး လိုက်ပါတယ်။

ဒီနည်းလမ်းလေးကို ပြုလုပ်နိုင်ရန် လိုအပ်တာ လေးတွေ ကတော့ OTG Stick နဲ့ Development setting.apk တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံးလိုအပ်တာလေးတွေကို စုလိုက်ရအောင် :)

  1. OTG Stick ကတော့ ၀ယ်မှ ရပါမယ်။
  2. နောက်တစ်ခု လိုအပ်တဲ့ apk လေးကို Download ရယူ လိုက်ပါ။

ဒီမှာနှိပ်ပြီးဒေါင်းယူပါ

ပြုလုပ်နည်း

  • ဖုန်းကို Power ဖွင့်လိုက်ပါ။
  • Download ပြုလုပ်ထားတဲ့ Development setting.apk ကို Stick ဒါမှမဟုတ် SD card အဆင်ပြေရာ တစ်ခုခု ထဲကို ထည့်လိုက်ပါ။
  • OTG Stick ထဲကို Development setting.apk ထည့်ထားတဲ့ Stick ကို ထိုးလိုက်ပါ။
  • OTG Stick ကို ဖုန်းနဲ့ connect လုပ်ပေး လိုက်ပါ။
  • Unknown Source on တဲ့ နေရာလေးကို ရောက်သွားပါမယ်။
  • Unknown Source ကို on ပေး လိုက်ပါ။
  • ပြီးရင် apk ကို install လုပ်ပေး လိုက်ပါ။
  • ပြီးရင် Open ပေးလိုက်ပါ။
  • Developer setting ပေါ်လာပါမယ်။
  • အဲဒီအချိန်မှာ Back up & Reset ထဲသွားပြီး Factory Data Reset ချပေးလိုက်ပါ။
  • အားလုံး Clear လုပ်ပြီး ရင်တော့ Google Verifying အဆင့်ကို ကျော်ပြီး အဆင်ပြေပြေ သုံးနိုင်ပါပြီ။

ဒီနည်းလမ်းလေးကို လုပ်ဆောင်နိုင်ရန် အကူအညီပေး ခဲ့တဲ့ ကျတော့် မိတ်ဆွေ ကိုဝေယံ ကိုလဲ ကျေးဇူး တင်ပါတယ်။

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: